Pages

Thursday, May 6, 2010

နှစ်သစ်သမိုင်းရဲ့ စည်းလုံးခြင်း


ကရင်လူမျိုးတို့ ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကောက်သစ်စားပွဲကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် ကျင်းပကြသည်မှာ လွန်ခဲ့ သောနှစ်ပေါင်းများစွာကပင် ဖြစ်သည်။ ထိုစဉ်က ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် တကွဲတပြားစီ ကျင်းပခဲ့ကြ ရာမှ အင်္ဂလိပ်ကိုလိုနီခေတ်သို့ ရောက်သောအခါ ဒေသစွဲ၊ မျိုးနွယ်စွဲများကို ပယ်ဖျက် တစ်မျိုးသားလုံးစည်းလုံးညီ ညွတ်မှုကို ဖော်ဆောင်သည့်အနေဖြင့် ပြာသိုလဆန်းတစ်ရက်နေ့ ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် ညီညွတ် စွာ စုပေါင်းကျင်းပခဲ့ကြသည်။ ထိုနေ့ ကို အင်္ဂလိပ်အစိုးရမှ နိုင်ငံတော်အစိုးရ၏ အထွေထေံရုံးပိတ်ရက်အဖြစ် တရားဝင် အတည်ပြု ပြန်ဌာန်းပေးခဲ့သည်။

ထိုကြောင့် ၁၉၃၈ ခုနှစ် ပြာသိုလဆန်း တစ်ရက်နေ့ တွင် တစ်မျိုးသားလုံးအတိုင်းအတာနှင့် ပထမဆုံးအကြိမ် စုပေါင်း ကျင်းပခဲ့ကြသည်။ ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားသီချင်းကိုလည်း တရားဝင်အတည်ပြု သီဆိုခဲ့ကြ နှစ် သစ်ကူးစိတ်ဓါတ်ဖြစ်သော တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှု အမျိုးသားရေးဝိသေသလကဏကာများကို စတင် ဖော် ဆောင်ခဲ့ကြသည်။ ဒေသပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ကရင်မျိုးနွယ်စုအားလုံး၏ စည်းလုံးညီညွတ်သော အမျိုးသားရေး စိတ်ဓါတ်ကို စတင်အုတ်မြစ်ချပေးခြင်းပင် ဖြစ်သည်။

၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သည် ယခုဆိုလျှင် (၆၇)နှစ်ကြိမ်မြောက် ကြရောက် လာခဲ့ပြီး ဖြစ်သည်။ ထို့ (၆၇)နှစ်အတွင်း ကရင်တို့  ၏အမျိုးသားရေးအသိစိတ်ဓါတ်တိုးတက်မှုနှင့်ဆုတ်ယုတ်မှုများကို စာရေးသူနေနှင့် သမိုင်းရှု့ ထောက်မှ နှိုင်းယဉ်တင်ပြလိုပါသည်။

ကိုလိုနီခေတ်နှင့် ဖက်ဆစ်ဂျပန်ခေတ်

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို ဖော်ဆောင်ပေးခဲ့ကြသော ကရင့်အမျိုးသားခေါင်းဆောင် လွတ်တော်အမတ် (၁၅) ဦးမှ ကရင်တို့ ၏စည်းလုံးမှုနှင့် နိုင်ငံရေးနိုးကြားမှုတို့ ကို မျိုးစေ့ချပေးခဲ့သည်။ ဖက်ဆစ်ဂျပန်ခေတ်သို့  ရောက်သော အခါ ဘီအိုင်အေမှ ကရင်တို့ အား အင်္ဂလိပ်အလိုတော်ရိများအဖြစ် စွပ်စွဲလျက် ကရင်-ဗမာ လူမျိုးရေးအဓိကရုဏ်းကို စတင်ဖန်တီးခဲ့ကြသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို အဓိကဦးဆောင် အတည်ပြုပေးခဲ့သော ၀န်ကြီးစောပေ သာ မိသားတစ်စုလုံး သတ်ဖြတ်ခံခဲ့ရသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မှ အမျိုးသားရေးစိတ်ဓါတ်မြင့်မားခဲ့သော ကရင်ပြည်သူတို့ သည်လည်း ကရင်-ဗမာ အကြမ်းဖက်မှုများကို အပြနအလှန် ပြုလုပ်ကြသည်မှာ ခြောက်လကြာမြင့်ခဲ့ သည်။ မြန်မာပြည်၏ နှစ်ဆယ်ရာစု ခေတ်သမိုင်းတွင် အကြီးမားဆုံးလူမျိုးအဓိကရုဏ်းကြီးဖြစ်သည်။ ထို့ ပြနာ များကို ရင်ဆိုင်ခဲ့ရသော ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်ပြည်သူများသည် အနာဂါတ်အတွက် စိုးရိမ်စိတ် များ ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့ ကြောင့် သီးခြားလွတ်လပ်သော ကရင်ပြည်ထူထောင်ရေးကို နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းလာခဲ့ကြသည်။ ထို့ သို့ ကြိုးပမ်းကြရာတွင် ကရင်ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်မတူညီမှုတို့ မှတစ်ဆင့် စိတ်ဝမ်းကွဲခဲ့ကြသည်။ ဖဆပလအစိုးရတွင် ရာထူးနေရာများရယူ ကရင်ပြည်တောင်းဆိုထူထောင်လိုသော ကရင် ခေါင်းဆောင်တစ်ချို့ ၏အမျှော်အမြင်နည်းပါးမှုကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးအမြင်များ ယုတ်လျှော့ခဲ့ရ သည်မှာ ယနေ့ ကာလအထိပင် ဖြစ်သည်။

