Pages

Monday, June 28, 2010

DKBA deserters

ဆက်လက်ဖတ်ရှုမယ်...

Saturday, June 26, 2010

အသက်ရှူကြမ်းပြီ


အသက်ရှူကြမ်းပြီ
(မင်းစိုးစံ)

ကြင်နာသူကိုလွမ်းဘို့
စိမ်းညို့နေတဲ့သည်တောင်တန်း
မင်းတို့ကိုလက်မကမ်းဘူး။

သည်တောသည်တောင်ဟာ
ကောင်းကင်ဘုံမှာမင်းတို့အတွက်
ထာဝရအသက်တာရေး
ရ,ယူရေးမဟုတ်သလို
တမဂ်တဖိုလ်အတွက်
တရားအားထုတ်တဲ့နေရာမဟုတ်ဘူး။

သည်တောင်တန်းနဲ့သည်စိမ့်စမ်းဟာ
မငြိမ်းချမ်းတဲ့ပြည်သူတွေ
အဖိနှိပ်ခံလူထုတွေအတွက်
တော်လှန်ရေးရဲ့ဘူမိနက်သန်
ဖြစ်တန်ကောင်းရဲ့ဆိုပြီး
မင်းတို့ကို
လက်ကမ်းကြိုခဲ့ရှာတယ်။

အခုတော့…..
ဒါဏ်ရာများနဲ့သည်တောင်တန်း
အသက်ရှူကြမ်းနေပြီ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဆက်လက်ဖတ်ရှုမယ်...

Thursday, June 24, 2010

Lovely Karen song

ဆက်လက်ဖတ်ရှုမယ်...

Tuesday, June 22, 2010

ဏင်းထင်း္ဘးအ်ုကျးလင်လီ

သီချင်းလေး ခံစားကြည့်လိုက်ပါဦး

အခုချိန်မှာ ငါတို့အမျိုးသားကို ထိပါးစော်ကားလာတဲ့ မြေပေါ်မြေအောက် ရန်သူမှန်သမျှကို ငါတို့တော်လှန်ရမယ် ငါတို့ရဲ့ အသက်တွေ သွေးတွေနဲ့လဲရမယ် ငါတို့ရဲ့သွေးတွေမြေမှာစီးကျပါစေ ငါတို့ဂရုမစိုက်နိုင်ဘူး မင်းတို့တွေမှာတာဝန်ရှိတယ် လို့ သီချင်းမစခင်မှာ မိန့်ခွန်းချွေ သွားတဲ့ ဗိုလ်ချစ်သူရဲ့ စကားလေးတွေကို ခံစားကြည့်လိုက်ပါဦး၊
ငါတို့ကရင် အမျိုးသားကို ထိပါးစော်ကားလာတဲ့ ရန်သူမှန်သမျှကို တွန်းလှန်ကာကွယ်ပေးမယ်လို့ပြောဆိုသွားတဲ့ ဗိုလ်ချစ်သူကို ငါ့ညီအကို တို့ရေ C box မှာ လာအားပေးကြပါဦး။

ဆက်လက်ဖတ်ရှုမယ်...

Monday, June 21, 2010

နေဇော်နိုင် ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ (အပိုင်း ၁-၂-)

အင်မတန်မှပဲ ထိမိပြီး ကောင်းတဲ့ ရှင်းလင်းချက်တွေပါခင်ဗျား… နားထောင်ဖြစ်အောင်နားထောင်လိုက်ကြအုံး

DBV ရုပ်သံ

ဆက်လက်ဖတ်ရှုမယ်...

Saturday, June 19, 2010

ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်

ယခင်ပို့စ်မှ အဆက်...

ကမ်းယံသက္ကရာဇ်

၁။ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။သက္ကရာဇ် (၁၀၁) ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ကမ်းယံတို့ မဖြို၊ ဆက်လက်ရေတွက်၏။
၎။ကမ်းယံတို့ မဖြို၊ ဆက်လက်ရေတွက်၏။
၅။ ယခု ကမ်းယံသက္ကရာဇ်….
၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂။

ကောဇာသက္ကရာဇ်

၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် (၁၀၁)ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ သက္ကရာဇ် (၆၂၄) ခုတွင် သုမုန္ဒရီမင်း၊ (၆၂၂) ခု ဖြို၏။ (၂) ခုကြွင်းထား၏။
၎။ ဖြိုသက္ကရာဇ် (၅၆၄) တွင် ပုဂံ ပုပ္ပါးစောရဟန်း ( ၆၅၂ ) ကို ဖြို၏။ (၂) ခု အကြွင်းထား၏။
၅။ ယခု ကောဇာသက္ကရာဇ် ဖြိုသက္ကရာဇ် ၁၃၄၂ -ခု ဖြစ်၏။

ထူးကြီး ဝေဠုဝန်ဆရာတော် ဦးထေရိန္ဒာမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင် တတ်တဲ့ ကရင်ဆရာတော်ကြီးဖြစ်၏။´ကမ်းယံဟာ ကရင်ပဲကွ၊ ကရင်အစ အင်းမက ´တဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က ပြည်မြို့တောင်ဘက်မှာရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင် သက္ကရာဇ်ပဲ မှတ်ထားပါ´ ဟု မိန့်ကြား၏။ ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား….`ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုးသုံးမျိုးအနက် ကမ်းယံ ဟုခေါ်သော လူမျိုးအမည်မှာ ကရင် ဟူသောအမည်သို့ ပြောင်းလဲခေါ်ဝေါ်လာသော အမည်ဖြစ်သည်`ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။(စာမျက်နှာ-၁၀) ပြည်ထောင်စုမြန်မာနိုင်ငံရိုးရာယဉ်ကျေးမှု၊ကရင်၊ (Sir Arthur Phayer Translations of Ehnological Society Vo1.V).

၁၉၆၁-ခုနှစ်၊ မြန်မာနိုင်ငံရှေးဟောင်းကမ္ပည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်း၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း မျိုးနွယ်ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။(စာမျက်နှာ-၁၆) ပြည်ထောင်စုမြန်မာနိုင်ငံရိုးရာဓလေ့ထုံးစံများ၊ ကရင်)၊
၁၉၃၇-ခုနှစ်၊ ကရင်သက္ကရာဇ်အကြောင်း ဆွေးနွေးသောအခါ စာမျက်နှာ ၁၀-၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးထေရိန္ဒအား ထင်မြင်မှု ပေါ့ခဲ့သည်။ ထို့အတွက် လက်ဆယ်ဖြာ ဦးထိပ်၍ ကန်တော့ပါ၏။
ထိုစဉ်က အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေ အမတ်(၁၂) ယောက်တို့ ကမ်းယံသက္ကရာဇ် ဟု ဆုံးဖြတ်မည်ကို သံသယရှိစရာ မလိုပါ။ဤကား ရှေးသက္ကရာဇ်ရှိခဲ့ကြောင်းပါ။


တရုတ်ပြည်အနောက်ပိုင်းရှိ ကြီးမားသော တောင်တန်းကြီးများ ၀န်းရံလျက်ရှိသည့် ကုန်းပြင်မြင့် ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ကြ၏။´ ထီ့ဆဲမဲ့ယွာ`ဟု ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ၏။ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ် အချို့ကရင်များ ယူနန်ပြည်မှ BC ခမ (၁၁၂၈)တွင် ရွှေ့ပြောင်းလာ၏။ တပန်၊ မြစ်ငယ်၊ ဧရာဝတီအတိုင်း စုန်ဆင်း၏။ အချို့ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ ဗမာပြည်သို့ BC ခမ (၁၁၂၅) တွင် ရောက်၏။ ဒုတိယအသုတ် BC ခမ (၇၄၁) တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ BC ခမ (၇၃၉) တွင် ဗမာပြည်သို့ ဆိုက်ရောက်၏။( သုတေသီ ဆရာဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ(ကသာ)၊ ဦးဖိုးတုတ်(ပညာအုပ်)၊

ပထမအသုတ် ကရင်များ ဗမာပြည်သို့ ရောက်သောအခါ လယ်ယာစိုက်ပျိုးကြ၏။ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေအနေ ကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရဖြင့် ကောက်ဦးစားပွဲကို ကျင်းပကြ၏။ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည့်ဖြင့်ရေတွက်ရာမှ ကောက်ဦးစားပွဲသက္ကရာဇ်ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံသွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ်မတူကြ၊ နှစ်မျိုးဖြစ်နေ၏။

ငယ်စဉ်က ပဲခူးနယ်တောင်ပိုင်း လယ်သမားများက ပြာသို လဆန်း(၁) ရက်နေ့တွင် ကောက်ဦးစားပွဲ ပြုလုပ်ကြ၏။ နံနက်စောစောတွင် အဘိုးတို့၊ ဘကြီးတို့၊ သူတို့၏ မိတ်ဆွေရွှေင်ကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ(ထူးဖောပေါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ်အကြောင်းလည်း ပါလာ၏။ ပဲခူးတောင်ပိုင်း သက္ကရာဇ်မှာ ရွှေကျင်မှ ပါလာသော သက္ကရာဇ်ထက် (၃၁၀) ကြီးတယ်လို့ ကြားဖူးသည်။၁၉၃၇-ခုနှစ် ကရင်ပြဿနာပေါ်ပေါက်လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ ၂၇၉၉-ခု ရှိနေ၏။ (၂၈၀၀) ပြည့်ရန် တစ်နှစ်လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ်က (၃၁၀) နှစ် ငယ်နေ၏။ ၎င်းကို စောဂျွန်တင်ဒီဖိုးမင်းအားပြောပြရာ `ဟုတ်တယ်`၊ တို့ တောင်ငူ သက္ကရာဇ်နဲ့ တူတယ်´ ဟုဆို၏။

သက္ကရာဇ်အတွက် ကရင်အမတ် (၁၂) ယောက် စည်းဝေးပွဲလုပ်ရာ ဘယ်လိုလုပ်ကြမလဲ၊ နှစ်မျိုးဖြစ်နေတယ်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။သာဓက မှာ Pictured Encyclopedia၊ ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက်မှာ ဒီဇင်ဘာ (၂၅) ရက်အတွင်း ကျင်းပ၏။အများသဘောတူညီချက်အရ ဒီဇင်ဘာလ(၂၅) ရက်နေ့ကို ယခုတိုင် ဆက်လက်ကျင်းပကြ၏။ စွယ်စုံကျမ်းက ခရစ်တော်မွေးနေ့သည် ဒီဇင်ဘာလ (၂၅) ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။သို့သော် အကြီးအကဲများက သဘောတူဆုံးဖြတ်၍ အားလုံးရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။
(Pictured Encyclopedia: We know that this could hardly have happened in December because it rains almost continuously at the time of the year in Palestine and shepherds would not keep their flock out on the hills at night in such weather.)
ခရစ်မမတ် ကမ္ဘာ့သာဓကကို ယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်း ကရင်သက္ကရာဇ်ကို ဖြေရှင်း၏။တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ (၇၃၉) နောက်မှစ၏။ ဘက်မလိုက်ဘဲ ကြားခံပြီး ဘီစီ (၇၃၉) မှစ၍ ကရင်သက္ကရာဇ်ကို ရေတွက်ဖို့စဉ်းစား၏။ အမတ်တစ်ဦးက `တို့သက္ကရာဇ်ကို ပြင်နိုင်မလား `ဟု ဆို၏။သုမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ၊ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။

တို့ အမတ် (၁၂) ဦးကလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ် နှစ်ခုကို ကြားချေနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး VETO အာဏာသုံးမှုကြောင့် ယခု ကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉) မှစ၍ ရေတွက်ကြသည်။ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတ ရှိသူများက ဘီစီ (၇၃၉) ကို ကရင်သမိုင်းမှတ်တိုင် တစ်ခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ် ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်ဂုဏ်သိက္ခာလည်း မရှိ။ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ်(၂၅၂၂)၊ ကောက်ဦးပွဲစား ကရင်သက္ကရာဇ် (၂၇၂၀) ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ် လက်ခံနိုင်ရန် တင်ပြအပ်ပါသည်။

ကရင်သက္ကရာဇ် ရောင်ဝါနေသို့ ထွန်းစေသော်…

`ယုတ္တာ ယုတ္တိ ဆင်ခြင်ညှိသော်၊ ၀ီစိကိစ္စာ၊ မရှိရာတည့်။(ရှိဖွယ်ရာတည့်) ထုံးရာဇ၀င် သက်သေတင်၍ ဆင်ခြင်နှောင့်နှေးကာလဝေးခဲ့….။နှစ်ပေါင်း (၃၀၀၀) မျှ ကိစ္စ။
(ဆရာကြီး စောမြတ်သိန်း၏ စာမူမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။)
၂၇၄၉-ခုနှစ်၊ သထုံမြိနယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်စာစောင်မှ ပြန်လည်ရိုက်နှိပ် ဖော်ပြပါသည်။

မှတ်ချက်။ ။ဒီဆောင်းပါးမှာတော့ စာတင်သူအနေနဲ့ ကရင်သက္ကရာဇ်အကြောင်းကို သိစေချင်တာပါ။ကရင်သက္ကရာဇ်က စာတင်သူအနေနဲ့လည်း အရင်က ရှာဖွေဖတ်ရှုခဲ့ပါတယ်။သို့သော် အကြောင်းအရာကောင်းတွေ ရှာရခက်ပါတယ်။ဒီဆောင်းပါးမှာလည်း ကရင်သက္ကရာဇ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဗဟုသုတတိုးလိမ့်မယ်လို့ မျော်လင့်ပါတယ်
စောကရင်မှကူးယူသည်။

ဆက်လက်ဖတ်ရှုမယ်...

