Pages

Thursday, May 20, 2010

ရိုးရာဒုံးယိမ်းအက


သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ကရင့်ရိုးရာဒုံးယိမ်းအကလူအဟာများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။
ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါအဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစု ဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနဲပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါးသွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အဖိုးခွဲကဘောင်ဟာ အသက် (၁၈) နှစ်ကစပြီး ဒုံးယိမ်းအက ကိုစတင်လေ့လာလိုက်စားခဲ့ပြီး အသက် (၂၆) နှစ်မှာ ဒုံးဆရာဖြစ်လာခဲ့ပါ တယ်။ အသက် (၇ဝ) ထိ ဘဝတစ်လျှောက် လုံး ဒုံးယိမ်းအကကိုပဲ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ အခုအဖိုးခွဲကဘောင်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကရင်စာ ပေယဉ်ကျေးမူတာဝန်ခံအဖြစ် တာဝန်ယူ ထားပါတယ်။ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး ဒုံးဆရာကြီးအဖိုးခွဲကဘောင်က အခုလိုရှင်းပြထားပါတယ်။..


""...ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွှဲု့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။ကရင့်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ BC ၇၃၉ ခုနှစ်မှာ စတင်အသိအ မှတ်ပြုလာ ခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူးနော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါ တယ်။ ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့်ကရပါတယ် သို့သော်လည်း ကကွက်သိပ်မရှိပါ။ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ် ပါတယ်။ ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်းသမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြ ပါတယ်။ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်) ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအ ကမှာတော့ ကုလားတို့ရဲ့တေးသံတေး သွား နဲ့အတူ ကုလားတို့ရဲ့အကအမူရာနှင့်ညီအောင်ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတမျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံးကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ ၃၂ ဦး မှ ၃၄၊ ၃၆ ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူး သဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုဆိုရင်းကနေရတာဖြစ် ပါတယ် ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တပင်တိုင်အ ကဟူ၍ခေါ်ဝေါ်ကြပါတယ်။ တခါတရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတဖက်တချက်စီမှာ ကနေရပါ တယ်။ ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင့်အမျိုး သား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုး သမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကိုလေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတခု လုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ် ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ ရိုးရာယဉ် ကျေးမူနဲ့ လည်းလိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေးခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိတဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ်ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ်မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါးဖြစ်လာခဲ့ပါတယ်။ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူးကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေး တွေဟာ ဆောင်းအလှကိုချယ်မှုန်းထားသလိုပါဘဲ။


နော်ချို

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။