ဖဆပလခေတ် (သို့ မဟုတ်) ပါတီစုံဒီမိုကရေစီ အာဏာရှင်စနစ်

ဖဆပလခေတ်တွင် ဦးနုအစိုးရသည် ကို သစာခံသောကရင်များကို အသုံးချ ကရင်ပြည်သူတို့ အား သွေးခွဲအုပ် ချုပ်ခဲ့သည်။ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုနှင့် စည်းလုံးညီညွတ်မှုအရှိဆုံးကာလတွင် ကရင်မျိုးချစ်ခေါင်းဆောင်များ က သီးခြားကရင်ပြည်ကို ဥပဒေနည်းအရ တောင်းဆိုတော့သဖြင့် စောဘဦးကြီးမှ ကရင့်တော်လှန်ရေးကို ခေါင်း ဆောင်မှုပေးကာ ကရင်ပြည်သူများ၏ အနာဂတ်ကို လမ်းခင်းပေးခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ဖဆပလ ဦးနု၏ တစ်နှစ်အ တွင်း ငြိမ်းချမ်းရေး ရစေရမည်ဟုသော ကြွေးကြော်မှုသည် နိုင်ငံရေးပြနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမဟုတ်ပဲ လက်နက်အားကိုးဖြင့် အနိုင်ယူချေမှုန်းမှုကြောင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ ကရင် ပြည်သူတို့ ၏ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရသည်။

မဆလခေတ် (သို့ မဟုတ်)တပါတီအာဏာရှင်စနစ်ခေတ်

ဖဆပလခေတ်တွင် ကရင်တော်လှန်ရေးကို အပြင်းအထန်နှိပ်ကွပ်သကဲ့သို့  ဦးနေ၀င်း၏ မဆလခေတ်တွင်လည်း ရက် စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြန်လေသည်။ ကရင်အသင်းအဖွဲ့ များကို ဖျက်သိမ်းခြင်းနှင့် ကရင်တို့ ပိုင်ဆိုင်သော အမျိုး သားရေးဆိုင်ရာ အဆောက်အဦးမှန်သမျှကို ပြည်သူပိုင်သိမ်းပိုက်လိုက်လေသည်။ ကရင်များ နိုင်ငံရေးနှင့် ကင်းကွာစေ ရန်၊ တော်လှန်ရေးနှင့်အဆက်အသွယ် ပြတ်စေရန် ဖြတ်လေးဖြတ်စနစ် ကျင့်သုံး ကရင်ပြည်သူတရပ်လုံးကို ဒုကပေး ခဲ့ကြသည်။ မဆလခေတ်တွင်လည်း ဖဆပလဦးနုကဲ့သို့ ပင် ဦးနေ၀င်သည် ကရင်ပုဆိန်ရိုးဒေါင့်တိုင်များအား ရာထူးနေ ရာများပေး ကရင်အမျိုးသားရေးလှုပ်ရှားမှုကို ဆန့် ကျင်စေခဲ့သည်။ မဆလ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ကရင်လူ ထုအနေဖြင့် ထို ပုဆိန်ရိုးများကို မိမိတို့ ၏ခေါင်းဆောင်များအဖြစ် ထင်မှတ်လာကြရာမှ ခေတ်အဆက်ဆက် အုပ်စိုးသူ များကို အထင်ကြီးလာကာ “ကျွန်”စိတ်ဓါတ်များ နက်ရှိုင်းစွာ ပေါ်ပေါက်လာခဲ့ကြသည်။

န၀တ (သို့ မဟုတ်)စစ်အာဏာရှင်စနစ်

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အဏာသိမ်းယူခဲ့သော န၀တစစ်အစိုးရသည် တိုင်းရင်းသားများ အချင်း ချင်းကို သွေးခွဲအုပ်ချုပ်ခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း ကိုးကွယ်ယုံကြည်မှုများ မတူညီသည်ကို အခွင့်ကောင်းယူ ကရင်အမျိုးသားထုတရပ်လုံးကို ဘာသာရေးအရ သွေးကွဲအောင် စနစ်တကျ သတ်သျှိုသွေးခွဲခဲ့ကြသည်။ စစ်အစိုး ရအနေဖြင့် ကရင်အမျိုးသားတော်လှန်ရေးကို ချေမှုန်းရာတွင် ကျေးလက်ကရင်ပြည်သူများကို မြေလှန်မီးရှို့ စနစ်ဖြင့် မျိုးဖြုတ်စစ်ပွဲကို ဆင်နွဲခဲ့သည်။ ယခုကာလသည် ကရင်အမျိုးသားတို့ ၏ ကျွန်ဘသတစ်လျှောက်လုံးတွင် အဆိုးဆုံး ကာလ ဖြစ်ပါသည်၊၊ စစ်အစိုးရထံ အညံ့ခံခဲ့  သော ကရင်အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စစ်အစိုးရ၏ လက်ဝေခံ ကရင်ပုဆိန်ရိုးများသည် အင်အားကြီးမားစွာဖြင့် အနာဂတ်ကရင်လူငယ်များအား ညီညွတ်မှုမရှိသော “ကျွန်” စိတ်ဓါတ်ကို အမွေပေးလျက်ရှိကြသည်။