ကော်သူလေး

ဆက်လက်ဖတ်ရှုမယ်...

Friday, June 18, 2010

အို........ဇွဲကပင်

ခုလောက်ဆို.....
နင်ဟာ ဘေးဘီဝဲယာပတ်ပတ်လည်က
တိမ်တောင်တိမ်တိုက်တွေနဲ့ အဖေါ်ပြုပြီး
ဝသာန်ရဲ့သက်ငြိမ်ပန်းချီကားချပ်ဖြစ်တဲ့
အစိမ်းရောင်စပါးခင်းကို ထီးထီးမတ်မတ်ရပ်ပြီး
လက်ပိုက်ကြည့်နေမလား.....

ဒါမှမဟုတ်....
မိုးကုတ်ခေတ်ကုန်သွားလို့
အလယ်ပိုင်းကနေ ရေကြည်ရာမြက်နုရာကို
တိုက်ခတ်သွေးရောစေတဲ့
အညာမြေသင်းရနံ့ကို တစ်ဝကြီးရှူမိပြီး
အမှိုက်သရိုက်တွေနဲ့ နပန်းလုံးနေရပြီလား.........

ဒါမှမဟုတ်....
အချင်းချင်းပြန်ကိုက်ကြတဲ့ သားသမီးတွေနဲ့
ပြန်ရောက်မလာပဲ
ရက်လနှစ်ရှည် ထွက်ပြေးသွားကြတဲ့ သားသမီးတွေကို
စိတ်နာကျည်းနေရော့သလား.....

အို....ဇွဲကပင်
ဘယ်နေရာ ဘယ်ဒေသရောက်ရောက်
ကရင်ဟာကရင်ပါပဲ....
အသင်ကို ချစ်တယ်...
မတရားမှုတွေကိုမုန်းတယ်...
သားသမီးတွေ ညီညွတ်ကြဖို့
စည်းရုံးနေတယ်
ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန်နိုင်ဖို့
သားသမီးတွေပညာရှာနေတယ်...
အသင်သာ ဗမာစကားမပြောနဲ့ဦး...
စောင့်မျှော်ပါ
ပြီးပြည့်စုံတဲ့တစ်နေ့
အသင်ရဲ့ အမှိုက်သရိုက်တွေကို ရှင်းထုတ်ပြီး
ကော်သူးလေပြည် တစ်ဖန်အသက်သွင်းဖို့
အပြေးပြန်လာခဲ့ပါ့မယ်။ ။
ကိုးဒီသွေးမှ ကူးယူသည်။

ဆက်လက်ဖတ်ရှုမယ်...

သီဟိုဠ်နိုင်ငံ (17-06-2010) ဘွဲ့နှင်းသဘင်အခမ်းအနား



(17-06-2010) နေ့ရက်တွင်..သီဟိုဠ်နိုင်ငံ(conference internationla hall)မှာ ၂၀၀၈-ခုနှစ်က ဘွဲ့ရတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ဘွဲ့ပေးတဲ့အခမ်းအနား(convocation-ceremony)ကျင့်ပခဲ့ပါတယ်။ဒီနေ့ဘွဲ့နှင်းသဘင်မှာ သီဟိုဠ်နိုင်ငံရှိ ကရင်ကျောင်းသား ရဟန်းတော်များမှ (M.A Buddhism)ဘွဲ့ရ ကရင်ရဟန်းတော် လေးပါး ဘွဲ့ခံယူခဲ့ပါတယ်။နောက်လာမယ့် ဒီဇင်ဘာကျရင် ၂၀၀၉-ခုနှစ်မှာ အောင်တဲ့ ကရင်ရဟန်းတော် (၅) ပါး ဘွဲ့ဆက်ခံယူဖို့ ရှိပါတယ်။သီဟိုဠ်နိုင်ငံမှာ ကရင်ရဟန်းတော် တစ်နှစ်ထက်တစ်နှစ်များလာသလို နှစ်တိုင်းလည်း ဘွဲ့ရ ရဟန်းတော်များ ရှိပါတယ်။
ဒါကြောင့် ကရင်မိဘပြည်သူများ ၀မ်းသာနိုင်အောင် အလျဉ်းသင့်သလို ဒီဇွဲကပင်မိသားစု ဘလော့မှ တင်ဆက်ခဲ့ပါတယ်။ဒီရဟန်းတော် သံဃာတော်များက နောင်တစ်ချိန်မှာ အမျိုး၊ဘာသာ၊သာသနာမှာ တစ်တောင့်တစ်နေရာမှာ အကျိုးပြုနိုင်လိမ့်မယ်လို့ မျော်လင့်ရင်း.....။







K.D.A မှကူးယူသည်

ဆက်လက်ဖတ်ရှုမယ်...

သီချင်းကဏ္ဍ ကျာမီလံင့်ဝီ့လး(ထူးဝါး)


``တစ်ခုခုကိုရယူချင်ရင် တစ်ခုခုကို ပေးဆပ်ရတယ်ဆိုတာ
ကမ္ဘာကြီးရဲ့ဒသန´´တဲ့။
ဒါပေမဲ့.......
........ .......... .......

မင်းစိတ်ချမ်းသာဖို့အတွက် အရာရာကို ငါလုပ်ပေးခဲ့တယ်
ချွေးနဲ့ရင်းပြီး ပေးဆပ်ခဲ့၊ ငါလိုက်လျောပေးခဲ့တာတောင်မှ
မင်းဟာ ကိုယ်ကျိုးသာရှုပြီး ငါ့အတွက်ဆို ဥပေက္ခာပြုရက်တယ်
နင့်ရဲ့တုန့်ပြန်မှုက အခါးသက်ဆုံးအချစ်တွေနဲ့ လမ်းဆုံးသွားခဲ့တယ်။

ဝေသန္တရာမင်းလို စေတနာ၊မေတ္တာတွေထားပြီး
ရေစက်ချအမျှဝေပေးပြီးမှ
မင်းဆီအရောက် ငါဆက်ကပ်ခဲ့ပေမဲ့
မင်းကတော့ မင်းရဲ့လက်တစ်ဆုပ်စာကောင်းစားဖို့အတွက်ကိုသာ
အာရုံထားပြီး
အသုံးမကျတဲ့ ကျီးအာသီးတွေကို ပြန်ပေးခဲ့တယ်။

မင်းရဲ့ရင်ခွင်ဟာ
ဘယ်ဆီဘယ်ဝါ ရောက်လို့ရောက်မှန်းမသိအောင်
မျက်စိလည်လမ်းမှားစေလောက်အောင်
အချိန်မရွေး ငါ့ကိုစုပ်ယူလွင့်ပါစေတဲ့
လေဆင်နှာမောင်းလိုပါပဲ......
နိုင်ထက်စီးနင်းဆန်လွန်းတဲ့မင်းကြောင့်
ငါ့ရဲ့ယုံကြည်မှုကျောက်တိုင်လည်း ပျက်သုဉ်းခဲ့ရပါပြီ။

ငါ့နှလုံးသားကို လိုချင်မယ်ဆိုရင်
မျက်ရည်ကြားကနေ ငါပေးပါ့မယ်
ဒါပေမဲ့......
ငါနဲ့ငါ့ညီအစ်ကိုတွေ အချင်းချင်းကို
ကြက်တိုက်သလို မပေးခွပ်ပါနဲ့တော့
လောကငရဲထဲကနေ ရုန်းထွက်ခွင့်ပေးပါတော့.......။


ကျာမီလံင့်ဝီ့လး

ဝေ့ဏ်ုသာမုက် မာဖှေ်ဏ်ု
ဍေခေါဟ်သဲို့ထီ့ မာယှူးဏ်ု
ယ်ုအ်ုဟှင်.ခ၀့် ဏ်ုလ်ုယေါဝ်.လိုင်
ဆ်ုအဲအ်ုခးထုက် ဏ်ုဖှေ်ထါင်ယ်ု။

သုဂ်ထျာဆိင့်ဖေုဝ့် ဝေ့၀ီ.သင့်တ၀်
ခယ်ခင်ပျုက်ထီ့ ပ်ုခိင်.ဏ်ု
ဏ်ုလ်ုယေါဝ်.လင်ဏ်ု စူးလ်ုဍူးဖိုင်
ကုာအူးသးမိင့် ဖှေ်က်ုဍာယ်ု။

ကျာမီလံင့် ဏ်ုဝီ့လး သ်ုဝ်ါဍီဏေ၀်.ယ်ု
မွဲာယ်ုဟှးထံင်ခ၀့်လဲာ
ဟှာဖိုဝ်သာထီ့ဖါ မာဆုဂ်ဆာ့ မာယှင်းယ်ု
လင်ဃှံင်.ခွိက်မိင် ဆ်ုဏယ်လုင်.တိုင်။

အေမွဲာဝးလေါတ် ယ်ုသုင်းယ်ုသာ
ဆ်ာလင်မေံထီ့မ်ုဖှေ်ဍာ်
ဍိုဝ်ကဲုယ်ုဃှေဝ် ဝေ့ဆင့်သိုဝ်
လိုဒ်ကာနာလျ ထုင်.လ်ုကဲက၀်။

ဆက်လက်ဖတ်ရှုမယ်...

Monday, June 14, 2010

လူငယ်တာဝန်...

ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လူငယ်မှ လူကြီးသို့
အသက်အရွယ်က တွန်းပို့သော်လည်း အတွေးအခေါ် အမြော်အမြင် လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ကား လူကြီးနှင့်အညီ ရှိချင်မှ ရှိပေမည်။ ယနေ့လူငယ်မောင်မယ်များသည်လည်း အနာဂတ်ကို ပိုင်ဆိုင်ထားသူပီပီ အနာဂတ်လှပရေးဟူသော တာဝန်ကြီးတစ်ရပ်ကို တာဝန်သိသူအဖို့ ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်သည်။

တာဝန်မသိသူကား အပူအပင်ကင်းပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို ဘယ်လိုအကောင်အထည်ဖော်ရမှန်းမသိသည့်အပြင် အခြားသူများ ၀န်ဆောင်နေသည်ကို တွေ့သော်ငြားလည်း သူနှင့်မဆိုင်သလို ဘေးကနေ နှောင့်ယှက်နေတတ်သေးသည်။
လူငယ် ဟူသည် အတွေးအခေါ်အမြော်မမြင်ပိုင်းဆိုင်ရာ အမြဲတမ်း ရှင်သန်ထက်မြက်နေရမည်။ ရည်ရွယ်ချက်ကြီးမားသူ ဖြစ်ရမည်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်သူ ဖြစ်ရမည်။ ခံယူချက်ဖြင့် အလုပ်လုပ်သူ ဖြစ်ရမည်။ သူများမလုပ်နိုင်သည့်အရာတစ်ခုကို လုပ်နိုင်အောင် ခေါင်းထဲအမြဲရှိရမည်။ နောက်လိုက်ကောင်းတစ်ယောက်အဖြစ် လေ့ကျင့်၊ ခံယူထားရမည်။ သို့မှသာ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်စကားနှင့် ကိုက်ညီမည်ဖြစ်သည်။

တာဝန် ဟူသည် ဆောင်ရွက်ရမည့်ကိစ္စပင်ဖြစ်သည်။ မိဘဘိုးဘွားများသည် နောင်လာနောက်သားများအတွက် မျက်နှာမငယ်ရအောင်၊ သူတစ်ပါး အထင်သေးအမြင်သေးမခံရအောင်၊ လူမျိုးတစ်မျိုးအဖြစ် လူရှေ့သူရှေ့တွင် ဂုဏ်ယူဝင့်ကြွားနိုင်အောင် အမွေအနှစ်များ ထားရစ်ခဲ့ရပါသည်။ တစ်နည်းဆိုရသော် လက်ဆင့်ကမ်းတာဝန်ပေးခဲ့ပါသည်။
၎င်းလက်ဆင့်ကမ်းခဲ့သော တာဝန်၊ ထားရစ်ခဲ့သောအမွေအနှစ်များသည် အခြားမဟုတ်၊ ကရင်အမျိုးသားယဉ်ကျေးမှု ငါးရပ်ပင်ဖြစ်သည်။ ယဉ်ကျေးမှု ဟူသည်ကား အတိုချုံးအားဖြင့် နားလည်အောင် စကား၊ စာပေ၊ ရိုးရာဓလေ့၊ ၀တ်စားဆင်ယင်မှု၊ အတီးအမှုတ် (အနုသုခုမ) စသည်တို့သာ ဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုငါးရပ်သည် အတွေးဆန့်ထုတ်ကြည့်မိလျှင် ရေးပြမကုန်နိုင်လောက်အောင် ကျယ်ဝန်းလှပါသည်။ ပေါ့ပေါ့တန်တန်တွေးသူအဖို့ကား ရေးပြစရာမဆိုထားနှင့်၊ ပြောပြစရာတောင် ရှိမည်မဟုတ်ချေ။ ယဉ်ကျေးမှု ငါးရပ်၏အတိမ်အနက်ကို လူငယ်တိုင်း လေ့လာသိထားသင့်သည်။ ထိန်းသိမ်းရမည့်တာဝန်လည်း ရှိသည်။

အရေးကြီးဆုံးအချက်ကား စကားဖြစ်သည်။ စကားသည် လူမျိုးတစ်မျိုး၏သက်သေဖြစ်သည်။ မိမိဘာသာစကားကို ပြောခြင်းအားဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သည်။ မိမိပြောနေသည့်ဘာသာစကားကို အခြားလူမျိုးတစ်မျိုးက ကြားသည်ရှိသော် ဤလူမျိုး ဘာလူမျိုးလဲဟု မမေးသည့်တိုင် စိတ်ထဲမှာတော့ ရှိမည်သေချာသည်။ အကယ်၍ မေးလာခဲ့လျှင်လည်း မိမိဘာသာစကား၏ရင်းမြစ်မသိထားလျှင် အဘယ်သို့ဖြေမည်နည်း။ ဘာနှင့် သက်သေပြမည်နည်း။ သက်သေမပြနိုင်လျှင် မိမိအဖို့ ဘယ်လိုမှမခံစားရသော်လည်း မိမိလူမျိုး၏ဂုဏ်ကို နေရင်းထိုင်ရင်းပင် ညှိုးနွမ်းစေသည်။ အဲသည်လိုအချိန်မျိုး၌ မိမိသည် လူငယ်တာဝန်ကျေရဲ့လာဟု ပြန်သတိရဖို့လိုပါသည်။


စကားသည် လူတိုင်းအတွက် မရှိမဖြစ် ရှေ့ပြေးပေါင်းကူးတံတား ဖြစ်သည်။ ယနေ့ ကမ္ဘာသုံးစကားသည် အင်္ဂလိပ်စကားဖြစ်သည်။ အင်္ဂလိပ်လိုပြောနိုင်လျှင် မျက်နှာပွင့်သလိုတော့ရှိသည်။ နိုင်ငံတကာနှင့်လည်း ဆက်ဆံရလွယ်ကူသည်။ သို့သော် အင်္ဂလိပ်လိုပြောတတ်ပြီး မိမိ၏မိခင်ဘာသာစကားကို မတတ်လျှင်လည်း ဆားမပါသောဟင်းနှင့်တူသည်။ မည်သည့်ဘာသာစကားမဆို တတ်ထားဖို့လိုသလို မိခင်ဘာသာစကားကိုလည်း မေ့မထားအပ်ပေ။ မိမိဘာသာစကားကို မေ့ထားခြင်းအားဖြင့် မိမိလူမျိုးတုန်းအောင် လုပ်တာနှင့်အတူတူပင်။ အဲသည်လိုလုပ်ရပ်မျိုးသည် တာဝန်မဲ့သူတို့၏လုပ်ရပ်ပင်ဖြစ်သည်။

လူငယ်နှင့် ဘာသာစကား/စကား၏အရေးပါပုံကို သုံးသပ်ပြီးနောက် စာပေ၏အရေးပါပုံသည်လည်း ထိုနည်းနှင်နှင်။ စာပေသည် စကား၏ကွင်းဆက်ဖြစ်သည်။ စကားနှင့်စာပေ၊ စာပေနှင့်စကားသည် ခွဲခြားလို့မရပေ။ နေ့စဉ် သွားလာလှုပ်ရှားပြောနေသောစကားသည် စာပေဖြင့် ရေးမှတ်ကြသည်။ ဒါကြောင့် စာပေသည်လည်း စကားသာဖြစ်သည်။ ဘာသာစကားမပျောက်ပျက်အောင် စာသင်္ကေတဖြင့် မှတ်သားကြသည်။ အဲသည် စာသင်္ကေတသည် နှစ်ပေါင်းကြာလာသည်နှင့်အမျှ စာပေပညာရေး ဟူသော ဝေါဟာရတစ်ခု ဖြစ်လာသည်။
ထို့ကြောင့် စာပေအရေးအသားအတတ်ပညာသည် လူသားတွေအတွက် မရှိမဖြစ် အရေးပါအရာရောက်စွမ်းအားရှင်
လက်နက်တစ်ခု ဖြစ်သည်။

ကမ္ဘာ့ နိုင်ငံအသီးသီးက သူ့ထက်ငါ တိုးတက်အောင် စာပေ သို့မဟုတ် ပညာရေးကို ဦးစားပေးဝန်ဆောင်ကြသည်။ ယနေ့ တိုးတက်နေသောခေတ်ကြီးအတွင်း လူငယ်များအနေဖြင့် မိမိစာပေကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန် တာဝန်ရှိပေသည်။ မိမိစာပေကိုမတတ်သေးသူအဖို့ကား ပြန်လေ့လာသင်ယူရန် တာဝန်မရှိပေဘူးလား။ အမျိုးသားရေးစိတ်ဓာတ်ရှိသူမှန်သမျှ တိုက်တွန်းဖို့လိုမည်မထင်။ မိမိစာပေကိုလည်း ဘယ်သောအခါမှ လျစ်လျူရှုမည်မဟုတ်ပေ။ စာပေအတွက် ဘ၀နှင့်ရင်းပြီး ပေးဆပ်ကြမည်သာဖြစ်သည်။ ကရင်စာပေတိုးတက်ရေးသည် လူငယ်တို့လက်ထဲမှာသာရှိသည်။ ယနေ့ ကရင်စာပေ၏မှေးမှန်ရသည့်အကြောင်းရင်းမှာ ကြီးငါးကြီးလို့ခေါ်သည့် ဆရာကြီး၊ ဘုန်းကြီး၊ သူဋ္ဌေးကြီး၊ ဒေသတာဝန်ခံလူကြီး၊ မိဘကြီး စသူတို့က ကရင်စာပေကို လျစ်လျူရှုခဲ့သည်က တစ်ကြောင်း၊ လူငယ်တွေ အောက်ခြေလွတ်သည်က တစ်ကြောင်း၊ ကရင်လူမျိုးအများစုသည် စာပေစိတ်ဓာတ်မရှိသည်က တစ်ကြောင်း စသည့်အကြောင်းကြောင်းကြောင့် ဖြစ်သည်။
စာပေမှသည် ယဉ်ကျေးမှုသို့ နှီးနွယ်လျက်ရှိပေသည်။ ယဉ်ကျေးမှုသည် လူမျိုးကို တင့်တယ်စေသည်။

လူမျိုး၏အဆင်တန်ဆာဟုလည်း ဆိုနိုင်သည်။ ဤနေရာတွင် ယဉ်ကျေးမှုနှင့် ပတ်သက်လို့ သာဓကတစ်ခု ထောက်ပြချင်ပါသည်။ အခြားမဟုတ် ၀ါခေါင်လ ကရင့်ရိုးရာချည် ဖြူဖွဲ့ မင်္ဂလာပွဲပင်ဖြစ်သည်။ ဘယ်တုန်းက စတင်ကျင်းပလာခဲ့သည်ကို မသိသော်လည်း အလွန်ရှေးကျသည့် ကရင်လူမျိုးတို့၏ချစ်စရာဓလေ့တစ်ခုဟု ဆိုရပါမည်။ ယနေ့တိုင် ၀ါခေါင်လရောက်တိုင်း ကျင်းပလေ့ရှိသည်။ ၄င်းရိုးရာပွဲသည် များသောအားဖြင့် ဘုန်းကြီးကျောင်းတွင် ကျင်းပလေ့ရှိကြသည်။ ကျောင်းတွင်း၌ ကျင်းပကြသော်လည်း ဘာသာရေးပွဲတော်မဟုတ်ပါ။ ကိုးကွယ်ယုံကြည်မှုနှင့် လုံးဝမသက်ဆိုင်ပေ။ စကားအကုန်ဆိုရသော် ကျင်းပသည့်နေရာမရှိလို့ ကျောင်းသို့ သွားရောက်ပြုလုပ်ကြရခြင်းသာဖြစ်သည်။ လူငယ်များအနေဖြင့် ဤပွဲကို ဘာသာရေးပွဲဟု ယူဆမိလျှင် မှားပေပြီ။ ဤပွဲသည် ကရင်အမျိုးသားပွဲအစစ်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် လက်ချည်ပွဲကျင်းပခြင်းအားဖြင့် ကွဲကွာနေသော မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်းများ ပြန်ဆုံတတ်ကြသည်။ အဲသည်လို ပြန်ဆုံသည့် အချိန်၌ တစ်ယောက်နှင့်တစ်ယောက် ကိုယ်ရေးကိုယ်တာမှအစ မိသားစုရေးပါမကျန် နှီးနှောဖလှယ်ခွင့်ရသည်။ သူ့အရေးကိုယ့်အရေး ဖလှယ်ခြင်းအားဖြင့် နားလည်မှုတွေရရှိကြသည်။ နားလည်မှုမှသည် ခွင့်လွှတ်ခြင်းသို့ အကျိုးသက်ရောက်မှုရှိသည်။ ထိုမှတစ်ဆင့် မိသားစုသွေးစည်းခိုင်မာရေးအထိ ပို့ဆောင်နိုင်သည်။ ဤသဘောတရားကို သိထားလျှင် ချည်ဖြူဖွဲ့မင်္ဂလာအနှစ်သာရသည် အထူးပြောမလိုပြီ။

