Pages

Saturday, May 29, 2010

ကမ္ဘာ့လူငယ်ခေါင်းဆောင်ဆုရှင် နန်းဇိုရာဖန်း နှင့် ဗွီအိုအေ အင်တာဗျူး

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်းရဲ့ သမီးငယ်ပါ။

ဆက်လက်ဖတ်ရှုမယ်...

ချစ်သောကော်သူးလေနှင့်အတူ


ချစ်သောကော်သူးလေနှင့်အတူ

အားမလျော့စတမ်း
ဇွဲစခန်း၊လမ်းမှာ
ကြမ်းတမ်းလောကဓံ၊ မျိုးချစ်မာန်စုစုနဲ့
အံတုတော်လှန်လာခဲ့ပေ
အို…..ကော်သူးလေရေ.။

ငိုချင်းရှည်၊ လွမ်းချင်းရှည်တွေနဲ့
ပျော်ပါးတွေဝေ
ငေးမနေသင့်တော့တဲ့အချိန်
လှောင်အိမ်စံဘဝတွေအတွက်
ငဲ့ကွက်တာဝန်တွေယူကြလေ။

အို…..ကော်သူးလေရေ……
သင့်ရဲ့ကြီးမားသမိုင်း
တစက်မရိုင်းစေရေး
ကော်သူးလေ ချစ်သူတွေ
ပေးဆပ်စွန့်လွှတ်နေကြပေ။

အို…..ကော်သူးလေရေ……
ချစ်သော တို့မျိုးဆွေတွေ
ပြစ်ပြောထိုးကျွှေးမနေဘဲ
စစ်သောမှန်တရားတော်လှန်ရေးမှာ
ပြန်လာကာရဲရင့်ကြရေး
နွေးထွေးလက်များကမ်းလို့
ဝမ်းပမ်းတသာကြိုဆိုနေကြပေ။

အို…..ကော်သူးလေရေ……
ကိုးဒီသွေးများစွာ
ကမ္ဘာမှာရှိနေသရွေ့လေ
ကေအဲန်ယူဆိုတာ
ကြယ်တာယာ၊လများထက်
ဝင်းလက်လို့ထွန်းနေမယ်လေ။

အို…..ကော်သူးလေရေ……
ကော်သူးလေဆိုတာ
“မိမိလူမျိုးကိုချစ်ပြီး သူတပါးကိုလေးစားသူ”
“ဒူးမထောက်တတ်သူ”
“အညံ့မခံတတ်သူ”
“အမှန်တရားအတွက်ရဲရင့်ကြသူ”
“အမှားကိုမြင် ဝန်ခံတတ်သူ”
“မျက်ကန်းမျိုးချစ်မဟုတ်သူ”
“မဟာလူမျိုးကြီးဝါဒမထားသူ”
ဂုဏ်ပုဒ်ဖြူအလီလီနဲ့
တည်ကြည်တဲ့သဘောဆောင်သည်
ညီနောင် ကော်သူးလေများသိကြစေ။ ။

(လင်္ကာဒီပ)

မှတ်ချက်။ ။ ကမ္ဘာအရပ်ရပ် ရှေ့နောက်တောင်မြောက် ဘယ်လိုပင်ဝေးကွာနေကြပေမဲ့
မိမိတမျိုးသားလုံးတို့၏ရှေ့ရေးကို အတူတကွ လာရောက် ဆွေးနွေးတိုင်ပင်ကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်လုပ်ဆောင်တတ်သောကော်သူးလေမျိုးချစ်များကိုလေးစားသမှုထား
အပ်ပါသည်။ ကိုးဒီသွေးများပြန်လည်ဆုံဆည်းခဲ့သောမေလ(၁၇)မှ မေလ(၂၁)ရက်နေ့အထိ
ကျင်းပခဲ့သော(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို
ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

ဆက်လက်ဖတ်ရှုမယ်...

Friday, May 28, 2010

DKBA မှ BGF သို့ (နိဂုံးပိုင်း)

စာဖတ်ပုရိတ်သတ်များခင်ဗျား….

DKBA မှ BGF သို့  … ဗီဒီယိုမှတ်တမ်း တင်ဆက်မှု ဒီနေရာမှာ ပြီးဆုံးသွားပါပြီ။ စာဖတ်ပုရိတ်သတ်များကို အခြေအနေမှန်သိစေရန် ဗီဒီယိုမှတ်တမ်းပေးပို့ လာသော ၉၉၉ မှ တပ်မှူးငယ်အား အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။ အချိန်ရရင် နအဖ နှင့် DKBA မှ တပ်မဟာ (၇)ကို လွန်ခဲ့သည့် နှစ် ဇွန်လ ၂၀၀၉ တွင် တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပေးပါမည်။

အမျိုးသားသစ္စာဖေါက် ဥက္ကဌ သာထူးကျော် ရဲ့ အစည်းဝေးကြီး နိဂုံးအမှာစကားမှာ နအဖ ဗမာ့စစ်တပ်ရဲ့ ဗျူဟာ အတွင်းသို့ ကွက်တိ ၀င်သွားအောင် စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက်ကိုရည်ရွယ်ပြီး သူက လိုရာဆွဲပြီး လွဲမှားစွာ အဓိပါယ် ဖွင့်ဆိုကာ အောက်ပါအတိုင်း ပြောကြားလျက် အစည်းအဝေးကြီးကို အဆုံးသတ်လိုက်ပါသည်။

“ကျနော်တို့ မမျှော်မှန်းနိုင်တဲ့ ကျနော်တို့ လက်နက် ကျနော်တို့ လက်ထဲရှိရမယ်ဆိုတဲ့ စောဘဦးကြီးရဲ့မူအရ တနည်း”
“ပြောင်းလည်းဖြစ်ပေါ်တဲ့ အခြေအနေအရ စောဘဦးကြီး ပြောသွားတဲ့စကားထဲမှာ ကျနော်တို့ ရသည့်ရထိုက်တဲ့ အခွင့်အရေးကို ကျနော်တို့ မတောင်းပဲနဲ့  ရတယ်လို့ ပြောနိုင်တယ်”

မှတ်ချက်။ ။ စာတတ်သော ကရင်များကို စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက် တွေကို သိပ်ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုသော်လည်း နားမလည်သေးသူများကို အသုံးချကာ တမျိုးသားလုံးဂျောက်ထဲ တွန်းပို့ ဒါ တရားခံ ဘယ်သူတွေလည်းဆိုဒါ ကရင်အမျိုးသားအပေါင်းတို့  ကိုယ့်ဟာကို ဆုံးဖြတ်ချင့်ချိန်ကြပါကုန်။

ဗီဒီယိုမှတ်တမ်း ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်

ဆက်လက်ဖတ်ရှုမယ်...

DKBA မှ BGF သို့ (အပိုင်း - ၇)

ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်

ငွေရေး ကြေးရေး ကိစ္စနှင့်ပါတ်သက်၍ ရှင်းတမ်းမှာ ဗိုလ်ချစ်သူက ဝေ့လယ်ကြောင်ပတ် ပြန်လည်ရှင်းလင်းနေပုံကို ကြည့်လိုက်ကြပါအုံး။

ဆက်လက်ဖတ်ရှုမယ်...

Thursday, May 27, 2010

ကရင့်သွေးဟေ့




အားစု အင်စိုက် တိုက်ခိုက်တော်လှန်
စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း
အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်
တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကြမည်။

အာဏာမလို ထက်ကိုမမှန်း
မငမ်းခွင့်ရေး မတွေးစည်းစိမ်
နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား
လွတ်လပ်သွားရေး
ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်
ကရင်သတ္တိ ကမ္ဘာသိစေ…………။

ပြည်နယ်တိုင်ဖွား ကရင်များတို့
ကွဲပြားမရှိ မြင်လို၏……….။

နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်
ရောင်မှိန်အ၀တ် ငတ်မွတ်ခေါင်းပါး
ပြည်နယ်ပြည်သား ကရင်များကို
လွတ်လပ်တောင့်တ တွေ့လိုလှ၍
နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်
သက်ကြွေသွားလည်း ဂရုမပြု
သက်သေထုတည် ကရင်သွေးမို့ရဲကြသည်။

မှတ်ချက်။ ။ကရင်အမျိုးသားများအတွက်အသက်ကိုပဓနမထားပဲ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေကြသောကရင်တပ်မတော်သားများကို ဤကဗျာလေးအားဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

နန်းယမင်းဝေ

ဆက်လက်ဖတ်ရှုမယ်...

Wednesday, May 26, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း


တပ်မဟာ(၂) တောင်ငူခရိုင်။
- ၂၃.၅.၂၀၁၀နေ့ ၁၁း၂၀နာရီ ထီးညာပယ်လိုအရပ်မှာ မိမိတို့လူ၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ၊ ၂၄.၅.၂၀၁၀နေ့ ၁၆း၃၀နာရီ တွင် နောစိုးအရပ်ကူဂေါ်လူမှာ ပြောက်ကျားတိုက် ခိုက်မှု ကြောင့်ရန်သူ၁ဦးဒဏ်ရာရ။
- ထန်းတပင်မြို့နယ်၊ ဖြင်စလို ရှိ ရန်သူ စကခ(၇)တဖွဲ့သည် ၂၄.၅.၂၀၁၀နေ့တွင် ဖြင်စလိုရွာသားများ အား ဝါးအရှည်၁၀ပေရှိ အချောင်း၅၀ကို အတင်းအကြပ်ခုတ်ပြီးပို့ဆောင်ခိုင်းခဲ့။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- အချိန် ၁၈း၃၀ တွင် မျိုးဝင်းစိုး ဦးစီးသော ခမရ(၅၄၅) စစ်ကြောင်းသည် သူတို့မှာယူသော ဝါးအင်ဖက် သစ် များကိုမပို့ဆောင်ပေးတဲ့အတွက် အောက်ပါရွာများမှ သူများကိုအတင်းအကြပ်ဖမ်းထားသည်။ တြောဒူး ရွာမှ ဒေါ်ကြည် အောင် ၄၆နှစ် နှင့် ဒေါ်ကြည်အေး ၄၈နှစ်၊ အောတြောရွာမှ မူနော ၃၈နှစ် နှင့် နော်ပယ် ၃၆နှစ်၊ ရွာသစ် ကုန်း မှ နော်ကြူးခို ၃၂နှစ်၊ ကောင့်နွယ်ရွာမှ မူကြည်ဖိုး ၃၅နှစ် နှင့် ထူးနူ၃၉ နှစ် တို့ဖြစ်သည်။

တပ်မဟာ(၁) သထုံခရိုင်။
- ဘီးလင်းမြို့နယ်၊ ၁၈.၅.၂၀၁၀နေ့ DKBA တပ်(၃၃၃) သည်ပဒတ်ဒေါမှာစခန်းဆောက်ဖို့အတွက် အောက်ပါရွာများမှ ရွာသားများကို တရက်ကို၎ယောက်၊ တအိမ်၁ယောက်နှုန်းဖြင့် အတင်းအ ကြပ်လုပ် အား ပေးခိုင်းသည်။ (၁) ဇီးကုန်း (၂) ကျူးထောလာ (၃) ပဒတ်ဒေါရွာတို့ဖြစ်သည်။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၁၅.၅.၂၀၁၀နေ့ ကြူးလူအရပ်မှာ ရန်သူကို၁ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့၊ ၁၆.၅.၂၀၁၀နေ့တွင် ဝါသိုး ခီးတမေခီးအရပ်မှာ ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့၊ ၁၇.၅.၂၀၁၀နေ့ တွင်တလယ်ကယ် ခိုဘိုနာဒဲအ ရပ်မှာ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ။
- ၁၈.၅.၂၀၁၀နေ့ တွင်ကျိုးထီမှာ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ၊ ထိုတရက်ထဲမှာပဲ တာလော်ဖလိုးဒေးမှာ ရန်သူနှင့် မိမိတို့အထူးပြောက်ကျားတပ်တို့ရင်ဆိုင်တိုက်ပွဲ၂ကြိမ်ဖြစ်ရာ ရန်သူ ၂ဦးဒဏ်ရာရ၊ ၁၄.၅.၂၀၁၀နေ့တွင်ခေါင်းပုစခန်းမှာ ရန်သူကို၁ကြိမ်ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ရန်သူ ၁ဦးသေ ၂ဦးဒဏ်ရာရ။ ၂၀.၅.၂၀၁၀နေ့ ဘာဆာဂေါ်ထာအရပ်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ရန်သူ ၁ဦးဒဏ်ရာရ။
ကညောဖိုးမှ ကူးယူတင်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