အထက်ပါကရင်လူ့ အဖွဲ့ အစည်း ဖြတ်သန်းခဲ့ သော ခေတ်များကို ပြန်လည်သုံးသပ်ပါက တိုင်းရင်းသားများကို အလွန်ချစ်ပါသည်ဟု အမြဲတမ်းကြွေးကြော်ခဲ့ ကြသော“အုပ်စိုးသူ တို့ သည် တိုင်းရင်းသားတို့ ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကိုတိုးတက်မြင့်မားလာအောင် အားပေးကူ ညီခဲ့  သော သမိုင်းသာဓကများ မရှိခဲ့သည်ကို တွေ့ ရှိရပါ သည်။” စစ်အစိုးရများ၏ တိုင်းရင်းသားများ ဖွံ့  ဖြိုးရေးအစီအစဉ်များဖြစ်သော ကျောင်းဆောက်၊ လမ်းဖောက်သည့်လုပ် ရပ်များသည် အပေါ်ယံအားဖြင့် အကျိုးပြုလုပ်ငန်းများဟု ထင်မှတ်ရသော်လည်း တကယ့်ဖြစ်ရပ်မှန်မှာ လူမျိုးကြီးတို့ ၏ ကျွန်ပညာရေးနှင့်စာပေ၊ ယဉ်ကျေးမှုများကို အလျင်အမြန် သယ်ဆောင်လာကြခြင်းဖြစ်သည်။ ကရင်နယ်မြေရှိ ပြည် သူတို့ ၏လယ်ယာ ခြံမြေများကို သိမ်းပိုက်ခြင်းနှင့် သဘာဝသယံဇာတများကို ပြန်လည်ထုတ်ယူသွားခဲ့ကြသည်၊၊ ထို့  ကြောင့် တိုင်းရင်းသားများ၏လူနေမှုဘ၀ဆင်းရဲမွဲပြာကျခဲ့ အမျိုးသားနိုးကြားမှုများ မှေးမှိန်သွားခဲ့ရသည်။ ခေတ်အ ဆက်ဆက်အုပ်စိုးသူ အစိုးရများနှင့် ပူးပေါင်းခဲ့သော ကရင်ခေါင်းဆောင်အမည်ခံ ပုဂိုလ်များသည်လည်း ဖိနှိပ်ခံရမှု ကြောင့် တော်လှန်ပုန်ကန် မှုပေါ်ပေါက်လာရသည်ကို သိလျက်နှင့် မသိကျိုးကျွန်ပြု ကရင်ပုန်ကန်တော်လှန်မှုရှိနေ ခြင်း ကြောင့် ကရင်လူထုအနှိမ်ခံရသည်ဟု အုပ်စိုးသူအကြိုက် ၀ါဒဖြန့်  ပေးခဲ့ကြသည်၊၊ အမှန်စစ်စစ် ထိုသူများသည် ပုန်ကန်မှုမရှိသော မြို့ ပြဒေသနှင့် စစ်အစိုးရထိန်းချုပ်ထားသောနယ်မြေဒေသရှိ ကရင်ပြည်သူများ၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုများအတွက် မဆောင်ရွက်နိုင်ခဲ့ကြသည်ကို တွေ့ ရှိရပါသည်။ မတရားဖိနှိပ်ခံရလျက်ရှိသော ကရင်ပြည်သူ များကိုလည်း ဥပဒေနည်းလမ်းအရ မည်သို့ မျှ အကာအကွယ်မပေး နိုင်ခဲ့ကြပေ။ ထိုသို့ ဖြစ်ရခြင်းမှာ တို့ ကိုယ်တိုင် တစ်ကွဲတစ်ပြားစီ ညီညွတ်မှုမရှိခြင်းနှင့် ပုဂလိက ကိုယ်ကျိုးကောင်းစားရေးကိုသာဦးစားပေးနေကြသောကြောင့်ဖြစ် သည်။ တို့ သာ သားစဉ်မြေးဆက် ကြီးပွားချမ်းသာ အခွင့်ထူးများခံစားနေကြသည်မှာ ယနေ့ အထိပင် ဖြစ်သည်။

ကရင့်အမျိုးသားနှစ်သစ်ကူးမှ စတင်ခဲ့သော အမျိုးသားစည်းလုံးညီညွတ်မှုသည် (၆၇)နှစ်အတွင်း တစ်ဖြေးဖြေး ကျဆင်းခဲ့သော်လည်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး လမ်းခင်းပေးခဲ့သော တော်လှန်ရေးခရီးသည် တစ် ဗိုလ်ဆင်းတစ်ဗိုလ်တက်စနစ်ဖြင့် တမျိုးသားလုံးကို ဦးဆောင်မှုပေးလျက်ရှိသည်။ ယခုကာလသည် ကရင်မျိုးချစ်ခေါင်း ဆောင်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည့် တော်လှန်ခြင်းနှင့် အညံ့ခံခြင်း၊ ပေးဆပ်ခြင်းနှင့် ရယူခြင်း ဟူ သော ရွေးချယ်စရာလမ်းများကို ကရင်တစ်မျိုးသားလုံးလည်း မလွဲမသွေ ရင်ဆိုင်နေကြရသော ကာလဖြစ်သည်။

