Pages

Tuesday, November 24, 2009

ကရင်အမျိုးသားအလံတော်

ကရင်အမျိုးသားအလံတော်

ကရင်အမျိုးသားအလံတော်
၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့် ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ ချုပ် ကြီး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
(၁) ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့ )
(၂) ကရင်အမျိုးသားသီိချင်း
(၃) ကရင်အမျိုးသားအလံတော် စသည်တို့ ကို တောင်းဆိုခဲ့ကြသည်၊၊
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ ချုက်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုး သားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသား အဖွဲ့  ချုပ်ကြီး ၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရရရှိ ကရင်အမျိုးသားများထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့ သည်။ ။
ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစ့တစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမ အ ဆင့် ရွေးချယ်လိုက်သည်။ထိုမှတဆင့် (၁၂)ခုအနက်မှစိတ်ကြိုက်(၃)ခုကို ထပ်မံရွေး ချယ်ခဲ့ သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့ နောက်ဆုံးအတည်ပြုရွေး ချယ်လိုက်သော အလံ မှာမန်းဘခင်(၀န်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲ နေသော အလံတော်သည် ဤအလံပင်ဖြစ်သည်။
အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေ၀န်းနှင့်ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေ၀န်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ်အနှစ်သာရကို အလံပုံစံရှင် မန်းဘခင် သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရ ကို ဖော်ဆော်ထားပေသည်။
(၁) အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့် သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆော်သည်။
(၂) အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘ၀နှင့် စိတ်ထားများဖြူစင်သန့် ရှင်းစင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
(၃) အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင်မတ်တည်ကြည်ခြင်းနှင်သစ္စာရှိခြင်းကို ဖော် ဆောင်ထားသည်။
(၄) အလံတော်၏ တက်သစ်စနေ၀န်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘ၀တိုးတက်သာယာရေးကို ဖော် ဆော်ထားသည်။
(၅) အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆော်ထားသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယဉ်တွဲ၍ စိုက်ထူကြသည်။ ။

No comments:

Post a Comment

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။