Tuesday, May 25, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၇) ဆောထိမြို့နယ်၊ ၂၀.၅.၂၀၁၀နေ့၊ ထီးဘလားအရပ်တွင် KNU ၏စောင့်ပစ်မှုကြောင့် ရန်သူ ၇ ဦးသေ။ တိုက်ပွဲ၂ကြိမ်ဖြစ်ပွား၊ ၁၅မိနစ်ကြာခဲ့။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး တပ်သား၃ဦး တို့ဖြစ်သည်။ KNU မှ MA11၂လက် ကျည်ကပ်၂ခု ကျည်ဆံ၁၅တောင့် ရရှိခဲ့၊ KNU ဘက်မှထိခိုက်မှု မရှိ။
- တပ်ရင်း(၈) မုံးမြို့နယ်၊ ၁၁.၅.၂၀၁၀နေ့တွင် မောင်ရင်သာအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ ၁ဦး သေ ၁ဦးဒဏ်ရာရ၊ KNU ဘက်မှထိခိုက်မှု မရှိ။
- ၁၃.၅.၂၀၁၀နေ့တွင် ရန်သူသည် မိမိတို့ပြောက်ကျားအဖွဲ့၂နှင့် ၃ကြိမ်ရင်ဆိုင်တိုက်ပွဲ ပဟီပယ်ခိုအ ရပ်တွင်ဖြစ်ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။ ၁၄.၅.၂၀၁၀နေ့ မှာထိုအရပ်မှာပဲထပ်ပြီး၁ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၉) မြို့နယ်၊ ၁.၅.၂၀၁၀နေ့ဃဲဒဲအရပ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ။


တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၁.၅.၂၀၁၀နေ့ DKBA ကဆောဝါးတပ်ရင်း မှဗိုလ်ဆဲထီ၊ ဘချစ်တို့သည် ကလော်လိုကလိုးထာ၊ ထီးဘယ်ခါထာရွာသားအားငွေ၂၀၀၀၀ကျပ်အတင်းအကြပ်တောင်းဆို။
- ခမရ(၄၃၉)တပ်ရင်းမှူးသည်ထီးဘယ်ခါထာရွာသားများအား အင်ဖက်၆၀ခက်အတင်းတောင်းဆို။
- ၁၅.၅.၂၀၁၀နေ့၊ ခမရ(၄၃၄)ကုန်းချစ်စခန်းမှ စခန်းမှူးအောင်သန်းကျော်သည် နိုလော်ဆူး ရွာသား များအား အင်ဖက်၅၀ခက် ဝါး၅၀ချောင်း ငွေကျပ်၃၀၀၀ အတင်းအဓမ္မတောင်း။
- ၁၈.၅.၂၀၁၀နေ့ မယ်ပွယ်အရပ်မှ ရွာသားစောဖားဘူး၏ကျွဲ၁ကောင် DKBA၏မိုင်းဒဏ်သင့်ခဲ့။
- နအဖတပ်ရင်း(၄၃၄)သည် ပိုဘောခိုရွာအား ဝါး၃၀၀၀ချောင်း၊ ဖက်၆၀ခက်၊ တဒွီးခိုရွာအား ဝါး ၃၀၀၀ချောင်း ဖက် ၅၀ခက်၊ နိုလော်ဆူရွာအား ဝါး ၃၀၀၀ချောင်း ဖက်၅၀ခက်၊ ကလော်ထာရွာအား ဝါး ၁၀၀၀ချောင်း၊ ငါးအေးဆူရွာအား ဝါး၁၀၀၀ချောင်း ဖက်၆၀ခက်၊ ကုန်းချစ်ရွာအား ဝါး၁၀၀၀ချောင်း ဖက် ၂၀ခက် တို့အားအတင်းအကြပ်တောင်းဆိုခဲ့သည်။ ၁၅.၅.၂၀၁၀နေ့ အရောက်ပို့ခိုင်း။
- ၁၅.၅.၂၀၁၀နေ့၊ DKBAမှ ဖားချစ်သည်အရက်သောက်ပြီးအရက်ဖိုးကို ပိုဘော်လခိုရွာသားအား ၆၀၀၀ကျပ်၊ ကုန်း ချစ်ရွာသားအား၆၀၀၀ကျပ်၊ ကလော်ထာရွာ၆၀၀၀ကျပ်၊ နုကူးနားရွာသား ၆၀၀၀ကျပ်၊ နိုလော်ဆူး ၃၀၀၀ကျပ် တဒွီးခိုရွာ၃၀၀၀ကျပ် တို့ကိုတောင်းခဲ့သည်။

တပ်ရင်း(၁၀၃)
- ၂၂.၅.၂၀၁၀နေ့ ၀၇း၂၀နာရီ၊ ကနဲသေဖိုးလေးနှင့်ဖောဘောထာကြားမှာ မိမိတို့ပြောက်ကျားအ ဖွဲ့နှင့်ခလရ(၂၇၅) တို့၁၀မိနစ်ကြာတိုက်ပွဲဖြစ်ရာ ရန်သူ ၂ဦးသေ ၄ဦးဒဏ်ရာရ။ သေဆုံးသူထဲတွင် ဗိုလ်ကြီး၁ဦးပါပြီးဒဏ်ရာရသူ ထဲမှာတပ်ခွဲမှူး၁ဦး တပ်ကြပ်ကြီး၁ဦး တပ်သား၂ဦး တို့ပါသည်။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၇.၅.၂၀၁၀နေ့၊ သောဃဲလိုနှင့်မယ်ပိုးထာကြားမိမိတို့ပြောက်ကျားအဖွဲ့တိုက်ခိုက်မှုကြောင့် ရန်သူ၃ဦး ဒဏ်ရာရ။ ထိုတရက်ထဲမှာဘဲ ပွေးပွာပူနှင့်ကေကောကြားမှာ၁ကြိမ်ပစ်ခတ်ခဲ့။
- ၅.၅.၂၀၁၀နေ့ မိမိတို့ပြောက်ကျားနှင့်ရန်သူတို့သည်အူးတူးကလိုးနှင့်မော်ဖိုးကျိုးကြား ၁ကြိမ်တိုက်ပွဲ ဖြစ်ရာရန်သူ ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ သောဖိုးကျိုးမှာ တိုက်ပွဲထပ်ဖြစ်ရာ ရန်သူ၃ဦးဒဏ်ရာရ နောက်တကြိမ်ပြောက်ကျားပစ်ခတ်မှုကူးဆိမှာဖြစ်ပွားရာ ရန်သူ၁ဦးဒဏ်ရာရ။
- ၈.၅.၂၀၁၀နေ့၊ အောင်လောက်ကျိုးအရပ်တွင် တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ၊ ၂ဦးဒဏ်ရာရ။ ထိုရက်မှာဘဲ ဦးတူးကျိုးမှာတိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ။
- ၉.၅.၂၀၁၀နေ့ တာပေါ်ကျိုးထာအရပ်မှာ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ၊ အဲဒီရက်မှာပဲထပ်ပြီးတိုက်ခိုက်ခဲ့ရာ ရန်သူ၁ဦးသေ ၁ဦးဒဏ်ရာရ။
- ၁၄.၅.၂၀၁၀နေ့ မိမိတို့အထူးပြောက်ကျားနှင့် ရန်သူတို့ လယ်တိုးအရပ်မှာတိုက်ပွဲဖြစ်ရာ ရန်သူ၂ဦး ဒဏ်ရာရ။
- ၁၀.၅.၂၀၁၀နေ့ မောသားလိုအရပ်မှာ ပြောက်ကျားပစ်ခတ်ရာ ရန်သူ၁ဦးသေ။
- ၁၁.၅.၂၀၁၀နေ့ မိမိတို့အထူးပြောက်ကျားနှင့် ရန်သူတို့ လယ်တိုးဒေးပယ်ခိုမှာတိုက်ပွဲဖြစ်ရာ ရန်သူ၁ ဦးဒဏ်ရာရ။
- ၁၃.၅.၂၀၁၀နေ့တွင် ပယော်ဖားသွာခိုမှာတိုက်ခိုက်မှုကြောင့်ရန်သူ၁ဦးသေ။
- ၁၄.၅.၂၀၁၀နေ့တွင် ဒူးထောအရပ်မှာ ရန်သူကို၁ကြိမ်ပြောက်ကျားပစ်ခတ်ခဲ့။
ကညောဖိုးမှ ကူးယူတင်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

Monday, May 24, 2010

ကရင်အမျိုးသားများ သွေးစည်းကြရန် ဗိုလ်မှူးကြီးနယ်ဒါးမြ ပြောကြား


သွေးစည်းရေး စည်းလုံးညီညွတ်ရေး ဆိုဒါ ပြောနေရဒါ လွယ်ပေမယ့် တကယ့်လက်တွေ့ အကောင်အထည်ဖေါ်တဲ့ နေရာမှာ မလွယ်တဲ့ဖြစ်ခြင်းပါ။ အတ္တတွေ မာနတွေကို လျှော့ချနိုင်သည့်တိုင်အောင် capacity အားနည်းနေတဲ့လူတန်းစားတရပ်ကို အသိအမြင်တွေဖွံ့ ဖြိုးလာအောင် မလုပ်ဆောင်ပေးနိုင်သေးသ၍ ၀ါးလုံးထဲမှာ လသာပြီး နွားခြေရာခွက်ထဲက ရေကို ပင်လယ်ပြင်ကြီးလို့ ထင်နေအုံးမယ့် မိုက်ရူးရဲတွေ မွေနှောက်နေအုံးမှာပါပဲ။ ဒီလိုဖြစ်အောင်လည်း ရန်သူက စနစ်တကျ ဖန်တီးဖျက်ဆီးထားဒါ ရာစုနှစ်ဝက်ကတည်းကပါ။ ကရင်တွေ စာမတတ်လေ ရန်သူက ပိုဝမ်းသာလေပါပဲ။ ယနေ့  ဒီကေဘီအေ နှင့်ဆက်စပ်ပြီး ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ ခြုံငုံပြီးသုံးသပ်ရမည်ဆိုလျှင် ဒီကေဘီအေ အပါအ၀င် ဒေသခံလူထုတွေပါ အခြေခံပညာ အားနည်းနေကြသည့်အတွက်ကြောင့်ဖြစ်သည် ဟုဆိုရပါမည်။ အခြေခံပညာ အားနည်းကြသည့်အတွက် အမျိုးသားရေး နိုင်ငံရေးနိုးကြားမှုအပိုင်းအမှာ အဓိပါယ်ဖွင့်ဆို ချက်တွေ မှားကုန်တော့ဒါပါပဲ။ ဒါတွေကို အားလုံးပြုပြင်ပြောင်းလည်းဖို့  KNU တစ်ခုတည်းနဲ့ ဘယ်လို မှမဖြစ်နိုင်သလို KNU တစ်ခုတည်းပေါ်မှာ တာဝန်မရှိပါ။ သိမြင်နားလည်နိုင်စွမ်းရှိတဲ့ ကရင်အမျိုးသားတိုင်း အုပ်တချပ်သဲတပွင့် ပူးပေါင်းပါဝင် စည်းရုံးလှုံ့ ဆော်ပြီး အကောင်အထည်ဖေါ်ကြရပါမည်။






