ခုလောက်ဆို.....
နင်ဟာ ဘေးဘီဝဲယာပတ်ပတ်လည်က
တိမ်တောင်တိမ်တိုက်တွေနဲ့ အဖေါ်ပြုပြီး
ဝသာန်ရဲ့သက်ငြိမ်ပန်းချီကားချပ်ဖြစ်တဲ့
အစိမ်းရောင်စပါးခင်းကို ထီးထီးမတ်မတ်ရပ်ပြီး
လက်ပိုက်ကြည့်နေမလား.....
ဒါမှမဟုတ်....
မိုးကုတ်ခေတ်ကုန်သွားလို့
အလယ်ပိုင်းကနေ ရေကြည်ရာမြက်နုရာကို
တိုက်ခတ်သွေးရောစေတဲ့
အညာမြေသင်းရနံ့ကို တစ်ဝကြီးရှူမိပြီး
အမှိုက်သရိုက်တွေနဲ့ နပန်းလုံးနေရပြီလား.........
ဒါမှမဟုတ်....
အချင်းချင်းပြန်ကိုက်ကြတဲ့ သားသမီးတွေနဲ့
ပြန်ရောက်မလာပဲ
ရက်လနှစ်ရှည် ထွက်ပြေးသွားကြတဲ့ သားသမီးတွေကို
စိတ်နာကျည်းနေရော့သလား.....
အို....ဇွဲကပင်
ဘယ်နေရာ ဘယ်ဒေသရောက်ရောက်
ကရင်ဟာကရင်ပါပဲ....
အသင်ကို ချစ်တယ်...
မတရားမှုတွေကိုမုန်းတယ်...
သားသမီးတွေ ညီညွတ်ကြဖို့
စည်းရုံးနေတယ်
ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန်နိုင်ဖို့
သားသမီးတွေပညာရှာနေတယ်...
အသင်သာ ဗမာစကားမပြောနဲ့ဦး...
စောင့်မျှော်ပါ
ပြီးပြည့်စုံတဲ့တစ်နေ့
အသင်ရဲ့ အမှိုက်သရိုက်တွေကို ရှင်းထုတ်ပြီး
ကော်သူးလေပြည် တစ်ဖန်အသက်သွင်းဖို့
အပြေးပြန်လာခဲ့ပါ့မယ်။ ။
ကိုးဒီသွေးမှ ကူးယူသည်။
Friday, June 18, 2010
အို........ဇွဲကပင်
Subscribe to:
Post Comments (Atom)
About Me
- ဒေါနမြေမှ အညတရ ခရီးသည်
- ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။
No comments:
Post a Comment