ထို့ သို့ သောလမ်းများကို ရွေးချယ်ရာတွင် အနာဂတ်မျိုးဆက်သစ် ကရင်လူငယ်များအတွက် အတိတ်မှ ကရင် ပြည်သူတို့ ရင်ဆိုင်ခဲ့ရသော သမိုင်းအမွေဆိုး(ကျွန်စိတ်ဓါတ်)များကို ပြန်လည်မရွေးချယ်မိစေရန် လွန်စွာအရေးကြီး လှပေသည်။ ယနေ့ ကရင့်လူ့ အဖွဲ့ အစည်းများသည် စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ် ကျေးမှုများ ယိုယွင်းလျက်ရှိသဖြင့် ကျွန်ုပ်တို့ လူငယ်များ၏တာဝန် အသိစိတ်ဓါတ်နှင့် တိုးတက်မြင့်မားလာအောင် များ စွာကြိုးစားကြရမည်ဖြစ်သည်။

ထို့ ကြောင့် နှစ်သစ်ကူးနေ့ ၏ အမျိုးသားစည်းလုံးညီညွတ်မှုသမိုင်းအမွေကို ဆက်လက်ထိန်းသိမ်းလျက် တစ်ခု တည်းသောကရင်အမျိုးသားအလံတော်ကို လွင့်ထူကာ ကရင်အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့  အတူတကွ ချီ တက်ကြရန် အဓိဌာန်ပြုအပ်ပါသည်။

စောထရူးမင်း ရေး OKRSO အဖွဲ့ ထုတ်ဝေဖြန့် ချိသော ၂၇၄၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အထူး ထုတ် မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။

ဖားစည်သံမှတစ်ဆင့် ကူးယူဖော်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

Wednesday, May 5, 2010

တိုက်ပွဲခေါ်သံ

ရဲဘော်……..
ဇွဲကောင်းလိုက်ကြတာ
မွန်ဂို သဲချောင်းကလာကြတယ်
နယ်မြေတွေ ရေကြည်ရာမြက်နုရာ
ရှာဖွေ လာလမ်းတလျောက်
သံပေါက် ကဗျာများထားခဲ့ကြတယ်
ဇွဲကပင်တောင်က သက်သေပေါ့ကွယ်။

ရဲဘော်……..
ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင်
တနင်္သာ၊ ဧရာ
ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ
ကိုးဒီသွေးများကမ္ဘာ
ဒီမြေနေရာ တို့သာသခင်
အမှန်မြင်တတ်ကြစေ။

ရဲဘော်……..
မတရားတဲ့ ပဒေသရာဇ်
မတရားတဲ့အခြေအမြစ်မဲ့တွေ
မတရားတဲ့ မဟာရူးတွေကြောင့်
သမိုင်းနှောင့်သမိုင်းပျောက်
မီးတောက်တွေ ဝေနေကြတုန်း။

ရဲဘော်……..
ငါတို့မရိုင်းဘူး မရိုင်းဘူး
သမိုင်းအရပြောတာပါ။
ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့
ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ
စာနာမှု ရှေ့တန်းတင်
ညှာတာမှု ရှေ့တန်းတင်
ညီအစ်ကိုပင် သဘောထားခဲ့ကြလည်း။

ရဲဘော်……..
စုတ်လေ စုတ်လေ ငတ်မပြေ
ဖုတ်တစ္ဆေအာဏာရူးများ
လူပါးဝ နအဖငမိုက်ငပေ
အမြင်မှန်တွေဆိုက်စေဖို့
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်မယ်။

(လင်္ကာဒီပ)


မှတ်ချက်။ ။ မှန်ကန်သော ကရင့်သမိုင်း၊ ပျောက်လုနီးပါး ကျန်နေသေးသော သမိုင်းအချက်အလက်အချို့ကို ပြန်လည်သိမ်းဆည်းရင်း ကရင်တမျိုးသားလုံး၏ ဘဝ ရပ်တည်မှုတွေအတွက် သက်စွန့်ဆံဖျားကြိုးစား တာဝန်ထမ်းဆောင်နေကြသော တော၊ တောင၊် အတွင်း၊ အပြင် အရပ်ရပ်မှ ကရင့်တော်လှန်ရေးသမားများအား ဤကဗျာလေးဖြင့် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ဆက်လက်ဖတ်ရှုမယ်...

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၂)

ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။

(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု

ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။

ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။

ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။

(ဂ)ကလကုရသေ့ဂိုဏ်း

ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။

(ဃ) ခရစ်ယာန်ဘာသာ

ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။

(င)လဲကယ်ဘာသာ

လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။

(စ)ဗြဟ္မစိုရ်ဂိုဏ်း

ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။

စာပေနှင့် စကားအုပ်စုများ

ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။

ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။

(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)

ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….

(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။

ဆက်လက်ဖော်ပြပါဦးမယ်…။

ဆက်လက်ဖတ်ရှုမယ်...