ကရင်အမျိုးသားထုအတွင်း အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရာတွင် ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက် အဖွဲ့အစည်းများကို ဥပက္ခာပြု၍မရဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာရောက် ကရင်များ တက်ရောက်ကြသည့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

စောနယ်ဒါးမြက “ကေအန်ယူတည်ရှိနေသရွေ့ ဒီကေဘီအေလည်း ဆက်ရှိနေမှာပဲ။ ရန်သူက ကေအန်ယူကိုတိုက်ဖို့ ဒီကေဘီအေကို ဆက်ပြီးထားရဦးမှာပဲ။ ကေအန်ယူမရှိရင်တော့ ရန်သူက ဒီကေဘီအေကို ဘယ်နည်းနဲ့မှ ထားမှာမဟုတ်ဘူး။ ဒါကြောင့် အမျိုးသားသွေးစည်းညီညွတ်ဖို့အတွက် အမြင်သဘောထားတွေကြီးဖို့ အရေးကြီးတယ်။ ဒါတွေကို ကရင်တွေအားလုံး သတိထားကြရမယ်” ဟု ပြောသည်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ဒီကေဘီအေအဖွဲ့အပါအ၀င် အခြားကရင်ခွဲထွက်အဖွဲ့များနှင့် ညီညွတ်မှုရရှိရေး ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြသည်။

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်တဦးဖြစ်သူ မန်းရောဘတ်ဇန်က “ဒီကေဘီအေကို လုံးဝပစ်ပယ်ထားလို့မရဘူး။ သူတို့ဟာ ကျနော်တို့ရဲ့သွေးသားအရင်းအချာတွေဖြစ်တယ်။ တချိန် ပြန်လည်ပေါင်းစည်းကြမှာ သေချာတယ်” ဟု ပြောကြားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၅) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲက အမျိုးသားထုအတွင်း အမြင်ကွဲပြားခြားနားသော်လည်း ရည်မှန်းချက်တူညီသည့်အတွက် တဦးနှင့်တဦး တဖက်နှင့်တဖက် မတူညီသည့် အမြင်သဘောထားများကို အလျှော့အတင်းလုပ်ကာ ညီညွတ်ရေး တည်ဆောက်ရမည်ဟု ပြောဆိုသည်။

(၅) ရက်ကြာ ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်း (၃၇) ဖွဲ့မှ ကိုယ်စားလှယ်နှင့် လေ့လာသူ (၁၀၃) ဦး တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကာ ကေအန်ယူ၏ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ကူညီရန် သဘောတူခဲ့ကြသည်။
သောသီခိုမှကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်ရှုမယ်...

DKBA မှ BGF သို့  အပိုင်း(၆)

ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်

ဆက်လက်ဖတ်ရှုမယ်...

အစဉ်နီစေ ကရင်သွေး


ကရင်ပြည်သူ့ လွတ်လပ်မှု့ကို
အားစု အင်စိုက် တိုက်ခိုက်တော်လှန်
စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း
အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်
တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကျမည်။

အာဏာမလို နေရာကိုမမှန်း
မငမ်းခွင့်ရေး မတွေးစည်းစိမ်
နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား
ကရင်လွတ်လပ်ရေးအား
ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်
ကရင်သတ္တိ ကမ္ဘာသိစေမည်…………။

ပြည်နယ်တိုင်ဖွား ကရင်များတို့
ကွဲပြားမရှိ မြင်လိုဘိ၏……….။

နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်
ရောင်မှိန်အ၀တ် မွဲငတ်အလုပ်သမား
ပြည်နယ်ပြည်သား ကရင်များအား
လွတ်လပ်တောင့်တ တွေ့လိုလှသည်
နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်
သက်ကြွေသွားလည်း ဂရုမပြု
သတ်သေပြုမည် ကရင်သွေးကရဲလှသည်။

မှတ်ချက်။ ။ကရင်အမျိုးသားများအတွက်အသက်ကိုပဓနမထားပဲ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေကြသောကရင်တပ်မတော်သားများကို ဤကဗျာလေးအားဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
နန်းယမင်းဝေ

ဆက်လက်ဖတ်ရှုမယ်...

Sunday, May 23, 2010

မြန်မာနိုင်ငံလျှပ်စစ်နှင့်စကားတစ်မျိုးသာနားလည်သည့်စစ်အစိုးရ


The_Burmese_regime_that_speak -
email ဖြင့်ပေးပို့ လာသော ဆောင်းပါးရှင် ဖူးဒို အားအထူးကျေးဇူးတင်ပါသည်။

ဆက်လက်ဖတ်ရှုမယ်...

(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်


7th_Karen_Unity_Seminar_Statement_final_ -
သောသီခိုမှကူးယူတင်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

DKBA မှ BGF သို့  အပိုင်း(၅)

ပေးပို့ သူ - ၉၉၉ တပ်မှူးငယ

ဆက်လက်ဖတ်ရှုမယ်...

ယနေ့ကရင်လူငယ်တို့၏ သမိုင်းပေးတာဝန်


နက်ဖြန် လူကြီးနေရာနှင့် တာဝန်များကို ပခုံးပြောင်း ယူသွားရမည့် ယနေ့ ကရင်လူငယ် တို့သည် တာဝန်ကျေသော ရှေ့ဆောင်ကောင်း ဖြစ်လာဘို့ အရေးကြီး လှပေသည်။ ခေတ်လူငယ် ပီပြင်ရေးနှင့် တိုးတက်အသွင်ဆောင်သော လူငယ်များအဖြစ် မိမိတို့၏ အမျိုးသားရေးကို ရှုဒေါင့်စုံမှ ဝေဖန်သုံးသပ် အဖြေရှာနိုင်ရမည့် အရေးမှာ မလုပ်မဖြစ်သော အခြေခံအကျဆုံး သမိုင်းပေး တာဝန်တရပ်ပင် ဖြစ်လေသည်။

ကျဉ်းမြောင်းသောအမြင်၊ တဘက်စွန်းကျ တရားသေ၀ါဒ၊ လက်တွေ့မဆန်သော သဘောတရားရေးနှင့် ခေတ်နောက်ပြန်ဆွဲ ၀ါဒသြဇာ လောင်းရိပ်အောက်များမှ ရုန်းထွက်၍ အမျိုးသားထု တရပ်လုံး၏ အကျိုးတရားနှင့် တောင်းဆိုချက်များတို့ကို အဖြေရှာ ဖော်ဆောင်နိုင် ရပေမည်။ ခေတ်က မတောင်းဆိုတော့သည့် တွေးခေါ်ခံယူမှုများကို ပယ်ရှားတော်လှန် ၀ံ့ကြရပါမည်။ အသစ်အသစ်သော သဘောတရားရေး ခံယူချက်နှင့် လက်တွေ့ကျင့်သုံးရေးသည် ယနေ့ ကရင်လူငယ်များ၏ တာဝန်ပင် ဖြစ်တော့သည်။

အနာဂတ်ရေးဆိုသည်မှာ

အဟောင်းအဟောင်းတို့ ချုပ်ငြိမ်း၍ အသစ်အသစ်တို့ ဖြစ်ပေါ်လာရမြဲ ဖြစ်ပေသည်။ ဤသို့ဆိုလျှင် လူသားတို့ အသက်ရှင် ရပ်တည်လိုမှု၌ မည်သည့် အဓိပ္ပါယ်မျိုးဖြင့် ရည်ရွယ်ချက် ထားရှိကြလေသနည်း။ အနာဂတ်မျှော်မှန်းချက် သည်ပင်လျှင် တခုတည်းသော တူညီသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း၏ ခံယူယုံကြည်ချက်ပင် ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ကရင်အမျိုးသားစု တရပ်အနေဖြင့် အနာဂတ်မျှော်မှန်းချက် အမှန်ရှိနေရပေမည်။ အနာဂတ် မျှော်မှန်းချက် ဆိုသည်မှာ စိတ်ကူးရသော မျှော်လင့်မှု ထားရှိသကဲ့သို့ အမျိုးမဟုတ်ပေ။ တိကျသော ယုံကြည်ချက် ခံယူချက် အပြည့်ဖြင့် လက်တွေ့ဖော်ဆောင် ယူရသောအရေး ဖြစ်ပေသည်။ ထိုမျှော်မှန်းချက်ကား မည်သို့နည်း – အကျဉ်းချုံး၍ ဖော်ပြရသော် ကရင်လူမျိုး တရပ်အနေဖြင့် အများနည်းတူ လူမှုဒုက္ခ ဆင်းရဲခြင်း အပေါင်းမှ ကင်းငြိမ်းပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဖြင့် အစဉ် ရပ်တည်နိုင်ရေးသည် ကရင့်အမျိုးသားရေး၏ အနာဂတ် မျှော်မှန်းချက်ပင် ဖြစ်ပေသည်။

ဖော်ဆောင်ရေး၏အခြေ

အတိတ်ကို အခြေခံ၊ ပစ္စုပ္ပန်ကို အကြောင်းပြု အနာဂတ်ကို ရှေ့ရှု ဟူသော ကာလသုံးပါး၏ အကြောင်းနှင့် ယှက်နွယ်မှု သဘောတရားနှင့် ကင်းကွာသော လုပ်ငန်းများသည် အောင်မြင်မှုရရန် အလားအလာ နည်းပါးပေလိမ့်မည်။ ထို့ကြောင့်လည်း အနာဂတ် အမျိုးသားရေး ဖန်တည်း ဖော်ဆောင်ကြရမည့် ယနေ့ ကရင်လူငယ်မျိုးဆက်အား တည်ဆဲဘ၀နှင့် အတိတ်ကာလ ကရင့်သမိုင်းဖြစ်စဉ် အဆင့်ဆင့်ကို ကွင်းဆက်ပြုကာ ဝေဖန်သုံးသပ်မှု ရပေတာ့မည်။ အရှိကို အရှိအတိုင်း ယထာဘူတကျကျ ဝေဖန်ဆန်းစစ်မှုကို ရှုဒေါင့်စုံမှ ပြုသွားရေးသည် အဓိကအခြေခံပင် ဖြစ်ပေသည်။

ဆိုလိုသည်မှာ ကရင်အမျိုးသားတို့၏ အတိတ်ကာလ သမိုင်းကြောင်း၏ ဆိုးမွေကောင်းမွေများကို ကွဲကွဲပြားပြား မရှုမမြင် မဆန်းစစ်ထုတ်နိုင်လျှင် ရှေ့ဆက် ခရီးစဉ်သည်လည်း ဖြောင့်ဖြူးနိုင်မည် မဟုတ်ပေ။ ရေရာပြတ်သားမှု မရှိလှသည့် အတိတ်သမိုင်း ကရင့်ဖြစ်စဉ်ဘ၀နှင့် တွေးခေါ်ခံယူမှုများကို ခေတ်နှင့်ယှဉ်ကာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲ၍ တော်လှန်သင့်သည်များကို တော်လှန်ပယ်ရှား ပစ်နိုင်မှ တန်ကာကျမည် ထင်၏။ ထိုသို့သော ဝေဖန်ရေးနှင့် မိမိကိုယ် ဝေဖန်ရေးတို့ကို အခြေခံကာ ကရင့်အမျိုးသားရေး၏ အနာဂတ်ခရီးကို မည်သည့် ရှေ့ဆောင် လမ်းညွန်မှု ခံယူကျင့်သုံးသင့်ကြောင်းနှင့် မည်သည့် အသွင်သဏ္ဍာန် လုပ်နည်းလုပ်ဟန်များ ဖွင့်ဖော်ဆောင်ရမည်ကို အဖြေရှာရေးသည် အဓိကကျသော လုပ်ငန်းဖြစ်လေသည်။