ချည်ဖြူဖွဲ့မင်္ဂလာ၏ ဦးတည်ချက်မှာ ကွဲကွာနေသောမိသားစုများ ပြန်လည်တွေ့ဆုံရေး သွေးဆောင်ဖြားယောင်းမှုမခံရရေး (အလိမ်အညာမခံရရေး) နှင့် မိဘဘိုးဘွားများ၏ဆုံးမစကားကို နာခံရေးတို့ပင်ဖြစ်သည်။ လူငယ်များအနေဖြင့် ၄င်းဦးတည်ချက်ကို ဆင့်ပွားတွေးကာ ကရင်အမျိုးသားများအတွက် လက်တွေ့နှင့်အမြင် လုပ်ဆောင်သင့်ပေသည်။
ထို့အပြင် လူဆိုသည်မှာ အသက်နှင့်လူလုပ်သည်မဟုတ်၊ အရှက်နှင့်လူလုပ်သည်မဟုတ်ပါလော။ ဒါကြောင့် လူတစ်ယောက်၏အရှက်ကိုကာကွယ်ရန် အ၀တ်အစားလိုအပ်ပေသည်။ အ၀တ်အစားဟူသည်မှာလည်း နေရာဒေသ၊ ကာလအပိုင်းအခြား မျိုးနွယ်စုအလိုက် စသည့်အကြောင်းတရားပေါ်မူတည်ပြီး သူ့သင်္ကေတနှင့်သူ ဖန်တီးဝတ်ဆင်ကြပါသည်။

မည်သည့်တိုင်းရင်းမဆို သူတို့ရိုးရာအ၀တ်အစား အသီးသီးရှိပြီးသားဖြစ်သည်။ ထို့အတူ ကရင်သည်လည်း အများသိတိုင်းရင်းသားတစ်မျိုး ဖြစ်သည်နှင့်အညီ ကရင့်အ၀တ်အစားဟူ၍ ရှိပါသည်။ ၄င်းအ၀တ်အစားများကို အမျိုးသားပွဲတော်မှအပ ၀တ်လေ့ဝတ်ထမရှိပေ။ အမျိုးသားဝတ်စုံကို ၀တ်ဆင်ခြင်းအားနည်းလာသည်နှင့်အမျှ နောင်တွင် လုံးလုံးမ၀တ်တော့သည့်အဖြစ်သို့ ရောက်သွားနိုင်သည်။ ထိုသို့မဖြစ်ရန် လူငယ်များက အမျိုးသားရေးအသိဖြင့် တာဝန်ယူထိန်းသိမ်းသင့်ပေသည်။

ထိုမျှမကသေး အနုသုခုမပညာသည်လည်း စိတ်ခံစားမှုနှင့်အတူ ပါလာသည့် ယဉ်ကျေးမှုတစ်ခုပင်ဖြစ်သည်။ ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာ့ဂီတပွဲတော်တို့၊ မြန်မာ့ဂီတပွဲတော်တို့၊ မြန်မာ့ဆို၊ က၊ ရေး၊ တီး ပွဲတော်တို့ နှစ်စဉ် တခမ်းတနားကျင်းပပြုလုပ်လေ့ရှိသည်။ ထို့နည်းတူ ကရင်ဂီတပွဲတော်သည်လည်း မရှိသင့်ပေဘူးလား။ ကရင့်ဂီတပွဲတော် ဖြစ်မြောက်နိုင်ရေးသည် ကရင်လူငယ်တို့၏ကြိုးစားအားထုတ်မှုပေါ်တွင် မူတည်ပါသည်။ ၄င်းဂီတပွဲတော် မဖြစ်သည့်တိုင် ကရင့်ရိုးရာ တူရှိယာပစ္စည်းတွေကိုတော့ အမြတ်တနိုး ထိန်းသိမ်းရပါမည်။ ဤ၀န်သည် လူငယ်တို့၏၀န်သာဖြစ်သည်။ အခြားသူတွေကို တွယ်ကပ်စရာအကြောင်းမရှိပေ။ သစ်လွင်သောအတွေးဖြင့် ထမ်းဆောင်ရန် တာဝန်အပြည့်ရှိပေသည်။

အထက်ပါဆိုခဲ့သမျှအကြောင်းအရာအားလုံးသည် ကရင်အမျိုးသားအနာဂတ်ရေးအတွက် လူငယ်များအားလုံး ခေတ်အမြင်ရှိရှိနှင့် လုပ်ဆောင်သွားမည်ဆိုရင် လူငယ့်တာဝန်ဟူသောစကားသည် မကျေပွန်စရာအကြောင်းမရှိပေ။ လူငယ်တို့အဖို့ တာဝန်သိရန်သာ အရေးကြီးလှပေသည်။
သထုံမြို့နယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်စာစောင်မှ...။အ်ုလျာ့ဖါန် မှ တစ်ဆင့် ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်ရှုမယ်...

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၃)

ကရင်လူမျိုးတို့၏ စကားအုပ်စုများ

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅) မျိုးရှိသည့်အနက် ကရင်မျိုးနွယ်စု (၁၁) မျိုးပါဝင်သည်။
၁၉၃၁-ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင် စာရင်းအရ ကရင်မျိုးနွယ်စု (၁၇) မျိုးကို အောက်ပါအတိုင်း အစီရင်ခံတင်ပြသည်။

၁၉၃၁-ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
သီးခြားမဖော်ပြထားသော ကရင်မျိုးနွယ်စု၊
-စကောကရင်၊
-ပကူးကရင်၊
-ဝေေ၀ါ်ကရင်၊
-မိုးဝေပ္ပါကရင်၊
-ဘွဲကရင်၊
-ပရင်းဘော်ကရင်၊
-မိုပ္ပါကရင်၊
-ပအို့ဝ်ကရင်၊
-ပဒေါက်ကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ဂဲခိုဂဲဘားကရင်၊
-ဇယိမ်းကရင်(ပဒေါင်ခေါင်းတို)
-တလိုင်းတလစီကရင် ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။

ယနေ့သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…

-ပိုးကရင် (မွန်ကရင်)၊
-စကောကရင်၊
-ဘွဲကရင်၊
-ပကူးကရင်၊
-တလပ္ပါကရင်၊
-မော်နေပ္ပကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ပလေကြီး(ခလေချီ)၊
-ပိုးကရင် (အနောက်)၊
-ဖိုးပ္ပါ (မိုပ္ပါ)။

သီးခြား ဖော်ပြမထားသော ကရင်…

ယနေ့တွင် ကရင်မျိုးနွယ်စုကို (၁၁) မျိုး သတ်မှတ်ထားသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသော အခြားကရင်မျိုးနွယ်စုများ မပါဝင်သေးပါ။ ကရင်လူမျိုးတို့တွင် ဘာသာစကားအနေဖြင့် တချို့မှာ နီးစပ်မှုရှိပြီး ကွဲပြားခြားနားမှုလည်း ရှိပါသည်ဒ

ရိုးရာဓလေ့ထုံးစံများ

ကရင်လူမျိုးတို့သည် ဘာသာစကားနှင့် တော်ပေါ်မြေပြန့်နေထိုင်မှု ကွာခြားခြင်းကြောင့် ရိုးရာဓလေ့ထုံးစံများ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အများစုမှာ တူညီကြပါသည်။
ရိုးရာဓလေ့ အနည်းငယ်ဖော်ပြရလျှင်…
(၁)အုပ်ချုပ်ရေးဆိုင်ရာနှင့်ပတ်သက်သော ရိုးရာဓလေ့များ၊
(၂)ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ၊
(၃)လူမျိုးရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၄)ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၅)ရိုးရာနတ်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၆)ပွဲလမ်းသဘင်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၇)ကျေးရွာနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၈)မျိုးနွယ်စုနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၉)အရှောင်/အဆောင်နှင့် ပတ်သက်သော ရိုးရာဓလေ့များ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။

ကရင်လူမျိုးတို့သည် အစွဲအလမ်းကြီးသည်။ ယုံကြည်လွယ်သည်။ မကောင်းမှုပြုရမည်ကို လွန်စွာဝန်လေးသူများဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာဓလေ့ထုံးစံအချို့သည် ခေတ်ကာလနှင့် မဆီမလျော်ဖြစ်သည်။ ရှေးရိုးကိုလည်း မပယ်ဖျက်နှင့်၊ ဆိုသောစကားအရ အရိုးကို အရွက်မဖုံးစေရန်နှင့် လက်ခံသင့်သည်ကိုသာ လက်ခံ၍ ခေတ်နောက်ကျပြီး ဆွေးမြေ့နေသော အယူအဆများကို ပစ်ပယ်သင့်က ပစ်ပယ်ရမည်ဖြစ်သည်။

ကရင်လူမျိုးတို့၏ ၀တ်စားဆင်ယင်မှု

ကရင်လူမျိုးတို့သည် မျိုးနွယ်စုများသလို ၀တ်စားဆင်ယင်မှုလည်း အရောင်အဆင်း စုံလင်သည်။ လူမျိုးနွယ်စုအလိုက် ၀တ်ဆင်သည့် အရောင်အဆင်းကို မူတည်ပြီး ကရင်လူမျိုးစုများကို ခွဲခြားသိသာနိုင်ပါသည်။ ထို့ကြောင့် ရှေးက ကရင်နီ၊ ကရင်ဖြူ၊ ကရင်နက်၊ လိပ်ပြာကြီး၊ လိပ်ပြာငယ်၊ တောပြာကြီး အစရှိသည့်နာမည်များဖြင့် ကရင်လူမျိုးစုများကို ကွဲပြားခေါ်ဝေါ်သတ်မှတ်လေသည်။
ကရင်လူမျိုးများတွင် ထွင်းသင်တိုင်းသည် အဓိကဖြစ်သည်။သင်တိုင်းအတိုအရှည်ရှိသည်။ သင်တိုင်းနှင့် ဘောင်းဘီဝတ်သောအမျိုးနှင့် သင်တိုင်းနှင့် လုံချည်ဝတ်သောအမျိုး ဟူ၍ ခွဲခြားနိုင်သည်။သံတောင်နယ် မြောက်ပိုင်းမှစ၍ အရှေ့ဘက် ကယားပြည်နယ် မြောက်ဘက်ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် ပျည်းမနာ၊ ရမည်းသင်း၊ အရှေ့ဘက်တွင် နေထိုင်ကြသော မျိုးနွယ်စု အမျိုးသားများသည် ဘောင်ဘီတို၊ ဘောင်းဘီရှည်များ ၀တ်ဆင်ကြပြီး သင်တိုင်း(သို့) ကိုယ်ထည် ကြုတ်ကျယ်ပေါ် အတိုများကို ၀တ်ဆင်ကြသည်။အမျိုးသမီးများသည် သင်တိုင်းခါးပြတ်နှင့် အနီ၊ အနက်နှင့်အဖြူရောင် အဆင်းရှိ ထမီတို့ကို ၀တ်ဆင်ကြသည်။

လက်ဝတ်ရတနာအဖြစ် ကြေးနှင့်ငွေတို့ကို အသုံးပြုကြသည်။ ကျောက်ရောင်စုံပုတီးများ သုံးကြသည်။ နားထောင်း၊ လည်ဆွဲ၊ လက်ကောက်ဝတ်များနှင့် ငွေခေါင်းပတ်များ ငွေသားများ ဖြစ်ကြသည်။ ကရင်လူမျိုးများမှာ ပဲခူးရိုးမ ရှိ စကောကရင်နှင့် ပိုးကရင်တို့ ဖြစ်ကြသည်။ ကရင်အမျိုးသားများသည် သင်တိုင်းအနီ ခေါင်းပေါင်းနှင့် ပုဆိုးများ ၀တ်ဆင်နေဆဲဖြစ်သည်။ အမျိုးသမီးများမှာလည်း သင်တိုင်းတို၊ သင်တိုင်းရှည် ခေါင်းပေါင်းထမီများကို ၀တ်ဆင်နှစ်သက်ဆဲဖြစ်သည်။