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း (၁)

´ယဉ်ကျေးမှု` ဟုဆိုလိုက်လျှင် အလွန်တရာကျယ်ပြောနက်နဲသော အဓိပ္ပါယ်များစွာနှင့် ပြည့်နှက်နေသောစကားစုတစ်ရပ်အနေဖြင့် တွေ့မြင်လိုက်ကြပေသည်။ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသကဲ့သို့ အဓိပ္ပါယ်အမျိုးမျိုးလည်း ဖွင့်ဆိုကြပေသည်။


´ယဉ်ကျေးမှု` ဟူသည် ကိုယ်နှုတ်၊နှလုံး သုံးပါးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွားလာနေထိုင် ပြောဆိုဆက်ဆံခြင်း ဟူ၍လည်းကောင်း၊ ယဉ်းကျေးမှု ဟူသည် အတိတ်ကာလအမွေအနှစ်များ၏ အထိန်းအကွပ်၊ အနာဂတ်အင်အားသစ်တစ်ရပ်အတွက် အခြေခံခြင်း၊ ယဉ်ကျေးမှု ဟူသည် ပြုစုပျိုးထောင် စောင့်ရှောက်ရမည့်လုပ်ငန်း၊ ယဉ်ကျေးမှု ဟူသည် ရုပ်နှင့်နာမ် ပူးပေါင်းဆက်နွယ်ပြီး တစ်ဦးကို တစ်ဦး မှီတွယ်ပြုနေကြသည်။ မိမိ၏ ရှုထောင့် အသီးသီးမှနေ၍ ခေတ်အဆက်ဆက် တင်ပြဆွေးနွေးခဲ့ကြသည်။

`ဘာသာစာပေအနုပညာသည် ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ်´ ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုဟူသည် ရှုသာမြင်သာသော ဓလေ့ထုံးစံ အပြုအမူများ ဖြစ်ပေါ်လာအောင် တွန်းအားပေးသော အခြေအနေ အလေ့အထဖြစ်ပြီး ၄င်းအပြုအမူကို ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းသည် ယဉ်းကျေးမှုဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့ဘောင်လောက၏ အဓိကချည်တိုင်ကြီး ဖြစ်သည်ဟု ခံယူသူလည်း ခံယူကြသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုသည် လူတို့အတွက် အထူးလိုအပ်ကြောင်း သိသာထင်ရှားပါသည်။

လူမျိုးစု (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးရှိကြသည်။ မည်သည့်ဘာသာမဆို ကောင်းသောပြုမူနေထိုင်ပြောဆိုခြင်းကိုပင် အားပေးကြသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကိုကြည့်လျှင် ယုံကြည်ကိုးကွယ်မှုအစဉ်ဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်စားသော အယူဝါဒကို ယုံကြည်ကိုးကွယ်သူ စသည်ဖြင့် ကွဲပြားခြားနားမှု ရှိကြောင်းတွေ့ရသည်။

ထို့ကြောင့် ယဉ်ကျေးမှု ကဏ္ဍကို ခွဲခြားကြည့်လျှင်….

(၁)ယုံကြည်ကိုးကွယ်မှု၊
(၂)စာပေနှင့် စကားအုပ်စုများ၊
(၃)ရိုးရာဓလေ့ထုံးစံများ၊
(၄)ထင်ရှားသော ရိုးရာပွဲတော်များ၊
(၅)မျိုးနွယ်စုအလိုက် ၀တ်စားဆင်ယင်မှု၊
(၆)လင်္ကာသီချင်းများ၊
(၇)တူရိယာများ၊
(၈)ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း၊
(၉)ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။

တိုင်းရင်းသား လူမျိုးများသည် မိမိလူမျိုးအမည်ဖော်ပြချက်(၉) ချက် သိရှိနားလည်ရုံမက လက်ခံကျင့်သုံးပြီး တိုးတက်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တခြားယဉ်ကျေးမှုဓလေ့များကိုလည်း စူးစမ်းလေ့လာသိရှိနားလည်ပြီး ကောင်းနိုးရာရာ လက်ခံအတုယူရမည်ဖြစ်သည်။
သိမှတ်ဖွယ်များအနေဖြင့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကဏ္ဍကို အပိုင်းခွဲ၍ တင်ပြလိုပါသည်။

(၁) ယုံကြည်ကိုးကွယ်မှု၊
(၂) ၀ိညာဉ်လိပ်ပြာနှင့် တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊
ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။

ပထမတန်းစားနတ်များမှာ…

(၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ်
ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။

ဒုတိယနတ်သရဲများမှာ…..

(၁) တရဲ့တခါ၊
(၂) တာမူဟား၊
(၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။

တတိယနတ်များမှာ…..

(၁) မော်ယာ၊
(၂) ပသို၊
(၃) လော်၊
(၄) ဘားနား၊
(၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။
ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။
(၁) က၊
(၂) လူ၊
(၃) ကန်၊
(၄) မော်ခီး၊
(၅) တရာနာ၊
(၆) တကာဒေး၊
(၇) တဒွန်ဟိန်ခေါင်၊
(၈) တနဲနောခု၊
(၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။

ဒူဝေရိုးရာနတ်

ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။
အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။

မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။

ဆက်လက်ဖော်ပြပါဦးမယ်…။

ဆက်လက်ဖတ်ရှုမယ်...