ရှေ့ဆောင်လမ်းညွှန်မှု

ကရင်အမျိုးသားတို့၏ အတိတ်ဖြစ်စဉ် အကျဉ်းကို အခြေခံအကျဆုံးသော ကရင်အမျိုးသား ဘ၀ဓလေ့နှင့် ဗီဇတို့မှစ၍ သုံးသပ်ပါမှ လုံလောက်မည် ဖြစ်သည်။ ရိုးသားသည်၊ ဖြောင့်မတ်သည်။ စိတ်ထားဖြူသည်၊ ရောင့်ရဲလွယ်သည်၊ အေးဆေးစွာ နေထိုင်လိုသည်၊ အများစု ကရင်တို့သည် ထိုဗီဇ ဓလေ့ကို အမြတ်တနိုး လက်ခံ ကျင့်သုံးလာခဲ့သည်ဟု အကြမ်းဖျဉ်း ယေဘူယျ အဆိုပြုလာခဲ့သည်။ သို့သော် ထိုဗီဇဓလေ့သည် အားလုံးအတွက် ကောင်းသောအကျိုးကို ပြုခဲ့ပါ၏လော … ဆိုသော် … … မပြုနိုင်ခဲ့ပါ ဟုသာ ဆိုရပေမည်။ ဆိုးကျိုးဘက်သို့ တွန်းပို့သည့် အချက်များစွာ ရှိခဲ့သည်မှာ သံသယပွားစရာ မရှိပေ။

ခေတ်သည် ပြောင်းလဲနေ၏။ ပတ်ဝန်းကျင်လည်း ပြောင်းလဲနေပါ၏။ ၎င်းတို့ကို လျစ်လျူရှု၍ မဖြစ်ပါ။ ဆန့်ကျင်ဘက်တရားသည် အချိန်နေရာတိုင်း ပေါ်နေမြဲ ဖြစ်သည်။

ဥပမာအားဖြင့် – ရိုးသားမှု လွန်ကဲက နုံအရာ ရောက်သွားနိုင်၏။ ရိုးသားမှု ရှိခြင်းကြောင့် ပါးနပ်လည်ဝယ်ခြင်း၊ ကောက်ကျစ်ခြင်း တို့က ချယ်လှယ်ခွင့် ပေါ်လာရ၏။ ရောင့်ရဲလွယ်မှုကို လောဘကြီးခြင်း ဆန္ဒကြီးခြင်းတို့က အမြတ်ထုတ် သွေးစုတ်ချယ်လှယ်လာ၏။ အားနည်းသူကို အားကြီးသူက အနိုင်ကျင့် ချောက်လှန့် ဖိနှိပ်၏။ ဤသည်တို့မှာ ထီးထီး ရပ်တည်၍ မရသော ပတ်ဝန်းကျင်နှင့် ဖြစ်လာသည့် လူသားတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်း ကြုံတွေ့ရတတ်သည့် ဖြစ်စဉ် သဘာဝပင် ဖြစ်ပေသည်။ သို့ဖြစ်ခြင်းကြောင့် ကရင့်ဗီဇ ဓလေ့နှင့် ခေတ်အခြေအနေသည် စပ်ဟပ်ဆီလျှော်လျှက် ရှိမရှိ ဝေဖန်မှု ပြုရပေမည်။

ခေတ်နှင့်ယှဉ်သော ကရင့်ဗီဇ မွေးထုတ်ရေး၊ အတွေးအမြင်သစ် ခံယူကျင့်သုံးရေးဆိုသော သမိုင်းပေး တာဝန်ကို သိမြင်နားလည် လာသော် မည်သည့်လမ်းညွှန်းမှု ရှေ့ဆောင်မှု လိုအပ်ပါသနည်း။ အတွေးအမြင်သစ် သဘောတရားတရပ်သည် ကရင်အမျိုးသားထု တရပ်လုံး၏ လိုအပ်ချက် အပေါ် လုံးဝ အခြေခံရမည် ဖြစ်ပြီး ကရင်အမျိုးသားရေးအသိ ဖြင့်သာလျှင် ရှေ့ဆောင်လမ်းညွှန်မှု အဖြစ် ခံယူထားရမည် ဖြစ်ပေသည်။ ထိုအတွေးအမြင်သစ် သဘောတရား (၀ါ) အမျိုးသားရေးအသိ၏ ရှေ့ဆောင်မှုအတိုင်း တမြင်တသဘောတည်း ခံယူကျင့်သုံးရေးသည် မျက်မှောက် ကရင့်လူငယ်ထု၏ သမိုင်းပေးတာဝန်သာ ဖြစ်ပေသည်။

ထိုအမြင်သစ် သဘောတရားရေး (၀ါ) အမျိုးသားရေးအသိကား အဘယ်နည်း။ အမျိုးသား ရေးရာသည် ကျယ်ပြန့်လွန်း လှသဖြင့် လူမျိုးစု တစု၏ အခြေခံတရားဖြင့် အကျဉ်းသာ ဖော်ပြရသော် – ကရင်အမျိုးသားထု၏ မျိုးရိုးဗီဇ ယုံကြည်ကိုးကွယ်မှု ဘာသာစကားနှင့် စာပေ၊ ယဉ်ကျေးမှု ထုံးဓလေ့နှင့် နေထိုင်ရာ နယ်မြေဒေသ – စသည်တို့ကို အခြေခံလျက်ရှိနေပါသည်။

တော်လှန်ဝံ့ရမည်

မျိုးရိုးဗီဇနှင့် ပတ်သက်၍ ယနေ့လူငယ်တို့သည် ခေတ်နှင့်လျှော်ညီစွာ ခံယူကျင့်သုံးရပေမည်။ နေရာတိုင်း လုပ်ငန်းတိုင်း ရိုးအ နေကြရမည့်အခါ မဟုတ်တော့၊ အနှိမ်ခံ အချယ်လှယ်ခံ ဘ၀မျိုးဖြင့် တင်းတိမ်ရောင့်ရဲရမည့် ခေတ်ကာလ မဟုတ်တော့ပါ။ ပြောသမျှ ယုံ ဆိုသမျှ ဟုတ်ကဲ့ ရမည့် အချိန်လည်း မဟုတ်တော့ပါပေ။ တောကြီးမျက်မည်းတွင် ထီးထီးရပ်၍ အေးဆေးစွာ နေလိုမှု ဘ၀မျိုးကိုလည်း တော်လှန်စွန့်လွှတ် ရပါမည်။ ပတ်ဝန်းကျင်နှင့် မကင်းနိုင်သည်မို့ လိုက်လျှော ညီထွေစွာ နေထိုင်ကျင့်ကြံတတ်ဘို့ လိုအပ်လှပါသည်။

နောက်တချက်မှာ ကရင်အမျိုးသားရေးကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင်းသို့ အစောဆုံးရောက်ရှိခဲ့သည့် လူမျိုးတစု အဖြစ် ပါဝင်ခဲ့ခြင်းနှင့် လူဦးရေးအရ ဒုတိယအများဆုံး လိုက်နေခဲ့သော်လည်း အတိတ်သမိုင်းတလျှောက်လုံး လက်တွဲရွက်ဆောင်မှု တစုတစည်းတည်း မရှိခဲ့၊ မတည်ဆောက် နိုင်ခဲ့ပါ။ စည်းလုံးမှု အင်အား မရခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် အချယ်လှယ်ခံ ဘ၀၌သာ ရပ်တည်နေခဲ့ ရပေသည်။

စည်းလုံးမှု အခြေကို မတည်ဆောက် နိုင်ခဲ့၍ အချယ်လှယ်ခံ ဘ၀ဖြင့် ရပ်တည်ခဲ့ရသော အခြေခံ အကြောင်းရပ်ကို စိပ်ဖြာ ဆန်းစစ်ကြည့်ပါလျှင် ကရင်တမျိုးသားလုံးတွင်း၌ -
(က) ဘာသာစကားကွဲပြားလျက် ရှိနေခြင်း။
(ခ) ယုံကြည်ကိုးကွယ်မှု မတူခြားနားလျက် ရှိခြင်း။
(ဂ) သာသာရေး အခြေခံ စာပေအင်အားစု အစိတ်စိတ် အလီလီ ပေါ်ပေါက်လာခဲ့ခြင်း။
(ဃ) နေထိုင်ရာဒေသ ပြန့်ကြဲလျက် ရှိနေခြင်း။
(င) သဘောတရားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး အသိအမြင် အားနည်းမှေးမှိန်လျက် ရှိနေခြင်း – စသည့်တို့ကို တွေ့ရှိရပေမည်။

ဖော်ပြပါ အကြောင်းအချက် ရှိနေခြင်းကြောင့် သီးခြားလူမှု အဖွဲ့အစည်းကို ပေါ်ပေါက်စေ ခဲ့ပါသည်။ မတူညီသော အခြေခံကြောင့် လူမှုပေါင်းသင်း ဆက်ဆံရေးကို မီးလောင်ရာလေပင့် အဟန့်အတားပြု ပျက်ပြားစေခဲ့ခြင်း ဖြစ်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ဘာသာစကား မတူကြ၍ စကားအုပ်စုဖွဲ့ နေလာကြသည်။ ယုံကြည်ကိုးကွယ်မှု တူချင်းချင်း ဘာသာရေးအရ ပေါင်းစုံဖွဲ့စည်း နေကြ၍ လူမှုအဆောက်အုံသစ်များ ဖန်တည်းလာသည်။ ယုတ်စွအဆုံး အမျိုးတူချင်း ဖြစ်သော်လည်း ဘာသာရေး မတူမှုကြောင့် ပေါင်းသင်းလက်ထပ်မှုအထိ အဟန့်တားမှု ပြုလာသည်။ ထိုဘာသာရေးကို အခြေခံ၍ စာပေရေး ပေါ်လာပြန်ရာ ထိုဘာသာရေး အဖွဲ့အစည်းမှ တဖန် စာပေအင်အားစုအဖြစ် ထပ်ဆင့်ကွဲပြားလာ ပြန်ရသည်။ နေရာထိုင်ရာဒေသ ပြန့်ကြဲခြင်းတွင်ကား စုစည်းမှု မရနိုင်သော အခြေကို ဖန်တီး၍ အစိတ်စိတ် အမွှာမွှာ ဖြစ်စေခြင်းသည် ပတ်ဝန်းကျင်၏ စာပေရေး ယဉ်ကျေးမှုရေးအရ လွှမ်းမိုးမှုဒဏ်ကို အလိုလို လည်စင်းပေးရာ ဖြစ်လာရသည်။

ထိုထိုသော အခြေခံ မကောင်းမှု တို့ကြောင့်လည်း အတွေးအခေါ် အယူအဆရေးမှအစ ဖလှယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ပညာပေးခြင်း၊ ခံယူခြင်း မပြုနိုင် ဖြစ်လာရာမှ အမျိုးသားရေး အသိအမြင်ပါ အားနည်း မှေးမှိန်လာစေတော့ရာ အနာဂတ် ကရင့်အရေးမှာ တွေးလေ ရင်လေးစရာပင် ဖြစ်ပေတော့သည်။