အမျိုးသမီးထမီများကို အောက်ပါအတိုင်း ခွဲခြားထားသည်။
(၁)ရိုးရာထမီ( ထူရူ့နီး)
(၂)လူငယ်ဝတ်ထမီ(နီးဂူထူ)
(၃)အပျိုဘော်ဝင်စထမီ (နီးသိုင်းဆက်)
(၄)မပျိုဝတ်ထမီ(နီးလောင်းဝေါ်) ဟူ၍ (၄) မျိုးခွဲခြားထားသည်။
ရှမ်းပြည်နယ်နှင့် နီးစပ်သောဒေသရှိ ကရင်လူမျိုးနွယ်စုသည် ရှမ်းဆန်ဆန်ဝတ်လာပြီး မြန်မာလူမျိုးတို့နှင့် နီးစပ်ရောနှော နေထိုင်သူတို့မှာ မြန်မာဆန်ဆန်ဝတ်လာကြသည်။ ရွှေကျင်ကျောက်ကြီး အရှေ့ဖာပွန်၊ လှိုင်းဘွဲ့ ဒေါနတောင်ခြေတစ်လျှောက်ရှိ အမျိုးသမီးတို့သည် သင်တိုင်းရှည်အဖြူကိုသာ ၀တ်ဆင်ကြသည်။အိမထောင်ကျမှသာ သင်တိုင်းတိုနှင့် အခြားအရောင်အဆင်းရှိသော သင်တိုင်းများကို ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

ယခင် ကရင်အမျိုးသမီးများသည် မိမိမင်္ဂလာဆောင်ရာတွင် ၀တ်ဆင်မည့် သင်တိုင်နှင့် ထမီအား မိမိကိုယ်တိုင် အလှပဆုံးသော ဆန်းသစ်သော ဒီဇိုင်းများ ကိုယ်တိုင်ရက်လုပ်သည်။ တစ်သက်လုံး သိမ်းဆည်းထားသည်။ အမျိုးသမီးခြုံမည့်ဆောင်၊ အမျိုးသားခြုံမည့်ဆောင်ကိုလည်း ကိုယ်တိုင်ရက်လုပ်သည်။ ထို သင်တိုင်းထမီများ၊ မြေး၊မြစ်အထိ အမြတ်တနိုး ကိုင်တွယ်၍ လွန်စွာ တန်ဖိုးထားကြသည်။

ဆက်လက်ဖော်ပြပါဦးမည်...
KDA မှကူးယူသည်

ဆက်လက်ဖတ်ရှုမယ်...

Sunday, June 13, 2010

(ဍေမီယေါတ် မ်ုအင်းဟှးစိုဝ် (ပန်းသပြေနဲ့ ကြိုဆိုနေမယ်)

တန်းတူအခွင့်အရေး ရရှိရေး၊ တရားမျှတမှု ရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အသက်ပေး တော်လှန်တိုက်ပွဲဝင်နေတဲ့ ကရင့်တော်လှန်ရေးသမားများရဲ့ ပြန်လာမယ့်လမ်းကို ပန်းသပြေနဲ့ ကြိုဆိုနေမယ်ဆိုတဲ့ သီချင်းနဲ့ ကရင့်တော်လှန်ရေးသမားများအတွက် ဂုဏ်ပြု တင်ဆက်လိုက်ပါတယ်။

ဆက်လက်ဖတ်ရှုမယ်...

Saturday, June 12, 2010

ကေအဲန်ယူ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖဘက်မှ ၁၂ဦး ကျဆုံး


ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အခြေစိုက်လျှက်ရှိသည့် နအဖ တပ်ရင်းများနှင့် တပ်အပြောင်းအလဲလုပ်ရန် ၀င်ရောက်လာသည့် တပ်များ ကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ဇွန်လ ၁၀ရက်နေ့က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ထိုနေ့ မနက် ၁၁နာရီခန့်အချိန်တွင် အင်အား တစ်ရာဝန်းကျင်ရှိ နအဖ လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၉) တပ်ဖွဲ့ဝင်များကို ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)က ဘုရားသုံးဆူနှင့် သံဖြူဇရပ်လမ်းရှိ ရဲတံခွန်ရွာအနီးတွင်တကြိမ်၊ ခလရ(၂၈၄)တပ်ဖွဲ့ဝင်များကို မြိုင်သာယာနှင့် အကလုံကျေးရွာအကြားတွင်တကြိမ် ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ ၁၂ဦး ကျဆုံးကာ ၂၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်ယူ အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ပြော သည်။

“ဖြစ်တာကတော့ အဲဒီနေ့မှာပဲ မနက် ၁၁နာရီမှာတကြိမ်၊ မွန်းလွဲပိုင်းမှာတကြိမ်။ မနက်ပိုင်းပွဲမှာ နအဖဘက်က ၁၁ယောက်သေတယ်။ ၂၀က ဒဏ်ရာရတယ်။ မွန်းလွဲပိုင်းမှာတော့ နအဖဘက်ကပဲ ၁ယောက်သေ၊ ၁ယောက် ထိတယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောဆိုသည်။


အနန်းကွင်းရှိ ဗျူဟာ(၁)ကို တပ်ချိန်းရန် ရောက်ရှိလာသည့် နအဖ ခမရ(၄၀၁)၊ (၄၀၉)တပ်များကို ကေအဲန်ယူ တပ်ရင်း(၁၆)ဌာနချုပ်တပ်ဖွဲ့ကလည်းကောင်း၊ ခလရ(၃၂)ကို တပ်ပြောင်းလဲရန်လာသည့် ခလရ(၂၈၄)ကို ကေအဲန်ယူ တပ်မဟာ(၆)လက်အောက်ခံ အဆိုပါတပ်ရင်း၏ တပ်ခွဲ(၂)အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု သိရသည်။



ယခုတိုက်ပွဲတွင် ကျဆုံးသွားသည့် နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗျူဟာမှူးပါဝင်သည်ဟု ခန့်မှန်းရကြောင်း ထိုဒေသတွင် ရှိနေသည့် မွန်ပြည်သစ်ပါတီမှ အမည်မ ဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောကြားခဲ့သည်။

“အဲဒီနေ့က ကေအဲန်ယူနဲ့ နအဖ တိုက်ပွဲနှစ်ကြိမ်ဖြစ်တာတော့ ဟုတ်တယ်။ နောက်ပြီး အဲဒီတိုက်ပွဲက ကျဆုံးသွားတဲ့သူတွေထဲမှာ နအဖ ဗျူဟာမှူးတစ် ယောက်နဲ့ စက်ဆရာ(ဆက်သွယ်ရေး)တစ်ယောက်လည်း ကျန်ခဲ့တယ်လို့ ပြောသံကြားတယ်”ဟု ကေအိုင်စီကို ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေတွင် ယခုနှစ်အတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်များသည် တိုက်ပွဲပေါင်း ၁၀ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလ ၁၄ရက်နေ့က ခြောက်နာရီကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ယခုတိုက်ပွဲသည် နအဖ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်သည်။

ဆက်လက်ဖတ်ရှုမယ်...

ပြန်လည်သင့်မြတ်ရေး အပိုင်း(၁)


အပြင်စကားနှင့်သတင်းမီဒီယာဖေါ်ပြချက်များကြောင့်ကျွန်ုပ်တို့ကရင်အမျိုးသားကြားမှာ
စည်းလုံးညီညွတ်မှုကို အဟန့်အတားအဖြစ်ထိခိုက်နစ်နာစေသည့် အချက်တစ်ချက်ကို
ကျွန်တော်အနည်းငယ်တင်ပြဆွေးနွေးချင်ပါသည်။
ထိုအချက်သည် ဘာရယ်မှ မဟုတ်သော်ငြား
ဘာသာရေးနှင့်ပတ်သက်ဆက်နွယ်နေသောကြောင့် တစ်ဦးနှင့်တစ်ဦး
နားလည်မှုလွဲချော်မသွားရလေအောင်၊
အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလို မဖြစ်ရအောင် ကျွန်ုပ်တို့သထိထားရမှာသာ
ဖြစ်သည်။ ထိုအချက်မှာ တစ်ချို့သောကရင်များသည် ဒီကေဘီအေ မကောင်းကြောင်း
ပြောလျှင် လုံးဝမကြိုက်ကြသော အချက်ပင်ဖြစ်သည်။


သူတို့၏အဆိုအရ.....
ဒြီကေဘီအေဟာ ဖြစ်ပြီးပျက်မဲ့သင်္ခါရသဘောတရားကြားကနေ
အခြေအနေနှင့် အချိန်အခါကြောင့်ပေါ်ထွက်လာခဲ့တဲ့ ကရင့်တပ်မတော်
အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီကေဘီအေမှာ ကောင်းသောသူတွေရှိသလို
မကောင်းသောသူတွေလည်း ရှိတယ်ဆိုတာ ကျွန်တော်တို့လက်ခံတယ်။
လက်မမကောင်းရင်လက်မဖြတ်ပေါ့၊ အခုဟာက ငါးခုံးမတစ်ကောင့်တစ်လှေလုံးပုပ်
ဆိုသလို ခြုံပြီးပြောကြ၊ရေးကြတော့ ထိခိုက်တော့ဘယ်သူ့ကိုထိခိုက်လဲ၊
ကရင်တွေကိုပဲ ထိခိုက်တယ်ဋ္ဋဋ္ဋ ဆိုပြီး ပြောသွားသည့် ကရင်တစ်ချို့ကိုလည်း
ကျွန်ုပ်ကြုံဖူးခဲ့သည်။

တစ်ချို့ကမူ.....
ြ ကရင့်မီဒီယာတွေက ဒီကေဘီအေခွဲထွက်ရတဲ့ အရင်းအမြစ်ကို မစူးစမ်းမလေ့လာပဲနဲ့
ရေးချင်ရာရေးနေကြတယ်၊ ပြီးတော့ အဲဒီမီဒီယာသမားတွေဟာ နှစ်နဲ့ချီပြီး ကရင်ပြည်နယ်
ပြန်မရောက်ဖူးကြတော့ ပိုဆိုးတာပေါ့ဋ္ဋဋ္ဋ ဆိုပြီးပြောသောသူတွေလည်းရှိသည်။

အမှန်တော့ မည်သည့်ကရင်မျိုးနွယ်စုမဆို မတရားဖိနှိပ်ချုပ်ခြယ်သောစစ်အစိုးရကို
တွန်းလှန်တိုက်ခိုက်သော KNU လို အဖွဲ့အစည်းမျိုးကို အားပေးကြတာချည်းပင်ဖြစ်သည်။
သို့သော်လည်း နိုင်ငံရေးမျက်စိဖွင့်ဟပ်မှုနှင့် အမျိုးသားရေးအမြင် အကျဉ်းအကျယ်
ကွာခြားမှုရှိကြသောကြောင့် ကြီးပြင်းလာခဲ့ရသော ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး
သဘောထားမတိုက်ဆိုင်မှုများ ပေါ်ပေါက်လာရခြင်းသာဖြစ်သည်။

ကျွန်တော်ဒီကိုမထွက်လာခင် ၂၀၀၉ ရွှေကုက္ကိုလ်ကရင်စာပေသင်တန်းဆင်းပွဲကို ရောက်ဖြစ်ခဲ့ပါသည်။
ရွှေကုက္ကိုလ်မှာ ရှိတဲ့ ဗိုလ်မှူးချစ်သူစံအိမ်းကြီးကိုလည်း ရောက်ခဲ့ပါသည်။ ခြံကျယ်ကြီးထဲမှာ ကရင့်အနုပညာ
သမားတွေကို ထမင်းဖိတ်ခေါ်ကျွေးတာဖြစ်သည်။အဲဒီချိန်တုန်းက ရေကူးကန်မပြီးစီးသေးသောကြောင့်
အိမ်သစ်တက်ပွဲမလုပ်ရသးပါ။
သူသည် အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်သော အရာတစ်ချို့ကိုတော့လုပ်ပါသည်။
သို့သော်လည်း ပညာအခြေခံအားနည်းသောကြောင့် သူ၏နိုင်ငံရေးအမြင်နှင့်လုပ်ဆောင်မှုများသည်
စစ်အစိုးရ၏ ကျော့ကွင်းထဲ သက်ဆင်းရတာချည်းသာဖြစ်သည်။