နအဖတပ် အင်အားဖြန့်သော်လည်း ဒီကေဘီအေ အင်အားစုစည်း


မေလ ၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်းများသည် တပ်အင်အား စုစည်းမှုများ လုပ်ဆောင်သလို နအဖ စကခ(၈)လက်အောက်ခံ တပ်ရင်းများကလည်း တပ်အင်အား ဖြန့်ကျက်ထားလျှက်ရှိ သည်ဟု စုံစမ်းသိရှိရသည်။



“ကျနော်တို့ကို သတိဝီရိယ အမြဲတမ်းရှိဖို့ အထက်က ညွှန်ကြားထားပါတယ်။ လူကြီး(ဗိုလ်လားပွယ်)ကတော့ သူ့လူတွေကို ပြန် စုစည်းမှုတွေလုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖဘက်က တပ်ဖြန့် ထားတယ်လေ။ နအဖဘက်က ပစ်ခတ်မှုတွေ လုပ်လာရင်တော့ ကျနော်တို့ အသင့်အနေအထားမှာ ရှိဖို့လိုတယ်”ဟု ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက ပြော သည်။

ဗိုလ်မှူးချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်တွင် ကလိုထူး ဘောဗျူဟာ(၁)နှင့် တပ်ရင်း (၅)ရင်း ရှိသည်။

ထိုဒေသတွင် လှုပ်ရှားသည့် ကေအဲန်အယ်လ်အေ တပ်မှူးတဦးက “ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့က နယ်ခြားစောင့်တပ်ကိစ္စ ကို လက်မခံတဲ့အတွက် တပ်အင်အားတွေစုထားသလို နအဖဘက်က တပ်ဖြန့်ထားတာဟာ အမှန်တကယ်တော့ တပ်အင် အား ပြတာပါ။ စစ်ဖြစ်ဖို့တော့ မဟုတ်လောက်ပါဘူး”ဟု ဆိုသည်။
စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များကို ရှေ့တိုးနောက်ဆုတ် ပုံစံမျိုးဖြင့် ကစားခြင်းသာဖြစ်ပြီး အမှန်တကယ် စစ် ဖြစ်ပါက တပ်မှူးတပ်သားမြောက်များစွာ ထွက်ပြေးကြလိမ့်မည်ဟု ၎င်းကေအဲန်အယ်လ်အေတပ်မှူးက သုံးသပ်ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်ရှိ ပူးရေးရွာတွင် ယခင်ရှိထားသည့် ဒီကေဘီအေတပ်ဖွဲ့များက နယ်စပ်ရှိ မုလအိတောင်ဘက်ကို ရွှေ့ ပြောင်းသွားကာ ၎င်းတို့နေရာတွင် နအဖတပ်များ ၀င်ရောက်နေရာယူထားကြသည်ဟု ရွာသားတဦးက ပြောသည်။

ကြိတ်ရွာသားတဦးကလည်း “ပြောသံကြားတာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့တုန်းက နယ်စပ်(ထိုင်းနယ်စပ်)မှာရှိတဲ့ ဗိုလ် နှုတ်ခမ်းမွှေး တပ်ဖွဲ့ဝင်တွေကို မြိုင်ကြီးငူဘက် ပြန်သွားရမယ်လို့မှာတယ်။ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့က ပြန်မဆင်းသွားတဲ့အပြင် သူတို့တပ်တွေကို နယ်စပ်ဘက်ကို ပြန်စုကြတယ်”ဟု ပြောသည်။

အဆိုပါမြို့နယ် ဝေါ်လေဂွင်ဘက်တွင်လည်း နအဖက အင်အား ၉၀နီးပါး တိုးချဲ့လာသလို ကေအဲန်ယူ တပ်မဟာ (၅)၌လည်း နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့လည်း စစ်ရေး ပြင်ဆင်မှုများ ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ကရင်ပြည်နယ်တခုလုံးတွင် နအဖစစ်တပ်မှ တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်းပေါင်း တစ် ရာကျော် နေရာယူ လှုပ်ရှားလျှက်ရှိကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ၎င်းတို့ရရှိသည့် စစ်ရေးအစီခံစာအရ ရေးသား ဖော်ပြထားသည်

ဆက်လက်ဖတ်ရှုမယ်...

နအဖတပ်၏လူမဆန်မှုသတင်း

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၈.၄.၂၀၁၀နေ့တွင် နအဖတပ် ခမရ(၄၂၁)၏ရှို့မီးကြောင့် ကလောမီးဒဲ ကျေးရွာသူရွာသားများ ၏စိုက်ပျိုးသီးနှံခြံများမီးလောင်ခံခဲ့ရသည်။ (၁)စောအီးတယ်၏ဖာလာတခြံ (၂)စောသန်းဝင်း၏ ဖာလာတခြံ (၃)စော ဖိုးလဲ၏ ဖာလာတခြံ (၄)စောကေးရီး၏ ဖာလာတခြံ (၅) စောမောင်သီးသဲ၏ ဖာလာတခြံ (၆)စောကျောပယ်၏ ဖာ လာတခြံ (၇)စောထူးစီ၏ ဖာလာနှစ်ခြံ (၈)စောပီတိုး၏ ဖာလာနှစ်ခြံ (၉)စောအယ်ဒို၏ ဖာလာတခြံ (၁၀)စောဖား လား၏ ဖာလာတခြံ (၁၁)စောတီးကီးရီး၏ ဖာလာတခြံ (၁၂)စောမောင်တင်မြိုင်၏ ဖာလာတခြံ (၁၃)စောဒေးဒေး၏ ဖာလာတခြံ (၁၄)စောကောင်းမဲ၏ ဖာလာတခြံ (၁၅)စောဟဲနယူ၏ ဖာလာတခြံ (၁၆)စောထွန်းလင်း၏ ဖာလာတခြံ (၁၇)စောတိုးလော်၏ ဖာလာတခြံ (၁၈)စောတူးလူ၏ ဖာလာတခြံ (၁၉)စောလာဒေး၏ ဖာလာတခြံ (၂၀)စောဒူးဒူ၏ ဖာလာတခြံ (၂၁)စောစိုးမင်း၏ ဖာလာတခြံ (၂၂)စောလာကူးကူ၏ကွမ်းခြံတခြံ (၂၃)စောကောင်းကြည်၏ကွမ်းခြံတ ခြံ (၂၄)စောဘေးလေ၏ကွမ်းခြံတခြံ (၂၅)စောဆာဖိုး၏ကွမ်းခြံတခြံ အသီးသီးလောင်ကျွမ်းခံခဲ့ရသည်။