သို့သော် လူသားတို့ဆိုသည်မှာ ကြံရည်ဖန်ရည် ရှိကြသူချည်း ဖြစ်လေရာ အနာဂတ် မျှော်မှန်းချက် ရှိနေသေးသမျှ ကရင့်အမျိုးသား ရေးရာကို တောက်ပြောင်လာအောင် ဖန်တီးနိုင်သည်၊ ဖန်တီးနိုင်ရပေမည်။

ဖော်ပြခဲ့ပါ အမျိုးသားထုတွင်း သပွတ်အူ အရှုပ်အထွေး မကြေမလည်မှုများကို ရှောင်ကွင်း၍ကား ရမည်မဟုတ်ပေ။ တခုချင်း တမျှင်ချင်း ပြေမည်လား။ အတင်း ထိုးဖြတ် သွားမည်လား – အဖြေတော့ ရှာရပါမည်။

သမိုင်းပေး တာဝန်ကို ယနေ့လူငယ်တို့ ပီပီပြင်ပြင် မြင်သိခံယူ လာနိုင်ရေးအတွက် အမျိုးသားရေး အသိ မွေးကြရပါတော့မည်။ ထိုအသိ ရလာရန်မှာ အမျိုးသားထုတွင်းရှိ ကွဲပြားမှု မှန်သမျှ ပထမ နားလည်ထားရမည်။ ၀င်ရောက် လေ့လာရမည်။ တစုတဖွဲ့သော ဘာသာရေး၊ စာပေရေး၊ နယ်မြေစွဲ တည်းဟူသော အနှောင်အဖွဲ့မှ ရုန်းထွက်ကာ ကရင်အမျိုးသားအတွက် ဆန္ဒစွဲကင်းစွာဖြင့် အမျိုးသားထု၏ တောင်းဆိုချက်ကို ဖော်ထုတ်နိုင်စွမ်း ရှိရမည်။

အမျိုးသားရေးအသိ ဆိုသည်မှာ ကရင်တမျိုးသားလုံးကို အခြေခံရမည် ဆိုသည့်အချက်အား ဘယ်အခါမှ မေ့လျှော့၍ မရပါ။
ဥပမာအားဖြင့် ဘာသာရေးသည် ပုဂ္ဂိုလ်ရေး ဖြစ်သည်။ ယနေ့စာပေရေးရာ အလီလီသည် အုပ်စုအဖွဲ့အစည်းကိုသာ အခြေခံ နေပါသည်။ ဘာသာရေးကို အမျိုးသားရေး အသိကသာ ရှေ့ဆောင်မှု ပြုရပါမည်။ စာပေရေးကို အမျိုးသားရေး အသိဖြင့် တမျိုးသားလုံး အတွက် ကိုယ်စားပြုမည့် အမျိုးသားစာပေကို တက်လှမ်းဝံ့ရပါမည်။ အမျိုးသားရေးအမြင် ဖြင့်သာလျှင် နေရာမရွေး – လုပ်ငန်းမရွေး လက်တွဲရွက်ဆောင် နိုင်မည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားရေးဟု တခုခုကို ခံယူကျင့်သုံး တော့မည်ဆိုလျှင် အမျိုးသားထုကို ကိုယ်စားပြုနိုင်သော အမျိုးသားရေး အသိ သဘောတရားရေး လမ်းညွှန်မှုကို ကိုယ်စီခံယူကြပါ။ ကျင့်သုံးကြပါ၊ ဆင့်ပွားလမ်းညွှန်ကြပါ၊ အမျိုးသားရေးအသိဖြင့် ဘာသာကွဲ – စကားကွဲ – စာပေအကွဲများကို လက်တွဲရွက်ဆောင်မှု ပြုပါ၊ လက်တွဲရွက်ဆောင်မှု စတင်ကြပါ၊ စတင်ရန် ၀န်မလေးပါနှင့် တိုးတက်လူငယ် ပီပြင်ပါစေ၊ သမိုင်းပေးတာဝန် ကြေကြပါစေ။

မန်းဋ္ဌေးရှိန်
ဇွဲကပင် မှကူးယူ ပြန်လည်ဖေါ်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

Thursday, May 20, 2010

ရိုးရာဒုံးယိမ်းအက


သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ကရင့်ရိုးရာဒုံးယိမ်းအကလူအဟာများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။
ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါအဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစု ဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနဲပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါးသွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အဖိုးခွဲကဘောင်ဟာ အသက် (၁၈) နှစ်ကစပြီး ဒုံးယိမ်းအက ကိုစတင်လေ့လာလိုက်စားခဲ့ပြီး အသက် (၂၆) နှစ်မှာ ဒုံးဆရာဖြစ်လာခဲ့ပါ တယ်။ အသက် (၇ဝ) ထိ ဘဝတစ်လျှောက် လုံး ဒုံးယိမ်းအကကိုပဲ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ အခုအဖိုးခွဲကဘောင်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကရင်စာ ပေယဉ်ကျေးမူတာဝန်ခံအဖြစ် တာဝန်ယူ ထားပါတယ်။ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး ဒုံးဆရာကြီးအဖိုးခွဲကဘောင်က အခုလိုရှင်းပြထားပါတယ်။..


""...ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွှဲု့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။ကရင့်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ BC ၇၃၉ ခုနှစ်မှာ စတင်အသိအ မှတ်ပြုလာ ခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူးနော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါ တယ်။ ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့်ကရပါတယ် သို့သော်လည်း ကကွက်သိပ်မရှိပါ။ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ် ပါတယ်။ ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်းသမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြ ပါတယ်။ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်) ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအ ကမှာတော့ ကုလားတို့ရဲ့တေးသံတေး သွား နဲ့အတူ ကုလားတို့ရဲ့အကအမူရာနှင့်ညီအောင်ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတမျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံးကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ ၃၂ ဦး မှ ၃၄၊ ၃၆ ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူး သဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုဆိုရင်းကနေရတာဖြစ် ပါတယ် ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တပင်တိုင်အ ကဟူ၍ခေါ်ဝေါ်ကြပါတယ်။ တခါတရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတဖက်တချက်စီမှာ ကနေရပါ တယ်။ ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင့်အမျိုး သား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုး သမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကိုလေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတခု လုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ် ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ ရိုးရာယဉ် ကျေးမူနဲ့ လည်းလိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေးခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိတဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ်ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ်မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါးဖြစ်လာခဲ့ပါတယ်။ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။
ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူးကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေး တွေဟာ ဆောင်းအလှကိုချယ်မှုန်းထားသလိုပါဘဲ။


နော်ချို

ဆက်လက်ဖတ်ရှုမယ်...

Monday, May 17, 2010

ရေ .. ရေ .. ရေ ..


ရေအသက် တစ်မနက်လို့ ဆိုပါတယ်။

ရေမရှိပဲ သာမန်လူတစ်ယောက်ဟာ တစ်ပတ်လောက်ပဲ အသက်ရှင်နိုင်ပါတယ်။
ထားပါတော့၊ လိုရင်းကတော့ လောလောဆယ်မြန်မာပြည်မှာ ရေရှားနေတဲ့ ကိစ္စပါ။
သောက်ရေနဲ့ ချက်ပြုတ်စရာ “ရေ” မှမရှိရင် ... အကျိုးဆက်တွေက မတွေးချင်
စရာပါ။

ဒါပေမယ့် မတွေးလို့လည်း မရပြန်ပါဘူး။ ကိုယ့်ပြည်သား ညီအကို မောင်နှမတွေ
မဟုတ်လား။ အထူးသဖြင့် သာမန်အခြေအနေမှာတောင် ဝေးဝေးလံလံက ကန်၊
ဆည်ရေတွေကို အားကိုးနေပြီး ရေခပ်၊ ထမ်းနေကြရသူတွေကို ခဏတာသာကြုံခဲ့
ဖူးပေမယ့် ကိုယ်ချင်းစာမိပါတယ်။ သူတို့ရဲ့ဘဝ အချိန်အတော်များများဟာ ရေ
တစ်မျိုးထဲအတွက်တင် ကုန်လွန်နေခဲ့ကြပါတယ်။ ခုလိုအခြေအနေမှာတော့ မတွေး
ရဲစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တွေးရပြန်ပါတယ်။

ပထမအပိုင်းကတော့ NLD နဲ့ NGO တွေရဲ့အပိုင်းပါ။ လူမှုရေး လှုပ်ရှားချင်ပါတယ်
ဆိုထားတဲ့အတိုင်း ဒီအခု အခွင့်အရေးတစ်ခု အခက်အခဲတစ်ရပ်အနေနဲ့ ထပ်ပေါ်
လာပြန်ပါပြီ။ အချိန်လည်း သိပ်တော့မရှည်နိုင်ပါ။ ရတုန်းမယူနိုင်ရင်တော့ ပြည်သူ
တွေကို ထပ်ကာထပ်ကာ တောင်းပန်ရင်း မဆုံးနိုင်တဲ့ဇာတ်ကို “က” မသွားဖို့ သတိ
တော့ အပေးချင်သားပါ။ ခက်တာက ကိုယ်လိုအညတရရဲ့ စကားကလည်း ဘယ်
လောက်အထိမှ မပေါက်နိုင်တော့လည်း အခက်သားကလား။ လက်ရှိလုပ်နေတာ
တွေဟာ အကန့်အသတ်တွေကြားထဲက လုပ်နေကြရတယ်ဆိုတာတော့ နားလည်
ပေးလို့ရပေမယ့် ရေရရှိရေးအကူအညီပေးတာတွေ ထိထိရောက်ရောက် တကယ်
တန်းလုပ်နိုင်မှ သမိုင်းလှပါလိမ့်မယ်။ သမိုင်းလှမှလည်း နောက်တစ်ဆင့်စီကို
ဆက်လုပ်ဖို့ လွယ်ကူသွားမှာပါ။

နောက်တစ်ခုက ကိုယ်ကိုယ်တိုင်နဲ့ ပတ်သက်ပါတယ်။

ဖြစ်နိုင်ရင် ရေလှူချင်ပါတယ်။ ဒါပေမယ့် ကိုယ်ရောက်နေတာက အများနဲ့ သီးခြား
လိုဖြစ်နေလို့ ဆက်သွယ်လှူတန်းဖို့ အခက်အခဲရှိပါတယ်။ ငွေကြေးမရှိတာကိုတော့
အကြောင်းမပြလိုပါ။ ရှေ့မှာတုန်းကလည်း မဖြစ်နိုင်လို့ မကူနိုင်၊ မလှူနိုင်ခဲ့တာတွေ
ကို စိတ်မကောင်း၊ နောင်တရခဲ့မိတာမျိုးတွေ ရှိခဲ့ဖူးပြီမို့ ထပ်မကြုံလိုတော့ပါ။
ခုစာရေးနေရင်းနဲ့ နည်းလမ်းတွေတွေးနေမိပါတယ်။ စာလာဖတ်သူတွေကိုလည်း
လှူတန်းကြဖို့ ဖိတ်ခေါ်အကြံပြုလိုပါတယ်။ မိုင်ပေါင်းများစွာဝေးရာမှာ ရေသွားခပ်
နေကြရသူတွေ၊ ရေအတွက် ခိုက်ရန်ဖြစ်နေကြရတဲ့ အနိဋ္ဌာရုံတွေ၊ နဂိုကမှ စားဝတ်
နေရေးခက်ခဲရာက အသက်ဆက်ဖို့ ရေမရှိဖြစ်နေကြရသူတွေအကြောင်းလောက်
တွေးမိရုံနဲ့တင် ရေလှူတန်းဖို့ အကြောင်းရင်း လုံလောက်တယ်လို့ ယုံကြည်ပါတယ်။

အမြန်လုပ်ကြရအောင်၊ အချိန်နဲ့ ရေဟာ လူကိုမစောင့်ပါ။
မန်းကိုကို

ဆက်လက်ဖတ်ရှုမယ်...

