Pages

Monday, May 24, 2010

ကရင်အမျိုးသားများ သွေးစည်းကြရန် ဗိုလ်မှူးကြီးနယ်ဒါးမြ ပြောကြား


သွေးစည်းရေး စည်းလုံးညီညွတ်ရေး ဆိုဒါ ပြောနေရဒါ လွယ်ပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ဖေါ်တဲ့ နေရာမှာ မလွယ်တဲ့ဖြစ်ခြင်းပါ။ အတ္တတွေ မာနတွေကို လျှော့ချနိုင်သည့်တိုင်အောင် capacity အားနည်းနေတဲ့လူတန်းစားတရပ်ကို အသိအမြင်တွေဖွံ့ ဖြိုးလာအောင် မလုပ်ဆောင်ပေးနိုင်သေးသ၍ ၀ါးလုံးထဲမှာ လသာပြီး နွားခြေရာခွက်ထဲက ရေကို ပင်လယ်ပြင်ကြီးလို့ ထင်နေအုံးမယ့် မိုက်ရူးရဲတွေ မွေနှောက်နေအုံးမှာပါပဲ။ ဒီလိုဖြစ်အောင်လည်း ရန်သူက စနစ်တကျ ဖန်တီးဖျက်ဆီးထားဒါ ရာစုနှစ်ဝက်ကတည်းကပါ။ ကရင်တွေ စာမတတ်လေ ရန်သူက ပိုဝမ်းသာလေပါပဲ။ ယနေ့  ဒီကေဘီအေ နှင့်ဆက်စပ်ပြီး ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ ခြုံငုံပြီးသုံးသပ်ရမည်ဆိုလျှင် ဒီကေဘီအေ အပါအ၀င် ဒေသခံလူထုတွေပါ အခြေခံပညာ အားနည်းနေကြသည့်အတွက်ကြောင့်ဖြစ်သည် ဟုဆိုရပါမည်။ အခြေခံပညာ အားနည်းကြသည့်အတွက် အမျိုးသားရေး နိုင်ငံရေးနိုးကြားမှုအပိုင်းအမှာ အဓိပါယ်ဖွင့်ဆို ချက်တွေ မှားကုန်တော့ဒါပါပဲ။ ဒါတွေကို အားလုံးပြုပြင်ပြောင်းလည်းဖို့  KNU တစ်ခုတည်းနဲ့ ဘယ်လို မှမဖြစ်နိုင်သလို KNU တစ်ခုတည်းပေါ်မှာ တာဝန်မရှိပါ။ သိမြင်နားလည်နိုင်စွမ်းရှိတဲ့ ကရင်အမျိုးသားတိုင်း အုပ်တချပ်သဲတပွင့် ပူးပေါင်းပါဝင် စည်းရုံးလှုံ့ ဆော်ပြီး အကောင်အထည်ဖေါ်ကြရပါမည်။






ကရင်အမျိုးသားထုအတွင်း အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာတွင် ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက် အဖွဲ့အစည်းများကို ဥပက္ခာပြု၍မရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာရောက် ကရင်များ တက်ရောက်ကြသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

စောနယ်ဒါးမြက “ကေအန်ယူတည်ရှိနေသရွေ့ ဒီကေဘီအေလည်း ဆက်ရှိနေမှာပဲ။ ရန်သူက ကေအန်ယူကိုတိုက်ဖို့ ဒီကေဘီအေကို ဆက်ပြီးထားရဦးမှာပဲ။ ကေအန်ယူမရှိရင်တော့ ရန်သူက ဒီကေဘီအေကို ဘယ်နည်းနဲ့မှ ထားမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသားသွေးစည်းညီညွတ်ဖို့အတွက် အမြင်သဘောထားတွေကြီးဖို့ အရေးကြီးတယ်။ ဒါတွေကို ကရင်တွေအားလုံး သတိထားကြရမယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ဒီကေဘီအေအဖွဲ့အပါအ၀င် အခြားကရင်ခွဲထွက်အဖွဲ့များနှင့် ညီညွတ်မှုရရှိရေး ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်တဦးဖြစ်သူ မန်းရောဘတ်ဇန်က “ဒီကေဘီအေကို လုံးဝပစ်ပယ်ထားလို့မရဘူး။ သူတို့ဟာ ကျနော်တို့ရဲ့သွေးသားအရင်းအချာတွေဖြစ်တယ်။ တချိန် ပြန်လည်ပေါင်းစည်းကြမှာ သေချာတယ်” ဟု ပြောကြားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲက အမျိုးသားထုအတွင်း အမြင်ကွဲပြားခြားနားသော်လည်း ရည်မှန်းချက်တူညီသည့်အတွက် တဦးနှင့်တဦး တဖက်နှင့်တဖက် မတူညီသည့် အမြင်သဘောထားများကို အလျှော့အတင်းလုပ်ကာ ညီညွတ်ရေး တည်ဆောက်ရမည်ဟု ပြောဆိုသည်။

(၅) ရက်ကြာ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၃၇) ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့လာသူ (၁၀၃) ဦး တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကာ ကေအန်ယူ၏ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ကူညီရန် သဘောတူခဲ့ကြသည်။
သောသီခိုမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။