- ၂၃.၃.၂၀၁၀နေ့တွင် ခမရ(၄၂၃)(၄၂၆)သည်ကော်သေးဒဲကျေးရွာသူရွာသားများ၏ဖာလာခြံများကိုဖွီးလိုအရပ်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ (၁)စောကောတူး ၇၅နှစ်၏ ဖာလာတခြံ (၂)စောတာကဲ ၄၅နှစ်၏ ဖာလာတခြံ (၃)စောကိုဖိုး စိန် ၃၅နှစ်၏ ဖာလာတခြံ (၄)စောတာထူး ၃၀နှစ်၏ဖာလာတခြံ (၅)စောကူးကာ ၄၅နှစ်၏ဖာလာတခြံ (၆)နော်ပြန်း တလှ ၇၀နှစ်၏ဖာလာတခြံ (၇)နော်စီးရီရယ် ၆၃နှစ်၏ဖာလာတခြံတို့ဖြစ်သည်။ ထို့အပြင်ကိုးဒေးအရပ်တွင်(၈)စော ချင်လေး ၃၀နှစ်၏ဖာလာ၁၅၀ပိသာရှိတခြံ (၉)စောကြီးပယ် ၂၇နှစ်၏၅၀ပိသာရှိဖာလာတခြံ (၁၀)စောစိဘလု ၄၀နှစ် ၏၂၀၀ပိသာရှိဖာလာတခြံ (၁၁)စောခဲလယ် ၃၁နှစ်၏၃၀ပိသာရှိဖာလာတခြံ အသီးသီးတို့မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထီးနီးလိုအရပ်ရှိ (၁၂)နော်ဆဲလဲ ၃၀နှစ်၏၅၀ပိသာရှိဖာလာတခြံ (၁၃)စောမန်းကျား ၃၀နှစ်၏၁၀၀ပိသာရှိဖာလာတ ခြံ (၁၄)စောပူးတူ ၃၇နှစ်၏ ၅၀ပိသာရှိဖာလာတခြံ (၁၅)စောတာကူးကူ ၄၀နှစ်၏ဖာလာတခြံ (၁၆)စောတောဘူး ၄၀ နှစ်၏ဖာလာတခြံ (၁၇)စောခူးနူ ၅၅နှစ်၏ဖာလာတခြံ (၁၈)နော်မတင်ကြည် ၃၈နှစ်၏ဖာလာတခြံ (၁၉)စောဟဲကွဲ့ ၅၆နှစ်၏၅၀ပိသာရှိဖာလာတခြံ။ မူဒေးအရပ်တွင်(၂၀)စောဂေမူး ၃၉နှစ်၏၆၀ပိသာဖာလာတခြံ (၂၁)နော်ဆဲ ၃၈နှစ် ၏ဖာလာတခြံ (၂၂)နော်တိုးတို ၃၅နှစ်၏ဖာလာတခြံ။
- ဒေါ်ဖခိုကော်ဆာ၊ ၁.၅.၂၀၁၀နေ့တွင် မော်ကိုးဒဲစခန်းရှိ နအဖတပ်သည် မော်ကိုးဒဲရွာသား၁၅ဦးအား မော်ကိုးဒဲမှခ လယ်လာသို့သူတို့၏ဆန်များကိုအတင်းအဓမ္မသယ်ယူခိုင်းခဲ့သည်။
- ၂.၅.၂၀၁၀နေ့ တွင်စကခ(၇)လက်အောက်ခမရ(၄၂၃) မျိုးထွန်းဦးစီးပြီး မော်ကိုးဒဲမှခလယ်လာရွာသို့ရွာသားများကို အတင်းအဓမ္မ ဆန်များကိုသယ်ခိုင်း။ သယ်ပို့ရသောရွာများမှာ နော်သေးဒဲရွာကဆန်၁၀အိတ်၊ မော်ကိုးဒဲရွာကဆန် ၈၀အိတ် နှင့် ဒဲဒိုရွာကဆန်၁၀၀အိတ်၊ ပယ်ကောဒဲရွာကဆန်၂၀၀အိတ် တို့ကိုသယ်ပို့ခဲ့ရသည်။
ဒူပလာယားခရိုင်။
- ၂၈.၄.၂၀၁၀နေ့နအဖတပ်ခလရ(၂၃၁)အောင်စိုးဦး ခေါင်းဆောင်တဲ့အဖွဲ့သည် အောထရောရွာသားများအားရွာမှ မောင်းထုတ်ခဲ့သည်။ မောင်းထုတ်ခံခဲ့ရသောအိမ်များမှာ (၁)စောပန်းငွေ ၄၅နှစ် (၂)တခလေးမယ် ၅၀နှစ် (၃)အေး နိုင် ၄၀နှစ် (၄)ဖိုးသလို့ ၄၅နှစ် (၅)လှမြင့် ၅၀နှစ် (၆)မောင်ငွေ ၆၀နှစ် (၇)ပီတု ၃၅နှစ် (၈)ဒေးမူဒါး ၁၈နှစ် (၉)ဖား ကြည် ၅၁နှစ် (၁၀)ဒေါ်ရင် ၄၁နှစ် (၁၁)မိုလို ၆၂နှစ် (၁၂)ဝါးဝါး ၃၂နှစ် (၁၃)ငြိမ်းချမ်း ၁၉နှစ် (၁၄)တော်တယ် ၅၁နှစ် (၁၅)ခင်ငြိမ်း ၄၃နှစ် (၁၆)လားပွယ် ၅၉နှစ် (၁၇)နော်ကြည် ၆၂နှစ် (၁၈)ဃေးဖတ် ၅၇နှစ် (၁၉)နုရီ ၅၃နှစ် (၂၀)နိုင်ကို ၅၇နှစ် (၂၁) ဖောမူဃား ၃၂နှစ် (၂၂)ကျော်ရေး ၃၅နှစ် (၂၃) ဖားယူဂေါ် ၂၅နှစ် (၂၄)ငွေလူ ၃၀ နှစ် (၂၅)ဖားထု ၂၈နှစ် (၂၆)ကထူး ၄၂နှစ် (၂၇) ပါတာ ၅၅နှစ် (၂၈)လှငွေ ၄၈နှစ် (၂၉)ပီတိုး ၄၉နှစ် (၃၀)ညင်းပေ ၃၉နှစ် တို့သည်မောင်းထုတ်ခံခဲ့ရသည်။