သံဃာတော်အရှင်သူမြတ်များသို့ ပန်ကြားချက်


လေးစားအပ်ပါသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့ ဘုရား - နအဖ စစ်အစိုးရ နှင့် တေဇ ရဲ့ထူး သစ်ကုမဏီတို့က ကိုယ်ကျိုးရှာ သစ်ခုတ်လှဲမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ရှိ မုတ်သုန်သစ်တောများ ပြုန်းတီးကုန်ပြီဖြစ်ပါတယ်။ ရောဝတီတိုင်း နှင့် ရခိုင်ပြည်နယ်ရှိ အလွန်လှပသော ဒီရေရောက်သစ်တောကြီးများလည်း ကုန်သွားပြီဖြစ်ပါတယ်။ သူတိုရဲ့ဝိ သမလောဘ အကျိုးဆက်များကြောင့် ရေကြီးခြင်း၊ မုန်တိုင်းမိခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေးဒဏ် များကို ဆက်တိုက်ခံစားလာရနေပြီဖြစ်ပါတယ်။ ရေပြတ်တောက်မှုဒဏ်ကို အထက်ဗမာပြည်၊ မြေလတ် နှင့် ပဲခူးတိုင်းတို့ ရှိပြည်သူများမှ ဆိုးဝါးစာခံစားနေကြရပြီဖြစ်ပါတယ်။

သံဃာတော်အရှင်သူမြတ်များအနေနှင့် တကာတကာမ ပြည်သူများကြုံတွေနေရသော သောကများမှကင်း ဝေးစေရန် ၊ မိုးခေါင်နေမှုမှ လွန်မြောက်ပြီး မိုးရွာသွန်းစေရန်အလို့ငှာ ငရံမင်းပရိတ်ကို ကျေးရွာများအသီး သီးတွင်ရွတ်ဆို ပေးကြပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

မိုးသီးဇွန်
လူထုတိုက်ပွဲကော်မတီ ( ၂၀၁၀)

ဆက်လက်ဖတ်ရှုမယ်...

Sunday, May 16, 2010

Saturday, May 15, 2010

အမေများရှိတဲ့ ဒီကမ္ဘာ အေးချမ်းသာယာ


ရေးသားသူ - ဖနိဒါ။ ဆိုင်ချိုဖ
“အမေတွေ ရှိနေတဲ့ ကာလပတ်လုံး၊ ကမ္ဘာပေါ်မှာ မိခင်တွေ ရှိနေတဲ့ကာလပတ်လုံး၊ ကမ္ဘာကြီးဟာ လှပစိုပြေပြီး အေးချမ်းသာယာနေမှာဘဲလို့ ပြောချင်ပါတယ်” ဟု မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် စာရေးဆရာမောင်စိမ်းနီက မိခင်များနေ့ အမှတ်တရ စကားဦးသန်း ပြောဆိုလိုက်သည်။

အသက် ၁၅ နှစ်အရွယ်မှာပင် မွေးမိခင်ဖြစ်သူ ဆုံးပါးသွားခဲ့သော်လည်း ယနေ့ထိတိုင် ကမ္ဘာပေါ်တွင် အမေများရှိနေသည့်အပေါ် ဘယ်သောအခါမှ မသေသည့်အမေများသာ ဖြစ်ကြောင်း အားရကျေနပ်၊ ပီတိအပြည့်ဖြင့် ယခုလို ဆက်လက်ပြောဆိုသည်။

“အမေ မရှိတော့ရင်လည်း အမေကို အနိုင်းမေ့ကျေးဇူးရှင်ပေါ့ဗျာ။ ကမ္ဘာပေါ်မှာ ကိုယ့်မိခင်ကွယ်လွန်သွားပေမဲ့လည်း ကိုယ့်မိခင်နှင့်အတူ ကမ္ဘာပေါ်မှာ အမေတွေ အများကြီးရှိသေးတယ်။ အဲဒီအများကြီးတွေကလည်း တကယ်တော့ အမှန်တရားဘက်မှာ နေတဲ့လူတွေရဲ့ အမေတွေဘဲ။ အဲဒါကြောင့် အမေတွေ အားလုံးကို ဂုဏ်ပြုလိုက်တာ။ ဘယ်တော့မှ မသေတဲ့ အမေတွေဘဲပေါ့ဗျာ” ဟု ဆရာကြီးက ဆိုသည်။
အလားတူ မြန်မာ့စာနယ်ဇင်းလောကတွင် နာမည်ကျော်ကြား လူသိများသည့် အမျိုးသမီး စာရေးဆရာမ နုနုရီ (အင်းဝ) ကလည်း ယခုလို ပူပြင်းသည့် နွေရာသီ မေလမှာပင် မိခင်ဖြစ်သူက ခဲယဉ်းစွာ မွေးဖွားသန့်စင်ပေးခဲ့သည့် အကြောင်း နှောင်းအတိတ်ကို ပြန်လည် ပြောပြသည်။
“ဒီလိုပူတဲ့ မေလမှာ မွေးတယ်ဆိုလို့ရှိရင် ဆရာမ အမေက အရမ်းကို ခံစားခဲ့ရတာပေါ့။ သူတို့တုန်းက အဲဒီခေတ် အင်းဝမှာ မီးလည်း မရှိဘူး။ ပန်ကာတွေလည်း မရှိဘူးဆိုတော့ သူက ဆရာမကို မွေးခါနီးမှာ သောက်ရေအိုးကြီးကို ဖက်ပြီးတော့ နေခဲ့ရတယ်။ သူက အသက်နဲ့ ရင်းပြီးတော့ မွေးခဲ့ရတာ ဆရာမကိုး” ဟု ပြောသည်။

နှစ်စဉ် မေလ ၁၈ ရက်နေ့၊ ဆရာမကြီး မွေးနေ့တွင် မိခင်ဖြစ်သူနှင့် မိခင်နည်းတူ ကြီးပျင်းလာသည့်တိုင် ကြည့်ရှုစောင့်ရှောက်ပေးလာခဲ့သည့် အဖွားဖြစ်သူကို ကျေးဇူးတင်စကား ပြောဆိုလေ့ရှိကာ မိခင် ၂ ဦးစလုံးကို အရိုအသေပေး၊ ကန်တော့လေ့ရှိကြောင်းလည်း သိရသည်။
ထို့အပြင် မိခင်မေတ္တာနှင့် ဂုဏ်ကျေးဇူးများကို မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရသည့်အပြင်၊ ဂုဏ်ပြုဖွဲ့နွဲ့ရန်ပင် စကားလုံး ရှာဖွေရန် အလွန်ခက်ခဲကြောင်း ဆရာမက ဆိုသည်။

“ဆရာမကျတော့ ကလေးမရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တဲ့ ဒဏ်ကိုမသိဘူး။ ဒါပေမဲ့လို့ ဒီလောက် သာမန်လူတောင်မှ ဒီလောက်ပူပြီးတော့ နေရထိုင်ရ သိပ်ခက်နေတဲ့အချိန်မှာ ၉ လ ကိုယ်ဝန်ကြီးကို ဆောင်ထားတဲ့ မေ ၁၈ မှာ မွေးခါနီးအချိန်မှာ အရမ်းကို တအားဆိုးမှာပဲ။ တအားပူလောင်မှာပဲ၊ ကျန်တဲ့ ကိုယ်ဝန်ဆောင်တာထက်ကို ပိုဆိုးမှာပဲ ဆိုပြီးတော့ ဆရာမ အမြဲတမ်း တွေးမိပြီးတော့ အမြဲတမ်း ဒီဂုဏ်ကျေးဇူးကို အောက်မေ့တတ်ပါတယ်” ဟု ဆိုသည်။
မိခင်များနေ့ကို လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝ ကျော်က အမေရိကန်ပြည်ထောင်စု၊ ဖီလဒဲလ်ဖီးယား(Philadelphia) မြို့ရှိ သာမာန်ကျောင်းဆရာမတဦးဖြစ်သည့် အယ်နာ အန်မ် ဂျာဗစ် (Anna M. Jarvis) က သူမ၏ မွေးမိခင် ကျေးဇူးကို အမှတ်ရမိရာမှ ကမ္ဘာပေါ်ရှိ မာတာမိခင်များကိုပါ ဂုဏ်ပြုလိုသည့်အတွက် ဖြစ်ပေါ်လာသည့် တန်ဘိုးမဖြတ်နိုင်သည့် နေ့ထူး နေ့မြတ်ပင် ဖြစ်သည်။

ကမ္ဘာတဝန်းရှိ မွေးမိခင်များ၏ အနှိုင်းမဲ့မေတ္တာကို အမှတ်ရ၊ ဂုဏ်ပြုလိုသူများက ထိုနေ့တွင် အခွင့်အရေးတရပ်အဖြစ် မိခင်များကို ပန်းစည်းလက်ဆောင်ပေးခြင်း၊ တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်း၊ မိသားစု လက်စုံ ညစာ စားခြင်းအပြင်၊ ပျော်ပွဲစားထွက်ခြင်း တို့ကို ပြုလုပ်လေ့ရှိသည်။
မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော သား၊ သမီးများ အနေဖြင့်လည်း ထိုနေ့မှာပင် မှတ်မှတ်ရရ အဝေးရှိ မိခင်များထံ တယ်လီဖုန်းဆက်ကာ မိခင်များကို နှုတ်ခွန်းဆက်သခြင်းဖြင့်၊ သတိတရ ရှိကြောင်း ပြန်လည် ပြသကြသည်။
နှစ်ပေါင်း ၁ဝ နှစ်ကျော်ကြာ ထိုင်းနိုင်ငံ ရောက်ရှိနေသည့် နန်းထူးစံက အိမ်တွင်ကျန်ရစ်ခဲ့သည့် မိခင်ကို အမှတ်ရမိသည့်အပြင်၊ အဝေးရောက်မှပင် မိခင်မေတ္တာကို တမ်းတမိကာ ပိုမိုတန်ဘိုးထား တတ်လာကြောင်း သူမ ခံစားချက်ကို ယခုလို ပြောပြသည်။

“အမေ့ကို သတိရတယ်။ ရွာမှာနေတုန်းကဆို ဘာဘဲဖြစ်ဖြစ် နေမကောင်းတာဘဲဖြစ်နေ၊ ကိုယ်အဆင်မပြေခဲ့သည်ဖြစ်စေ အနားမှာအမြဲနေပေးပြီး အားပေးလေ့ရှိတယ်။ နွေးထွေးမှုပေးတယ်” ဟု ဆိုသည်။
သူမက ဆက်၍ပြောဆိုရာတွင် “အမေ့ကို အရမ်းချစ်တယ်။ အမေဆိုရင် အဖေထက် ပိုချစ်တယ်။ ပိုဂရုစိုက်တယ်လို့ခံစားရတယ်။ အမေ့အနားမှာနေတုန်းက အမေ ကိုယ့်ကို ချစ်မှန်းမသိဘူး။ ဆိုးချင်တိုင်း ဆိုးခဲ့တယ်။ အခုလိုအဝေးတနေရာမှာရောက်မှ အမေ ကိုယ့်ကို ဘယ်လောက်ချစ်သလဲ၊ အမေ့မေတ္တာတွေ အကြင်နာတွေကို အဝေးရောက်မှ သိတော့ အရမ်းခံစားရတယ်” ဟု လည်း ပြောသည်။

