တစ်ချိန်တုန်းက
တို့တတွေသစ္စာ ဆိုခဲ့ကြတယ်
နေဝင်းမသေ အိမ်မပြန် တဲ့
ရင်ဘတ်နဲ့ လက်မောင်းမှာ
အပြန်အလှန် စုတ်တွေထိုးကြရင်း
တော်လှန်ရေးခရီး ဆုံးခန်းတိုင်အောင်
အသက်နဲ့ ခန္ဓာ ပေးလှူကြမယ်ပေါ့
မူလေးချက် လက်ကိုင်ထားလို့
လက်ထဲမှာ သေနတ်ကို မြဲမြဲ ဆုပ်ကိုင်ရင်း
ကရင်ပြည်ကြီး အရယူမယ်
လက်နက်ချအရှုံးပေး အလျင်းမလုပ်ပဲ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ကြမယ်လို့
ဆိုခဲ့တဲ့ ဂတိစကားတွေ
မင်းမေ့နေပြီလား သူငယ်ချင်း
အခုတော့ကွယ်
စည်းစိမ်နဲ့အာဏာ ဝဲဂယက်မှာ
ယစ်မူးပျော်ပါးလို့
အခွင့်အရေးလေး မဖြစ်စလောက်လေးနဲ့
ဖားဖားချင်း ငါးငါးချင်း
ဇာတ်တူသား စားမယ့်အဖြစ်မျိုးတော့
အရောက်မခံနဲ့ သူငယ်ချင်း
ငါတို့နေတဲ့နေရာမှာ
စံအိမ်ကြီးနဲ့ မစံမြန်းရပေမယ့်
ရိုးသားဖြူစင်တဲ့ ငါတို့ပြည်သူတွေရှိတယ်
မြီု့ကြီး ပြကြီးမှာ မနေရပေမယ့်
စိမ်းလန်းတဲ့ တောတောင်တွေရှိတယ်
ဆင်းရဲနုံချာပေမယ့်
ကောက်ကျစ်မှုတွေ မရှိပါဘူး သူငယ်ချင်း
နေဝင်းသာ သေသွားပေမယ့်
သူထားခဲ့တဲ့စစ်တပ်အမွေ
ဒို့ပြည်သူကိုနှိပ်စက်
အနိုင်ကျင့် ခံနေရတုန်းပါပဲ
ကဲ ကရင့်သမိုင်းအရိုင်းခံတော့မှာလား
ဆက်လက်တော်လှန် တွန်းလှန်ဖို့က
သမိုင်းပေးတာဝန်ပေမို့
သွေးစည်းဖို့ရန် အချိန်တန်ပြီ
တို့တွေစည်းလုံးသင့်နေပြီ
ပြန်လာခဲ့ပါတော့ DKBA သူငယ်ချင်းအားလုံးတို့
ကရင်တော်လှန်ရေး မပြီးဆုံးသေးဘူး
ကရင်တော်လှန်ရေး မုချအောင်ရမည်
စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါစို့
Wednesday, May 5, 2010
ချစ်သူငယ်ချင်းသို့
Subscribe to:
Post Comments (Atom)
About Me
- ဒေါနမြေမှ အညတရ ခရီးသည်
- ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။
No comments:
Post a Comment