ကျြွန်တော်က သူတို့ပြောတဲ့ ဗမာစကားအကုန်လုံးကို နားမလည်တော့ တစ်ခါတစ်လေ အခက်ကြုံ
ရပါတယ်။ ပြီးတော့ နေပြည်တော်မှာ ဗိုလ်မှူးတွေနဲ့ ဂေါက်သွားရိုက်တော့ ကျွန်တော့်ဂေါက်တံဂေါက်အိတ်တွေက
အကောင်းစား ထိုင်းက၀ယ်လာတာ၊ ဒါပေမဲ့ ကျွန်တော်ကဗိုလ်မှူးတွေကြားမှာ ဂေါက်မရိုက်တတ်တော့
ဘာလုပ်ရမှန်းမသိတာနဲ့ ထီးဆောင်းပေးတဲ့ကောင်မလေးမျက်နှာကိုပဲ ရပ်ကြည့်နေလိုက်တယ်ဋ္ဋဋ္ဋ ဆိုပြီး
ကျွန်ုပ်တို့ကို ပြောဖူးပါတယ်။
သူဟာ ဂေါက်မရိုက်တတ်တာကို နောင်တရမလိုလိုနဲ့ ဗိုလ်မှူးတွေကြားမှာ မွေ့ပျော်နေပါပြီ။
မြားဦးကကိုယ့်ဘက် ဘယ်လိုလှည့်လာမလဲဆိုတာ
ကြိုမတွေးတတ်ပဲ နအဖပေးတဲ့ မက်လုံးနှင့် အခွင့်အရေးကို အကုန်ယူသည်။ နအဖလုပ်သမျှကို
အားကျအထင်ကြီးသည်နေသည်ဟု ကျွှန်ုပ်ယူဆမိပါသည်။
တဖန်သူသည် နာမည်ကျော်ကြားချင်ပုံလည်းရသည်။
ကရင်အနုပညာသမားများ ဝေဖန်ပြစ်တင်မှုကြောင့် အခုမှ ကရင့်အနုပညာသမားများကို
နေရာပေးလာသည်။
အရင်က ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော် ငွေကုန်ကြေးကျခံပြီး ရန်ကုန်အဆိုတော်နှင့်
သရုပ်ဆောင်များကို ကြေးများများပေးပြီးခေါ်သည်။ ဘယ်သွားသွား လိုက်ပို့ရန် ကားနှင့်ဒရိုင်ဘာများကို
အဆင်သင့်ထားထားသည်။
ကရင်အဆိုတော်များကမူ ဗမာအဆိုတော်များဆိုသောစင်တွင် မဆိုရပဲ
ဒုံးစင်တွင်ည(၁)နာရီကျော်(၂)နာရီမှပေးဆိုသည်။ ထမင်းစားသွားလျှင်
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လမ်းလျှောက်သွားရသည်။
ထိုသို့ မညီမျှမှုကြောင့် ကရင့်အနုပညာသမားများပေါက်ကွဲလာရခြင်းဖြစ်သည်။
သို့သော်လည်း
သူ့ကို အားကိုးအားထား ပြုပြီး သူ့အရိပ်အောက်ကနေ ရုန်းမထွက်နိုင်တဲ့
အနုပညာသမားများလည်းရှိပါသည်။

စံအိမ်ကြီး၏တောင်ဘက် ဘန်ဂလိုပုံစံ ကျွန်းသစ်အိမ်ပေါ်တွင်
ဆရာကျော်ကြKNU ကိုသွားမတိုက်ပါနဲ့တော့ ငါ့ညီရာ၊ သူတို့တွေသင်တန်းပေးထားတာ
နှစ်(၅၀)နီးပါးလောက်ရှိတယ်၊သူတို့လက်နက်နဲ့ သူတို့ကိုပြန်တိုက်ရင် ကျေးဇူးကန်းသလိုဖြစ်နေမယ်။ဋ္ဋဋ္ဋ
ဆိုပြီး ပြောရမှာ ကျွန်ုပ်တို့အနုပညာသမားများအားလုံး မထင်မှတ်သော၊ မကြားချင်သော
စကားကို သူ့နှုတ်က ထွက်လာခဲ့သည်။
တြိုက်စရာရှိတာ တိုက်ရမှာပဲ၊ သူတို့က ကျွန်တော်တို့ရန်သူဖြစ်ခဲ့ပြီပဲ၊ အခုသွားတိုက်မဲ့နေရာမှာ
သူတို့အင်အားဘယ်လောက်ပဲရှိတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိတယ်ဋ္ဋဋ္ဋ
ကျွန်တော်တို့အားလုံးလည်း ထိုစကားကို ကြားရသောအခါ အားလုံးနှုတ်ဆိတ်စွာဖြင့်
ငြိမ်ကျသွားလေသည်။

အခုကျွန်တော်တင်ပြသည်မှာ ဗိုလ်မှူးချစ်သူတစ်ယောက်ထဲကိုသာဖြစ်သည်။
ဒီကေဘီအေကို မဆိုလိုပါ။

ကျွန်ုပ်တို့တွေအားလုံး ပြန်လည်သင့်မြတ်ဖို့ကြိုးစားရဦးမည်။
မန်းရောဘတ်ဇံက ဒီကေဘီအေသည် ညြီနောင်အဖွဲ့အစည်း၊ KNUသည်မိခင် အဖွဲ့အစည်းဋ္ဋဋ္ဋ
ဆိုသကဲ့သို့ ကျွန်ုပ်တို့အယောက်စီတိုင်း စိတ်နှလုံးသွင်းပြီး တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနေကြပါစို့။
ကိုးဒီသွေးမှ ကူးယူသည်

ဆက်လက်ဖတ်ရှုမယ်...

Friday, June 11, 2010

ယု္ဂမႜိဳင္ၟအု္ဟွင္ၟ

ဆံင့်ဏးယှံင်္ဘးလာၟထါခေါဟ် ဟှေ်ဟ၀့် လ်ုပုဂ်ယိုဝ်ဏင်ထီးဆါ်။
မွဲါအု္ဘးတ်ုကေ၀်ပ်ုဝါဆေ၀်ၟဟှး။
ဏ်ုသီးအေထုင်ၟတင်္ဘး အှ်လုမိင်လါလါၟဆေ၀်ၟစါ်္ဘိုဝ် ကေ၀်လင်လါၟ
ဆ်ုခႜါင်မာလုက်သယ် ဏင်ထီးဆါ်။

ဆက်လက်ဖတ်ရှုမယ်...

Thursday, June 10, 2010

သွေးစည်းဖို့အချိန်တန်ပြီ


ကရင်အမျိုးသားအများ တစ်ဘက်နှင့်တစ်ဘက် အထင်အမြင်ဆက်ပြီးမမှားအောင် မနေ့ကအမှားများစွာကို


ဆေးကြောသန့်စင်ပြီး ပြန်လည်သင့်မြတ်ကြရန် ရည်ရွယ်ချက်ဖြင့် မန်းရောဘဇံနှင့်စောအောင်ဝင်းရွှေတို့က
နိုင်ငံတကာကိုခြေဆန့်ပြီး လိုက်လံစည်းရုံးခဲ့သည်။
ဆက်လက်ပြီး ရောဘဇံက ကျွန်ုပ်တို့ဟာ စောဘဦးကြီး၏မူအတိုင်းဆက်လက်ရပ်တည်မှာဖြစ်ပြီး
ဘယ်နိုင်ငံမှာဘယ်လောက်ကြီးပွားချမ်းသာနေစေကာမူ မိမိတိုင်းပြည်မရှိလျှင်
ဘယ်ကရင်မှ သိက္ခရှိလိမ့်မည်မဟုတ်ကြောင်း၊ အခြေအနေနှင့်အချိန်အခါက ကျွန်ုပ်တို့ပြန်လည်
သင့်မြတ်ဖို့ကို ဆုံးဖြတ်ပေးမည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားပါသည်။

ဆက်လက်ဖတ်ရှုမယ်...

ကရင်အငြိမ့်-နာန်ဏ်ုဒီဖ၀့်အွာ

ဆက်လက်ဖတ်ရှုမယ်...

စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း

ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။

´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။

ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။
၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။
သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။
စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။
နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။

သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။

ဒါကြောင့် `ငါ စာပေစိတ်ဓာတ်ရှိသည် `ဟု အော်ရုံနှင့်မပြီး၊ အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်သင့်ပါသည်။ နောက်ဖြစ်ရပ်တစ်ခုကား နွေရာသီ ကျောင်းပိတ်သည့်အတောအတွင်း စာပေစိတ်ဓာတ်ရှိသော ရွာတွေက ကရင်စာပေသင်တန်း ဖွင့်လှစ်ကြသည်။ သင်တန်းဖွင့်တော့ ပြဿနာနှင့် တိုးပြန်သည်။ အကြောင်းကား ပညာတတ် သမီးတစ်ယောက်က ကရင်စာ လာသင်သည်။ သူမ စာလာသင်သည်ကို မိဘတွေက မကြိုက်ကြ၊ မသင်ရန် တားမြစ်သည်။ နောက်တော့ သူမ၏ အမေက `ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ သမီး၊ ကရင်စာပေနည်းပြတွေလို လေလွင့်မနေနဲ့၊ သူတို့တွေက အမြင်ကျဉ်း၊ အယူသီး၊ အစွန်းရောက်တွေ၊ ကရင်စာသင်နေမယ့်အစား ဂျူရှင်ကြိုတက်ထားနိုင်ရင် သမီးအတွက် ပိုကောင်းသေးတယ်။ သမီးက ကရင်စာကို ကြိုးစားပမ်းစား သင်ယူနေတာ ဘ၀ရှေးရေးအတွက် ဘာအထောက်အကူပြုမှာမို့လို့လဲ` စသည်ဖြင့် သူ့သမီးလေးကို တရဟော ပြောချသွားသည်။

ပြီးတော့ သူမအဖေကလည်း စာပေနည်းပြတွေဆီသွားကာ `နင်တို့သင်တန်းဖွင့်တာ ဘယ်သူဖွင့်ခိုင်းလို့လဲ၊ သင်တန်းကြောင့် ကလေးတွေ ပျက်စီးကုန်ပြီ၊ နင်တို့သင်တန်းက ဘယ်မှာ တက္ကသိုလ် ရှိလို့လဲ၊ ကရင်စာပေသင်တန်းအောင်မြင်ရင်ရော အလုပ်ခန့်စရာ ရှိလို့လား၊ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ လျှောက်မလုပ်ပါနဲ့၊ နင်တို့လုပ်ရပ်ကို ရပ်တန်းက ရပ်ပါတော့` စသည်ဖြင့် ပြောသွားသည်။
သူတို့စကားကြောင့် အားလုံးက ဇဝေဇ၀ါ ကမောက်ကမ ဖြစ်ကုန်သည်။ တရွာလုံးက သူတို့ကို ဘယ်သူမှ မလွန်ဆန်ရဲပေ။ နောက်တော့ သင်တန်းရက်မစေ့ဘဲ တစ်ဝက်တစ်ပြက်နှင့်သာ အဆုံးသတ်လိုက်ရသည်။
ထို့ပြင် စာပေစိတ်ဓာတ် မရှိသည်ထက် မသိတာက ပို၍ပင် ခက်သေးသည်။ ကျေးလက်ဒေသ တစ်ချို့ ရွာတွေဆိုလျှင် အေးဆေးလွန်းလှသည်။ ပညာရေးအသိ၊ ကျန်းမာရေးအသိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ၊ စာပေအသိစသည့် အသိဟူသမျှ မရှိသေးချေ။ ရိုးရာဓလေ့တောင်မှ လုပ်သာလုပ်ပြီး ဦးတည်ချက် မသိကြချေ။