ကညောဖိုး မှပြန်လည်ကူးယူထားသည်။

ဆက်လက်ဖတ်ရှုမယ်...

ချစ်သူငယ်ချင်းသို့

တစ်ချိန်တုန်းက
တို့တတွေသစ္စာ ဆိုခဲ့ကြတယ်
နေဝင်းမသေ အိမ်မပြန် တဲ့
ရင်ဘတ်နဲ့ လက်မောင်းမှာ
အပြန်အလှန် စုတ်တွေထိုးကြရင်း
တော်လှန်ရေးခရီး ဆုံးခန်းတိုင်အောင်
အသက်နဲ့ ခန္ဓာ ပေးလှူကြမယ်ပေါ့

မူလေးချက် လက်ကိုင်ထားလို့
လက်ထဲမှာ သေနတ်ကို မြဲမြဲ ဆုပ်ကိုင်ရင်း
ကရင်ပြည်ကြီး အရယူမယ်
လက်နက်ချအရှုံးပေး အလျင်းမလုပ်ပဲ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ကြမယ်လို့
ဆိုခဲ့တဲ့ ဂတိစကားတွေ
မင်းမေ့နေပြီလား သူငယ်ချင်း

အခုတော့ကွယ်
စည်းစိမ်နဲ့အာဏာ ဝဲဂယက်မှာ
ယစ်မူးပျော်ပါးလို့
အခွင့်အရေးလေး မဖြစ်စလောက်လေးနဲ့
ဖားဖားချင်း ငါးငါးချင်း
ဇာတ်တူသား စားမယ့်အဖြစ်မျိုးတော့
အရောက်မခံနဲ့ သူငယ်ချင်း

ငါတို့နေတဲ့နေရာမှာ
စံအိမ်ကြီးနဲ့ မစံမြန်းရပေမယ့်
ရိုးသားဖြူစင်တဲ့ ငါတို့ပြည်သူတွေရှိတယ်
မြီု့ကြီး ပြကြီးမှာ မနေရပေမယ့်
စိမ်းလန်းတဲ့ တောတောင်တွေရှိတယ်
ဆင်းရဲနုံချာပေမယ့်
ကောက်ကျစ်မှုတွေ မရှိပါဘူး သူငယ်ချင်း

နေဝင်းသာ သေသွားပေမယ့်
သူထားခဲ့တဲ့စစ်တပ်အမွေ
ဒို့ပြည်သူကိုနှိပ်စက်
အနိုင်ကျင့် ခံနေရတုန်းပါပဲ
ကဲ ကရင့်သမိုင်းအရိုင်းခံတော့မှာလား
ဆက်လက်တော်လှန် တွန်းလှန်ဖို့က
သမိုင်းပေးတာဝန်ပေမို့
သွေးစည်းဖို့ရန် အချိန်တန်ပြီ
တို့တွေစည်းလုံးသင့်နေပြီ

ပြန်လာခဲ့ပါတော့ DKBA သူငယ်ချင်းအားလုံးတို့
ကရင်တော်လှန်ရေး မပြီးဆုံးသေးဘူး
ကရင်တော်လှန်ရေး မုချအောင်ရမည်
စည်းလုံးညီညွတ်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါစို့

ဆက်လက်ဖတ်ရှုမယ်...

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။