Pages

Monday, May 10, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။
- ဘီးလင်းမြို့နယ်။ ၈.၅.၂၀၁၀နေ့ ခမရ(၂၀၅)မှကော်ညိုသည် ဝါမီပွာတွင် အစည်းအဝေးခေါ်ပြီး အီးဟဲမှစပြီးတောက်လျှောက်အနီးတ ဝိုက်မှ ရွာ များ အားသစ်များ ကိုအတင်းအကျပ်တောင်းခဲ့သည်။ စုစုပေါင်း ရွာ(၂၀)ပေးရမှာ ဖြစ်ပြီး သစ်၏အရွယ်အစားမှာ ၅x၂/၄x၂ ဖြစ်သည်။ထို့အ ပြင်တရွာလျှင်အ ရှည်၆တောင်ရှိသစ်၁၀ချောင်းစီပေးရမှာဖြစ်သည်။
- ဖားအံ့မြို့နယ်၊ ၈.၅.၂၀၁၀နေ့၊ ညနေ၅နာရီအချိန်ခန့်တွင် မယ်စီတောင်ကုန်း ရှိDKBAစခန်းရှိရဲဘော်အားလုံးထွက်ခွာသွား၊ နောက်ပိုင်းတွင်ပြန်လာမည်မ လာမည်ကိုအတိအကျမသိရသေးပါ။

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၄.၅.၂၀၁၀နေ့တွင်ပျင်စလိုရှိ ခလရ(၂၆၁)တပ်သည် ပျင် စလိုရွာသားများကို ဝါးကြီး၁၇ချောင်း အုန်းသီ၃လုံးတို့ကိုအတင်းအကျပ် တောင်းတဲ့ အပြင် အဲဒီတရက်ထဲမှာပဲ ပျင်စလိုရွာသား၂ဦးအားပျင်စလိုမှသ ပြေညွန့်ထိ အတင်းအဓမ္မပစ္စည်းများ သယ်ပို့ခိုင်းခဲ့သည်။
- ၈.၅.၂၀၁၀နေ့ ၁၄း၀၀အချိန် စီဃဲဒဲအရပ်ရှိသူးဒေါတွင်KNU၏ပျောက်ကျား ၂ကြိမ်တိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂.၅.၂၀၁၀နေ့ ၁၃း၁၄အချိန်တွင် မိမိတို့တပ်ရင်း(၂၁)နှင့် DKBA ၉၉၉ တပ်ရင်း(၂) တို့သည်ပေါ်ရာဒေးတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မိမိတို့ဘက်မှ AR ၂လက်၊ ကြယ်အိတ်၂လုံး နှင့် အလုံး၆၀တို့ကိုရရှိခဲ့သည်။
- ၅.၅.၂၀၁၀နေ့ ၁၆း၀၀နာရီအချိန်တွင် မိမိတို့ပျောက်ကျားအဖွဲ့၂နှင့် DKBA 999တပ်ရင်း(၃)တပ်ခွဲ တို့သည်လေးဝါးအရပ်တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန် သူ၁ဦးသေ။ တရက်ထဲမှာပဲမိမိတို့တပ်ရင်း၂၁သည်ခမရ၆၂အားမီးခီးပဟီတွင် စောင့်ပစ်ရာ ရန်သူ၁ဦးသေ ၁ဦးဒဏ်ရာရ။
- ၆.၅.၂၀၁၀နေ့ ၀၇း၄၅ အချိန်မိမိတို့တပ်ရင်း(၁၉)နှင့် ALAတို့ပေါင်းပြီးနအဖ တပ်ခမရ(၅၈၈)စစ်ကြောင်း(၁)ကို ကွီးလော်ဖလိုးတွင် စောင့်ပစ်ရာ ရန်သူ၎ဦး ဒဏ်ရာရ။ ထိုဒဏ်ရာရသူအထဲတွင်ဗိုလ်ကြီး၁ဦးပါရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။