အချိန်တန်လျှင် လယ်လုပ်သူက လယ်ထဲဆင်း၊ ခြံသမားက ခြံထဲဝင်၊ အရောင်းအ၀ယ်သမားက အရောင်းအ၀ယ်ရှာ သည်လိုနှင့်ပဲ လည်ပတ်ကြသည်။ စာပေသင်ရကောင်းမှန်း မသိကြချေ။ စာပေအသိ မရှိတော့ စာပေစိတ်ဓာတ်ကား အဘယ်မှာ ရှိမည်နည်း။ အများစုက ကရင်စာပေကို မတတ်ကြပေ။ အဲလိုရွားလည်း ရှိသေးသည်။ တစ်ချို့က ရေးထုံးကွဲ၍ မသင်ယူနိုင်ဟု ဆင်ခြေလက်ခြေပေးတတ်သေးသည်။ စာပေရေးထုံး ဘယ်လိုပဲ ကွဲပြားကွဲပြား၊ စာပေစိတ်ဓာတ် ရှိလျှင်တော့ ကိုယ့်ဘာသာစကားနှင့် သင့်တော်သည့် ရေးထုံးတစ်ခုတော့ တတ်ထားရန် လိုအပ်ပါသည်။ ဥပမာ -စကောကရင်ဆိုလျှင် စကောကရင်စာ တတ်ရမည်။ အလားတူ ပိုးကရင်လည်း ပိုးကရင်စာ တတ်ရမည်ဖြစ်သည်။
စာပေရေးထုံး အမျိုးမျိုးထဲမှ အရှေ့ပိုးကရင် ရေးထုံး(ရှေးဟောင်း၊ကရင်စာ)နှင့် ယနေ့ ကရင်သံဃာတော်များ အခန်းကဏ္ဍကို အလျဉ်းသင့်လို့ အကျဉ်းမျှ ပြောလိုပါသည်။(ပုတ်ခတ်ဝေဖန်ခြင်း မဟုတ်ပါ)

မြို့ကြီးပြကြီးမှာ ကရင်သံဃာတော်များ ဦးစီးဦးဆောင်သည့် ပရိယတ္တိစာသင်တိုက်တွေ ရှိပါသည်။ ကရင်ဘုန်းကြီးတွေ ထိုင်သည့်ကျောင်းဆိုလျှင် စာသင်သား အများစုကတော့ ကရင်တွေချည်းသာ ဖြစ်သည်။
သို့သော် သူတို့လေးတွေ ကရင်စာ မတတ်ရှာပေ။ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ကရင်စာ ရေးနိုင်၊ဖတ်နိုင်မှု အားနည်းလေတော့ အမျိုးသားအကျိုး၊ စာပေအကျိုး ဘယ်လိုထမ်းဆောင်မည်နည်း။
(ပရိယတ္တိ ထူထောင်ခြင်း၊ စာပေသင်ကြား ပို့ချခြင်းသည် စာပေမျိုးဆက်သစ် မွေးထုတ်ခြင်း မဟုတ်ဟု မဆိုလိုပါ) စာပေ တသီတတန်းတတ်ပြီး ကရင်စာပေ စိတ်ဓာတ် မရှိသည်ကို ဆိုချင်ပါသည်။ မြို့၌ ကရင်ကျောင်း ဆိုင်းဘုတ်တွေကိုကြည့်ပါ။ ကရင်ဘာသာနှင့် ဆိုင်ဘုတ်တင်တာ သိပ်မတွေ့ရပေ။

တစ်ကျောင်းတစ်လေတော့ ရှိကောင်းရှိနိုင်ပါသည်။ များများစားစား မရှိသေး။ ကရင်ကျောင်းသည် ကရင်ဘာသာလို ဆိုင်းဘုတ်တင်ထားခြင်းအားဖြင့် အခြားလူမျိုး၊အခြားဘာသာစကားကို ထိခိုက်စရာအကြောင်းမရှိပေ။ ကိုယ့်ဘာသာစကားကိုလည်း မြှင့်တင်ရာ ရောက်သည်။ ကိုယ့်မှာ စာပေရေးထုံးရှိကြောင်း၊ တခြားတိုင်းရင်းသားညီနောင်တွေကို သိခွင့်ပေးသလို တိုင်းရင်းသားအချင်းချင်း နားလည်မှုလည်း ရရှိလာမှာဖြစ်ပါသည်။
တောမှာ ကရင်ရွာ၊ ကရင်ကျောင်း၊ ကရင်ဘုန်းကြီးတွေကို ပြန်ကြည့်တော့လည်း ကရင်စာပေစိတ်ဓာတ်နှင့်ပတ်သက်လျှင် ရင်လေးစရာပင်။ အများစုက အလှူခံခြင်း၊ ကျောင်းဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ကျောင့်စောင့်ခြင်း၊ ဇာတ်ပွဲသဘင်ငှါးခြင်း စသည့်ဖြင့် လုပ်ကြသည်။

စာပေသင်တန်းဖွင့်ခြင်းကား ရှိသော်လည်း တနယ်မှာ တစ်ကျောင်း၊ တစ်ပါးတစ်လေသာ ရှိတတ်သည်။
အမှန်မှာတော့ ဘုန်းကြီးတွေက သြဇာအာဏာသက်ရောက်မှုရှိပါသည်။ အမှုအခင်းကလွဲပြီး ဘုန်းကြီးပြောလျှင် အားလုံးပြီးသည်။သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးတွေက စာပေစိတ်ဓာတ်သာ ရှိလျှင် ကရင်စာပေသင်ကြမည်လို့ တစ်ခွန်းပြောလိုက်သည်နှင့် တစ်ရွာလုံးလိုလို စာလာသင်ကြမည်မှာဖြစ်သည်။
အဲသည်လို နှိုးဆော်ရန်နေနေသာသာ တစ်ဦးတစ်ယောက်က စာပေသင်တန်းဖွင့်ချင်လို့ သွားတင်လျှောက်တာတောင်မှ မလိုလား၊ ခွင့်မပြုသည့် ဘုန်းကြီးကလည်း ရှိသေးသည်။

စာရေးသူအတွေ့အကြုံအရ တချို့ဘုန်းကြီးဆိုလျှင် ဇာတ်ပွဲငှါးဖို့ အချိန်ပေးနိုင်သည်။ ကရင်စာပေသင်တန်းဖွင်ဖို့ကျတော့ အချိန်မပေးနိုင်။ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပိုက်ဆံသန်းနှင့်ချီပြီး မတည်နိုင်သည်။ စာပေသင်တန်းအတွက်ကျတော့ သောင်းဂဏန်းလောက်တောင်မှ အကုန်အကျမခံနိုင်။ အခြေအနေက အဲသည်လိုရှိသည်။ အလွန်အုံသြဖို့ ကောင်းလှသည်။ စာရေးသူ ဝေဖန်ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါ။ စာပေစိတ်ဓာတ်နှင့် ပတ်သက်ပြီး တင်ပြခြင်းသာဖြစ်ပါသည်။

တကယ်တော့ ကရင်သည် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်၊ ပညာတတ်အလွှာဖြစ်ဖြစ်၊ သာမန်လူတန်းစားအလွှာဖြစ်ဖြစ် စာပေစိတ်ဓာတ်ရှိသူ အနည်းစုသာ ဖြစ်သည်။ စာပေစိတ်ဓာတ်သာ ရှိခဲ့ပါမူ ယခုလိုမျိုး စာပေ အောက်ကျနောက်ကျ ရှိနေမည်မဟုတ်ပါ။ တိုးတက်အောင် မလုပ်နိုင်သည့်တိုင် တတ်အောင်တော့ သင်ယူကြရမည်ဖြစ်သည်။ ယခုကျတော့ ဆယ်ပုံတစ်ပုံသာ မိမိစာပေကို ရေးနိုင်ဖတ်နိုင်သူရှိ၍ ကရင်လူမျိုး စာပေစိတ်ဓာတ် ရှိသည်၊ မရှိဘူးဆိုတာ သုံးသပ်ရင်း လိုအပ်နေသော ကရင်စာပေစိတ်ဓာတ်တစ်ခုကို ၀ိုင်းဝန်းဖြည့်စွက်ကြစေလိုကြောင်း……။

ပိုးဖလံ(ယမ်းငွေ့မြေ)
2749-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်၊ သထုံမြို့နယ်၊ အထိန်းအမှတ်စာစောင်မှ။

ဆက်လက်ဖတ်ရှုမယ်...

Sunday, June 6, 2010

KNLA ဝေါ်လေခီးစခန်းသို့ နအဖ တပ်အလုံးအရင်းနှင့် ချီတက်နေ


ဝေါ်လေခီး စခန်းအခြေစိုက် KNLA တပ်ရင်း(၂၀၁) မှ ရဲဘော်များ

ယမန်နေ့ ည က ဘီဘီစီ သတင်းဌာနမှ နအဖ စစ်တပ်တွေဟာ မဲဆောက်မြို့ တောင်ပိုင်း ကေအဲန်ယူ ရဲ့ ဝေါ်လေခီး - တပ်ရင်း(၂၀၁)စခန်းရှိရာသို့ အလုံးအရင်းနဲ့ ချီတက်လာနေတယ် လို့ ကြေငြာသွားပါတယ်။ ထိုဝေါ်လေခီးစခန်းကို နအဖ တပ်တွေက ဒီကေဘီအေရဲ့ အကူအညီဖြင့် အကြိမ်ကြိမ်တက်တိုက်ခဲ့ဘူးပါတယ်။ သို့ ပေမယ့်လည်း KNLA တပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် နအဖ တပ်နှင့် ဒီကေဘီအေ တပ်တွေဟာ ထိုစခန်းကို ကြာရှည် ထိန်းမထားနိုင်ပဲ ပြန်လည်လက်လွတ်ဆုံးရှူံးရပါတယ်။

ယခုထွက်ပေါ်လာတဲ့သတင်းအရ နအဖ တပ်တွေဟာ ယခင်က တက်တိုက်ခဲ့သည့်နည်းတွေတင်မကပဲ စခန်းရဲ့ နောက်ကြောကို ပါ တပ်အင်းအားအလုံးအရင်းနဲ့ တက်လာနေတယ်လို့ ဆိုပါတယ်။ ဒီပွဲမှာ ဒီကေဘီအေ ရဲ့တပ်တွေ နအဖ နဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက်အထိပါဝင်နေသလဲ့ဆိုဒါ စိတ်ဝင်စားစရာပါ။

ယခု နအဖ တပ်တွေ ဝေါ်လေခီးစခန်းသို့ မထင်မှတ်ပဲ အလုံးအရင်းချီတက်လာဒါဟာ ကေအဲန်ယူမှ ဗိုလ်မှူးကြီး နယ်ဒါးမြ ဥရောပ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။ ဗိုလ်မှူးကြီးနယ်ဒါးမြဟာ ယခင်က ဝေါ်လေခီးစခန်းအခြေစိုက် KNLA တပ်ရင်း(၂၀၁)၏ တပ်ရင်းမှူးတစ်ဦးပါ။ ထိုတပ်ရင်းအပေါ် ဗိုလ်မှူးနယ်ဒါးမြဟာ ယခုအချိန်အထိဆက်စပ်နေသလို သြဇာသက်ရောက်နေတုန်းပဲလို့ ဆိုရပါမည်။ ဒါတွေကို သိနေတဲ့ နအဖ တပ်က နိုင်ငံရေး စစ်ရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဗိုလ်မှူးကြီး နယ်ဒါးမြ ရဲ့ ဥရောပ နိုင်ငံများ ခရီးစဉ်ကာလမှာ တစ်စုံတရာ ဖိအားပေးရန် ရည်ရွယ်ပြီး ဝေါ်လေခီး စခန်းသို့ ချီတက်နေခြင်းဖြစ်ကြောင်း သုံးသပ်မိပါတယ်။

ဆက်လက်ဖတ်ရှုမယ်...