ထိုနည်းတူ ခံယူချက်ကြောင့် တော်လှန်ရေးနယ်မြေကိုရောက်ရှိခဲ့ပြီး၊ ယနေ့ထိတိုင် ကလောင်တချောင်းဖြင့် စစ်အစိုးရ အားနည်းချက်များကို ထောက်ပြ ဝေဖန်သည့် ကာတွန်းဆရာ ဦးဟန်လေးကလည်း မွေးမိခင် ဆုံးပါးသွားသော်လည်း သူမ၏ ဆိုဆုံးမ စကားများ၊ ပုံပြင်များ ယနေ့ထိတိုင် နှလုံးသားတွင် စွဲမှတ်ထင်နေသေးကြောင်း ယခုလို ရင်ဖွင့် ပြောဆိုခဲ့သည်။
“ဒီလိုအမေနေ့ မျိုးမှာဆိုရင် အမေ့ကို အရမ်းသတိရတယ်။ အမေနေ့မဟုတ်လဲ အမြဲတမ်း သတိရနေတယ်။ ကျနော့်အမေတင် မဟုတ်ဘဲ လူတိုင်းရဲ့အမေတွေလဲ အတူတူပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမေဟာ ကျနော့်အတွက် အရမ်းထူးခြားတယ်။ အသက်ကြီးလာလေ ပိုနားလည်လာလေ။ တကယ့် လူ့ဘဝထဲ ရုန်းကန်ရတဲ့ အချိန်မှ အမေ့ရဲ့အမှာစကားတွေ တကယ်ပဲ ပြောလို့မရလောက်အောင်ကို တန်ဖိုးကြီးတယ်” ဟု ဆိုသည်။

ဆုံးမစကားများထဲမှ အမှတ်ရမိဆုံးနှင့် ထိမိသည့် နှိုင်းယှဉ်ပြောဆိုချက်တခုကိုလည်း အခုလို ပြန်လည် အမှတ်ရ ပြောဆိုခဲ့သည်။
“သားတဲ့..မင်းကြီးလာရင် အိမ်ထောင်မများနဲ့တဲ့။ ဘာကြောင့်လည်းဆိုရင် ပထမ အိမ်ထောင်ရှိရက်သားနဲ့ နောက်အိမ်ထောင်ပြုရင် နှစ်ယောက်စလုံးရဲ့အချစ်ကိုဆုံးရှုံးသွားမယ်။ သားသမီးတွေရဲ့မေတ္တာကိုလဲ ဆုံးရှုံးသွားမယ်” ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံကို ဆယ်ကျော်သက်အရွယ်တွင် စတင်ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသူ အားမီမှလည်း မိခင်များနေ့၊ ဘုရားရှစ်ခိုးကျောင်းတွင် လူငယ်များက အမှတ်တရ မိခင်များကို ဂုဏ်ပြုသီချင်း သီဆိုခြင်းများ ပြုလုပ်ကြပုံကို ယခုလို ပြန်လည်ဝေမျှ ပြောဆိုသည်။
“လူငယ်တွေက မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ သီချင်းတွေ ဆိုပေးတယ်။ အဲသလိုအချိန်မှာ ဝမ်းနည်းတယ်။ မျက်ရည်ကျတယ်။ မိခင်ကို ဆုတောင်းပေးတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံးကို ဆုတောင်းပေးပါတယ်။ ဒီလို အမေများနေ့ရောက်ရင် အဝေးမှာရှိတဲ့ အမေတွေကို သူငယ်ချင်းတွေ၊ လူငယ်တွေက ဖုန်းဆက်ကြတယ်။ ကျေးဇူးတင်ကြောင်း ပြောကြတယ်” ဟု ဆိုသည်။
ယခုအခါ ကမ္ဘာအရပ်ရပ်ရှိ လူမှုအသိုင်းအဝိုင်းက ကိုးလလွယ် ဆယ်လဖွား မိခင်များကိုသာမက၊ မိခင်မေတ္တာအပြည့်အဝနှင့် အနစ်နာခံ၊ ပြုစု စောင့်ရှောက်မှုပေးနေသည့် မာသာထရီဇာကဲသို့ မြင့်မြတ်သည့် စိတ်ထားဖြင့် လောကကို အလှဆင်နေကြသည့် အမေများကိုလည်း အထူးဂုဏ်ပြုခြင်းများ ပြုလုပ်လာကြသည်။
ထို့ကြောင့် ယနေ့တွင် မွေးမိခင်များသာမက ကမ္ဘာပေါ်တွင် ရှိနေသည့် အမေများအားလုံးကို ဆရာကြီး မောင်စိမ်းနီ ၏ တန်ဖိုးမဖြတ်နိုင်သည့် အမှတ်တရ စကားလေးဖြစ်သည့် “ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နိုင်ပါစေ” ဟု ဆိုသတည်း။
နောင်တရိပ်သာမှ

ဆက်လက်ဖတ်ရှုမယ်...

ထူးဝါး - အေယါင်ယှးမာၟမ်ုမုက်ဏု


ဆက်လက်ဖတ်ရှုမယ်...

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

မေ လ ၁၃ရက် ၂၀၁၀ခုနှစ်
တပ်မဟာ(၁) သထုံခရိုင်။
- ၅.၅.၂၀၁၀ နေ့ ၁၄း၂၀အချိန် ဟတ်လေကျေးရွာအနီးတဝိုက်တွင် KNLA ပြောက်ကျားတပ်၏တိုက် ခိုက်မှုကြောင့် ရန်သူဘက်မှ ၁ဦးသေ ၁ဦးဒဏ်ရာရ။
- ၇.၅.၂၀၁၀နေ့ ၁၃း၀၀အချိန် DKBA တပ်ရင်း(၁) တပ်ခွဲ(၂)မှ တပ်ကြပ်စောဖားနီ ကိုယ်ပိုင်အမှတ် ၀၁၃၃၂၁ သည်အမြင်မှန်ရပြီး မိခင်KNUနှင့် ပြန်လည်ပူးပေါင်းတဲ့အပြင် AK ၁လက် ကျည်ကတ်တခု ကျည်ဆံ၈၉လုံးပါ ယူဆောင်ခဲ့သည်။

တပ်မဟာ(၆) ဒူပလာယာခရိုင်။
- ၁၀.၅.၂၀၁၀နေ့ တွင် စကခ(၁၂) ခလရ(၂၃၁)စစ်ကြောင်းမှူးမဲလုံးဦးစီးပြီးတော့ ကောက်နွယ်ကျေးရွာ သူ စိန်စိန်ဦး၏ဆန်များနှင့်ငွေကျပ်၂၀၀၀၀ကိုအတင်းအဓမ္မတောင်းယူပြီးတော့ တနီမူရွာသို့ပြန်လည် ထွက်ခွာသွား။
- ၁၁.၅.၂၀၁၀နေ့ ၁၆း၂၀အချိန် တနေမူး စကခ(၁၂)ခလရ(၂၃၁)မှမဲလုံးသည် DKBAများကိုခေါ်တွေ့ တာကို DKBA မှလာမတွေ့သဖြင့်၆၀မမ ဖြင့် ၂ချက် တတာကူးရွာသို့လှမ်းပစ်ခဲ့သည်။
ကညောဖိုးမှ ကူးယူလာပါသည်

ဆက်လက်ဖတ်ရှုမယ်...

ကျနော်နှင့် (ထွီဖါးဝီးကျိုး-ခွေးအိပ်တောင်) ပွိုင် ၄၀၄၄ တိုက်ပွဲ

Me and Twe Pah Wee Battle

ဆက်လက်ဖတ်ရှုမယ်...

Friday, May 14, 2010

စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း

ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။
ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။ ´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။


ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။

၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။

သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။

စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။

နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။ သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။
ဆက်လက်ဖော်ပြပါဦးမယ်…..။
စောကရင် မှ ကူးယူးတင်ပြပါသည်

ဆက်လက်ဖတ်ရှုမယ်...

Thursday, May 13, 2010

အမေ့အိုရဲ့ အမှာစကား


သားရေး..........
အမေဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ခရီးလမ်းတစ်လျှောက်မှာ ဇာတ်လမ်းတစ်ပုဒ်အဖြစ်
ရိုက်ကူလိုက်မယ်ဆိုရင် အလွမ်းသ္မားနေရာမှာ
အမေ့ကိုထည့်သွင်းလို့မရပါဘူး။ ပူဆွေးသောကရောက်နေတဲ့ သောကမင်းသ္မီးလေးနေရာမှာ
ထည့်သွင်းသရုပ်ဆောင်ပေးမှသာ အဆင်ပြေမှာ။
ပြီးသွားခဲ့တဲ့

အတိတ်ကဇာတ်လမ်းလေးတစ်ပုဒ်ကို လက်ရှိပစ္စုပ္ပန်မှာ ပြန်လည်ရိုက်ကူးဖို့ဆိုတာ အမေစိတ်ကူးမရှိပါဘူး။ ပြီးခဲ့ဒါတွေ အားလုံးဟာ အမေတို့ရဲ့ စည်းလုံးရေးမရှိမှု ပညာရေးအားနည်းမှုတွေကြောင့် ခေါင်းငုတ်ရင်ဆိုင်နေကြရတယ်လို့ပဲ အမေဖြေသိပ်ခဲ့ပါတယ်။ ဒါမေမယ့် အမေရရှိခဲ့တဲ့ နောင်တတွေကို သင်္ခန်းစာယူပြီး သားတို့ရဲ့ခေတ်မှာ ခေါင်းငုတ်မခံရလေအောင် စည်းလုံးခြင်းကိုအလေးထားပါ ပညာရေးကိုတန်ဖိုးထားပါလို့ အမေ မှာလိုက်ချင်ပါတယ်။ ပညာရေးမပါတဲ့ စည်းလုံးခြင်းဟာ လူမျိုးရေးအတွက် အရာမရောက်သလို စည်းလုံးခြင်းမပါတဲ့ ပညာရေးဟာလည်း လူမျိုးရေးအတွက် အရာမရောက်ပါဘူး။ ကရင်စကားပြောနေရုံ ကရင်အ၀တ်အစားတွေ ၀တ်နေရုံနဲ့ ဇွဲကပင်တောင်ကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်လို့မရနိုင်ပါဘူး။ စည်းလုံးရေး နှင့် ပညာရေးရှိမှသာ ဇွဲကပင်တောင်ကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်လို့ရနိုင်မှာ ဒါကြောင့် အမေ့ကိုချစ်ရင် ဇွဲကပင်ကိုချစ်ရင် ဇွဲချစ်သူတွေကိုချစ်ရင် စည်းလုံးရေး နှင့် ပညာရေးကို တန်ဖိုးထားပါလို့ အမေ ထပ်မှာလိုက်ပါရစေ သားရယ်........
အလှပိုင်ရှင်မိခင်ဇွဲကပင် မှ

ဆက်လက်ဖတ်ရှုမယ်...