Wednesday, June 2, 2010

အပြုံးပိုင်ရှင်၏ အားပေးစကား




လောကမှာ သူ့လူမျိုး ကိုယ့်လူမျိုးတွေနဲ့ လူမျိုးခွဲပြီး နေထိုင်လာခဲ့ကြတာဟာ နှစ်ပေါင်းတွေလဲ မနည်းတော့ပါဘူး ။ လူမျိုးတစ်မျိုးမှာ အရေးကြီးလိုအပ်နေတဲ့ အချက်အလက်တွေဟာ ဘာတွေများလဲလို့ အပြုံးပိုင်ရှင် တွေးကြည့်လိုက်တဲ့အခါ လူမျိုးတစ်မျိုး ဖြစ်လာပြီးဆိုရင် ၁-ရိုးရာ ၂-ငွေ ၃-စာပေ ၄-အလံတော် ၅-နိုင်ငံဆိုပြီး ရှိသင့်ပါတယ်လို့ အပြုံးပိုင်ရှင် ထင်မြင်ယူဆမိပါတယ်။ တစ်ချို့လူမျိုးတွေမှာ ရိုးရာ ငွေ စာပေ အလံတော် နိုင်ငံစသည် အပြည့်အစုံရှိကြပြီး တစ်ချို့လူမျိုးတွေမှာ ရိုးရာ ငွေ စာပေ အလံတော် နိုင်ငံစသည် အပြည့်အစုံမရှိကြတာတွေလဲ တွေ့ရှိရပါတယ်။ ကရင်လူမျိုးတွေဟာ ရိုးရာ နှင့် အလံတော်ကလွဲလို့ ဘယ်မှာလဲ ကရင်ငွေ ဘယ်မှာလဲ ကရင်စာပေ ဘယ်မှာလဲ ကရင်နိုင်ငံ။ နေတာက မြန်မာပြည် သုံးနေတာက မြန်မာငွေ သင်နေတဲ့စာပေကလည်း ကရင်စာပေလို့ ဘယ်လိုပြောနိုင်မှာလဲ ဒါတွေဟာ ကရင်လူမျိုးတို့ရဲ့ အားမည်းချက်တစ်ရပ်ပါ။ လူတစ်ဦးရဲ့ အားနည်းချက်လေးတွေကို ပြောကြစတမ်းဆိုရင် လောကမှာ အာနည်းချက်မရှိတဲ့လူ မရှိပါဘူး။ အဲ့ဒီထဲမှာ အရုပ်စိုး ပညာမဲ့ ရွှေမရှိ ငွေမရှိ ဘ၀မှာ ရစရာမရှိလောက်အောင် မွဲတေနေတဲ့ အပြုံးပိုင်ရှင်လို လူသားမျိုးက အားနည်းချက်လေးတွေ ပိုပြီးများပြားပါတယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ ဒါပေမယ့် အပြုံးပိုင်ရှင် အားပေးချင်တာကတော့ ကိုယ်ရဲ့အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက် အားမငယ်ကြစေဖို့ လောလောဆယ် မြန်မာနိုင်ငံမှာပဲနေနေ မြန်မာငွေကိုပဲသုံးသုံး လက်ရှိအချေအနေမှာ ကရင်ရိုးရာ နှင့် ကရင်အလံတော်တွေ ရှိနေသေးတာမို့ မိမိတို့ရဲ့အလံတော် မလှဲစေရလေအောင် မိမိတို့ရဲ့ရိုးရာတွေကိုလည်း မပြောက်ပျက်စေရလေအောင် သတိဝီရိယနဲ့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အားပေးစကား ပြောလိုပါတယ်။ အားနည်းချက်ဆိုတာ လူသားတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ လောကမှာ လူသားတွေ ရှိနေသမျှကာလပတ်လုံး အားနည်းချက်ဆိုတာ ရှိနေဦးမှာပဲ။ အားနည်းချက်တွေ ရှိနေသမျှကာလပတ်လုံး ဘ၀မှာ ဘယ်လိုမှ အေးချမ်းမှု မရှိပါဘူး။ ရှိနေတဲ့ အားနည်းချက်လေးတွေကို တွေးပြီးအားငယ်နေမယ်ဆိုရင် ဘ၀မှာ ပိုပြီးတော့ အေးချမ်းမှုနဲ့ အလှမ်းဝေးစေနိုင်ပါတယ်။ မိမိတို့ရဲ့ အားနည်းချက်တွေကို အားသာချက်တစ်ခုဖြစ်အောင် ကြိုးစားကြဖိုပါ အာလုံး ကြိုးစားနိုင်ကြပါစေလို့ပဲ အပြုံးပိုင်ရှင် တိုက်တွန်းလိုပါတယ်။ ။

ဆက်လက်ဖတ်ရှုမယ်...

ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ထိုင်ခုတ်ဖို၊ ပြာသိုလ်လဆန်း(၁) ရက်သည် ၁၉၃၈-ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ၊ ပိတ်ကြရသည်။ ပြည်သူအားလုံး အားရ၀မ်းသာဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူးပွဲတော်နေ့သည် နှစ်စဉ်လာဦးမည်ဖြစ်သောကြောင့် မင်္ဂလာရှိသော နိုင်ငံတော်ရက်အား တစ်ရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူ၊ ကျောင်းသူကျောင်းသားတို့ ၀မ်းသာမဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့က မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ်တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှါ မစွမ်းနိုင်ပေ။

ကရင်နှစ်သစ်ကူးနေ့နှင့်တကွ ကရင်သက္ကရာဇ်ပါလာ၏။၎င်းသက္ကရာဇ်မှာ အံ့သြဖွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာ့သုံးသက္ကရာဇ် ၁၉၈၀-ထက် ၇၃၉ နှစ် ကြီးရကား ကရင်လူမျိုးတို့သည် ကမ္ဘာ့အံ့ဖွယ်တစ်ခုကို တီထွင်လိုက်ခြင်းဖြစ်နေသည် ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

အကြောင်းစုံဆိုရသော်…..

ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင်ရီးနှီးသူများ ရောက်လာကြသည်။ လာရသည့်အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို `ဘယ်လိုလဲ အံ့သြစရာပဲ` တယ်ဆန်းကြယ်ပါလား၊ ရှင်းပြပါဦး` ဆို၍ အသီးသီး မေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေ မျှသာ ရှိခဲ့သည်။ ကျေနပ်မှု မရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာမပေါ်ခဲ့ပေ။ကရင်လူငယ်တစ်သိုက်လည်း
အားရ၀မ်းသာရှိကြသည

နှစ်သစ်ကူးနေ့ စည်ကားရန်နှင့် နှစ်စဉ်ပိုမို စည်ကားရန် ကြိုးပမ်းကြသည်ကို မြင်ရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ သို့သော် ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကား၍ ပိုမိုထွန်းတောက်လာရမည့်အစား မှေးမှိန်စေသော အကြောင်းအရာတစ်ချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်တချို့လည်း ကရင်စာအုပ်၊စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။

ကရင်သက္ကရာဇ်နှစ်ဟာ ယုံမှားစရာ၊ ၀ီစိကိစ္စာ ရှိစရာပဲလို့ မြည်လာပေသည်။
ထိုသို့မြည်သံကား မကျယ်သေး၊ ပို၍မကျယ်မီ ယုံမှားသံသယကင်းစင်အောင်၊ ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းကဏ္ဍမှာ ဇန်န၀ါရီ (၁) ရက်နေ့ ရွေးမလား၊ ဆရာယုဒသန် မြန်မာပြည်ရောက်လာသည့်ရက်ကို ရွေးမလား၊ ပြာသိုလ်လဆန်း(၁) ရက်နေ့ကို ရွေးမလား ပြဿနာပေါ်ပေါက်ခဲ့သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်ပေါက်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတပညာရှင်တို့ ယူဆကြသည်။ ဤကဲ့သို့ တွေးထင်သူများအား အပြစ်ပြောစရာ မရှိပေ။ ဤပြဿနာရှိနေသမျှကာလပတ်လုံး ကရင်နှစ်သစ်ကူးနေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း ထောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဘက်သို့သာ ယိုင်အံ့။ ကျေနပ်လောက်အောင် သံသယမရှိအောင် ရှင်းလင်းဖို့ လိုပေသည်။

(၁)ပဲခူးနယ်၊ ဟင်္သာတနယ်၊တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလ်လဆန်း (၁) ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏။ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးလှသည်။ သို့သော် မကွယ်ပျောက်သေး။
(၂) ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခုနှစ်၊ ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေး၊ ထိုင်ခုတ်ဖို၊ လဆန်း(၁) ရက်နေ့နှင့် (၂) ရက်နေ့သည် ပြာသိုလ်လဆန်း (၁) ရက်နှင့် (၂) ရက်တွင် ကျရောက်သည်ဟု ဆိုထားပေသည်။(The Karen’s New year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟု ပါရှိသဖြင့် Bill ဥပဒေကြမ်းကိုဖတ်မိလျှင် မည်သည့်နေ့တွင် ရွေးချယ်ရမည့် ပြဿနာ မပေါ်နိုင်ပေ။

သတိ။ ။ ကရင်နှစ်သစ်ကူးနေ့ (၂) ရက်တောင်း၏။
သို့သော် (၁) ရက်သာရ၏။

(က)မြေပြန့်ကရင် ပြာသိုလ်လဆန်း(၁) ရက်၊ သလေးထိုင်ခုတ်ဖို (၁) ရက်နေ့တွင် ကျင်းပ၏။
(ခ)ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲလဆန်း (၁) ရက်နေ့တွင် ကျင်းပ၏။
(ဂ)ဘားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင်များ နယုန်လအတွင်း စနေနေ့ ကျရောက်သော နေ့တစ်နေ့တွင် ကျင်းပ၏။
(ဃ)ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်းလဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
ကိုးကားချက်။ ။ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ်(၁-၂က၊ ခ၊ ဂ၊ ဃ) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးကရှိခဲ့ဖူးကြောင်းထင်ရှားလှ၏။
သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ လင်းစေသော်။

ကရင်သက္ကရာဇ် (၃) မျိုး

ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ရှင်တော် ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။
နောင်သက္ကရာဇ် (၁၀၁) သို့ရောက်သော် ဒွတ္တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းပေးခဲ့၏။ အစဉ်အတိုင်း သက္ကရာဇ်တို့ ရေတွက်လာရာ ၆၂၄-ခုနှစ်သို့ ရောက်လာသောအခါ သုနုမုန္ဒရီမင်း ဒေါဒေါသရကိန်းအရ ၆၂၂ ကိုဖြို၍ အကြွင်း(၂) ခုထားပြီး ရေတွက်စေ၏။

နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတစ်ချပ် လေကြမ်းတိုက်ပြီး လွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြားဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စု သုံးစုကွဲသွားလေတော့သည်။
ပျူတို့မှာ အထက်အညာသို့ပြောင်းရွှေ့၍ ယုန်လွတ်၊ပုဂံပြည်စသည်တို့ကို တည်ထောင်ကြသည်။ ဖြိုသက္ကရာဇ်ကို ပျူတို့ ယူဆောင်သွားကြသည်။သက်တို့မှာ အရှေ့အရပ်သို့ ပြောင်းရွှေးသွားကြ၏။
ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏၊ မရွှေ့မပြောင်းကြချေ။

ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄ သို့ရောက်သောအခါ ပုပ္ပါးစော ရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂ နှစ်ကိုဖြို၏။ အကြွင်း(၂) ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်ပြန်၏။ ယခုအခါ ကောဇာသက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော
သက္ကရာဇ် ၁၃၂၄-ခုနှစ် ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ်မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံတော်မူသည့်နှစ်မှစ၍ ရေတွက်သောကြောင့် မူရင်းမှာ မခြား အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမကြိမ် (၆၂၂) နှစ်၊ ဒုတိယကြိမ် (၅၆၂) နှစ်၊ နှစ်ပေါင်း (၁၁၈၄) နှစ် ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းစေရန် ဇယားဖြင့် အောက်တွင် ဖော်ပြထားသည်။
ဆက်လက်ဖော်ပြပါဦးမယ်….။

ဆက်လက်ဖတ်ရှုမယ်...

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။