ကရင်ပါတီများကို စစ်အာဏာရှင်ဒေါက်တိုင်များဟု ကေအန်ယူ ပြောကြား


ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ကရင်ပြည်သူ့ပါတီ (ကေပီပီ) အထွေထွေအတွင်းရေးမှူး၏ ပြောဆိုချက်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အဆိပ်ပင်ရေလောင်းနေခြင်းသာ ဖြစ်သည်ဟု ကေအန်ယူက ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောလှငွေက ကရင်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

ကရင်ပြည်သူ့ပါတီသည် ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး စောစေးဝါးက ယခုလ (၇) ရက်ထုတ် ပြည်တွင်းသတင်းဂျာနယ်တစောင်ဖြစ်သည့် လျှပ်တပြက်ဂျာနယ်၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပါတီ အဓိက၀င်ရောက်ယှဉ်ပြိုင်မည့် ဒေသများမှာ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်ဒေသများဖြစ်သည်ဟု ဆိုသည်။

ထိုသို့ပြောဆိုချက်ကို ပဒိုစောလှငွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကရင်ပါတီများသည် ကရင်ပြည်နယ်နှင့် ကရင်အမျိုးသားများကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၎င်းတို့ပါတီများ၏ အဓိကရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် မပြိုလဲသွားရန် ကြားခံပေးမည့် ဒေါက်တိုင်များသာဖြစ်သည်ဟု ပြောဆိုသည်။

၎င်းက “ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ခေါင်းထဲထည့်စရာမလိုဘူး။ သူတို့ထင်သလို ဒီရွေးကောက်ပွဲဟာ ဘယ်ပြည်နယ်အတွက်၊ ဘယ်ကရင်အတွက်၊ ဘယ်အတန်းအစားအတွက်မှ ဖြစ်မှာမဟုတ်ဘူး။ ကရင်ပြည်နယ်ဆိုတာကလည်း နဂိုကတည်းက ဘာမှရှိတာ မဟုတ်ဘူး။ ကရင်အမျိုးသားတွေရဲ့ လိုလားချက်တွေနဲ့ အမျိုးသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဒီမိုကရေစီရေးတွေ ဘာမှမရှိခဲ့ဘူး၊ ရှေ့ဆက် ဒီထက်ဆိုးဖို့ပဲ ရှိမယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ညီညွတ်သည့်ပြည်ထောင်စုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုများကို လုံးဝ တည်ဆောက်နိုင်မည်မဟုတ်ဟု ကေအန်ယူက ပြောသည်။

“အခု ရွေးကောက်ပွဲဝင်မယ့် ကရင်ပါတီဝင်တွေဟာ တချိန်မှာ သမိုင်းရဲ့တရားခံတွေဖြစ်မယ်။ ဒါကြောင့် ကရင်ပြည်သူတွေကို ဆန့်ကျင်သပိတ်မှောက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းချင်တယ်” ဟု ပဒိုစောလှငွေက ပြောသည်။

ကရင်ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ရသည့် အဓိကအကြောင်းရင်းမှာ နိုင်ငံတော်တည်ဆောက်ရေးတွင် တတ်အားသရွေ့ ကာယ၊ ဉာဏ၊ စွမ်းအားရှိသလောက် ပါဝင်ချင်သောကြောင့်၊ ပါဝင်နိုင်မည်ဟု ယုံကြည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း စောစေးဝါးက ပြောသည်။

ကရင်ပြည်သူ့ပါတီတွင် ဥက္ကဋ္ဌ စောထွန်းအောင်မြင့်၊ ဒု-ဥက္ကဋ္ဌ စောအေးကို၊ အထွေထွေအတွင်းရေးမှူး စောစေးဝါးတို့မှာ ပါတီပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ပြီး အငြိမ်းစားယူထားသည့် မြန်မာစစ်တပ်အရာရှိဟောင်းများ ဖြစ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ကရင်ပါတီ (၃) ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (ကေပီပီ)၊ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (ယူကေအယ်လ်) နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာတွင် (ကေပီပီ) နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (၂) ခုသာ ပါတီတည်ထောင်ခွင့်ရရှိသေးသည်။

ယခုလ (၈) ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့်ပါတီပေါင်း (၃၁) ခုရှိသည့်အနက် ပါတီ (၂၇) ခုမှာ ပါတီတည်ထောင်ခွင့် ရရှိပြီးဖြစ်သည်ဟု သိရသည်။
ခေတ်ပြိုင်မှ

ဆက်လက်ဖတ်ရှုမယ်...

Wednesday, May 12, 2010

ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း


ရဲရင့် (ခေတ်ပြိုင်မှ)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်ပြီဖြစ်သည်။

ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်ဟု ဒီကေဘီအေ အဆင့်မြင့်အရာရှိတဦးက ပြောသည်။


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သောအဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်သည့်အတွက် ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှု ပြီးဆုံးသွားပြီဖြစ်သည်။
ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် လက်အောက်ခံတပ်ရင်းမှူးများသည် မြ၀တီမြို့တွင် အရှေ့တောင်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် အဖွဲ့ဝင်များထံတွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယခင်လက ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးညှိနှိုင်းရေးအတွက် မြိုင်ကြီးငူဌာနချုပ်သို့ ပြန်လာရန် ဗဟိုမှဆင့်ခေါ်မှုကို စောလားပွယ်နှင့်အဖွဲ့က သွားရောက်ရန် ငြင်းဆန်ခဲ့သည့်နောက်ပိုင်း တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှလွဲ၍ ဗဟိုနှင့်လက်အောက်ခံတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များက ယခင်လအတွင်းက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဒီကေဘီအေ (၉၉၉) တပ်မဟာမှ တပ်မှူးတဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်တွင် တပ်မဟာ(၅) ဗျူဟာ (၁) ခုနှင့် လက်အောက်ခံတပ်ရင်း (၅) ရင်းရှိပြီး စစ်သည်အင်အား (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရာတွင် ၎င်းတို့၏တပ်ဖွဲ့ဝင် အင်အား (၅,၀၀၀) ကျော်ကို (၁,၀၀၀) အထိ လျှော့ချရမည်ဟုလည်း သဘောတူညီချက်တွင် ပါရှိသည်ဟု ယင်းတပ်မှူးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှခွဲထွက်ခဲ့ပြီး နအဖနှင့် ပူးပေါင်းခဲ့သည့်အဖွဲ့ဖြစ်သည်။

ဆက်လက်ဖတ်ရှုမယ်...

ကျနော် နှင့် (ဖလူး) တိုက်ပွဲ


Phkidoh Palu Battle

ဆက်လက်ဖတ်ရှုမယ်...

Tuesday, May 11, 2010

KNLA & DKBA

ဆက်လက်ဖတ်ရှုမယ်...

Monday, May 10, 2010

ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။
- ဘီးလင်းမြို့နယ်။ ၈.၅.၂၀၁၀နေ့ ခမရ(၂၀၅)မှကော်ညိုသည် ဝါမီပွာတွင် အစည်းအဝေးခေါ်ပြီး အီးဟဲမှစပြီးတောက်လျှောက်အနီးတ ဝိုက်မှ ရွာ များ အားသစ်များ ကိုအတင်းအကျပ်တောင်းခဲ့သည်။ စုစုပေါင်း ရွာ(၂၀)ပေးရမှာ ဖြစ်ပြီး သစ်၏အရွယ်အစားမှာ ၅x၂/၄x၂ ဖြစ်သည်။ထို့အ ပြင်တရွာလျှင်အ ရှည်၆တောင်ရှိသစ်၁၀ချောင်းစီပေးရမှာဖြစ်သည်။
- ဖားအံ့မြို့နယ်၊ ၈.၅.၂၀၁၀နေ့၊ ညနေ၅နာရီအချိန်ခန့်တွင် မယ်စီတောင်ကုန်း ရှိDKBAစခန်းရှိရဲဘော်အားလုံးထွက်ခွာသွား၊ နောက်ပိုင်းတွင်ပြန်လာမည်မ လာမည်ကိုအတိအကျမသိရသေးပါ။

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၄.၅.၂၀၁၀နေ့တွင်ပျင်စလိုရှိ ခလရ(၂၆၁)တပ်သည် ပျင် စလိုရွာသားများကို ဝါးကြီး၁၇ချောင်း အုန်းသီ၃လုံးတို့ကိုအတင်းအကျပ် တောင်းတဲ့ အပြင် အဲဒီတရက်ထဲမှာပဲ ပျင်စလိုရွာသား၂ဦးအားပျင်စလိုမှသ ပြေညွန့်ထိ အတင်းအဓမ္မပစ္စည်းများ သယ်ပို့ခိုင်းခဲ့သည်။
- ၈.၅.၂၀၁၀နေ့ ၁၄း၀၀အချိန် စီဃဲဒဲအရပ်ရှိသူးဒေါတွင်KNU၏ပျောက်ကျား ၂ကြိမ်တိုက်ခိုက်မှုကြောင့် ရန်သူ၂ဦးဒဏ်ရာရ။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂.၅.၂၀၁၀နေ့ ၁၃း၁၄အချိန်တွင် မိမိတို့တပ်ရင်း(၂၁)နှင့် DKBA ၉၉၉ တပ်ရင်း(၂) တို့သည်ပေါ်ရာဒေးတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မိမိတို့ဘက်မှ AR ၂လက်၊ ကြယ်အိတ်၂လုံး နှင့် အလုံး၆၀တို့ကိုရရှိခဲ့သည်။
- ၅.၅.၂၀၁၀နေ့ ၁၆း၀၀နာရီအချိန်တွင် မိမိတို့ပျောက်ကျားအဖွဲ့၂နှင့် DKBA 999တပ်ရင်း(၃)တပ်ခွဲ တို့သည်လေးဝါးအရပ်တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန် သူ၁ဦးသေ။ တရက်ထဲမှာပဲမိမိတို့တပ်ရင်း၂၁သည်ခမရ၆၂အားမီးခီးပဟီတွင် စောင့်ပစ်ရာ ရန်သူ၁ဦးသေ ၁ဦးဒဏ်ရာရ။
- ၆.၅.၂၀၁၀နေ့ ၀၇း၄၅ အချိန်မိမိတို့တပ်ရင်း(၁၉)နှင့် ALAတို့ပေါင်းပြီးနအဖ တပ်ခမရ(၅၈၈)စစ်ကြောင်း(၁)ကို ကွီးလော်ဖလိုးတွင် စောင့်ပစ်ရာ ရန်သူ၎ဦး ဒဏ်ရာရ။ ထိုဒဏ်ရာရသူအထဲတွင်ဗိုလ်ကြီး၁ဦးပါရှိကြောင်းသတင်းရရှိသည်။

ဆက်လက်ဖတ်ရှုမယ်...

မြန်မာနိုင်ငံဗုံးပေါက်မူ့နှင့်ဇတ်ဆရာအလိုကျ



ဒီနှစ်သင်္ကြန်အတွင်းရန်ကုန်မှာ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး ရဲချုပ်ခင်ရီ ကတရား
ခံ တွေမိ ထားပြီ ဖြစ်ကြောင်း မေလ (၆) ရက်နေ့ သတင်းစာ ရှင်းလင်း ပွဲမှာပြော
ကြားသွားတာ သိလိုက်ရတော့ မေလ (၇) ရက်၊ ၂၀၀၅ ခုနှစ်တုန်းက ရန်ကုန်မြို့
ကုန်တိုက် (ရှော့ပင်းစင်တာ) တွေမှ ဗုံးပေါက်ကွဲမူ့တွေ ကို သတိရမိပါတယ်။

အဆိုပါပေါက်ကွဲမူတိုင်းတွင် ပြည်သူများ ထိခိုက် ဆုံးရှုံးရ အခြင်းတွက် များစွာ ၀မ်းနည်းမိပါတယ်။

ကိန်းဂဏာန်းရက်လ ကို ကြည့် လိုက်တော့လည်း ဗေဒင်ဆရာ ကိုတောင် သတိ
ရ လိုက်ပါတယ်။

၂၀၀၅၊ မေလ ဗုံးပေါက်ကွဲမူ့နှင့် ပတ်သက်ပြီး မြန်မာသတင်းနှင့်ပြန်ကြားရေး
ဝန်ကြီး ကျော်ဆန်းက KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း ၏လက်ချက်ဖြစ် ကြောင်း သတင်းစာ ဆရာများရှေ့ မှ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ရွှေ ဆိုင်း ( KNLA တပ်မဟာ (၆) တပ်မမူး) သည် ၂၀၀၅မေလ ဗုံးကွဲမူမတိုင်ခင်
(၁) နှစ်ကျော်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သတင်းနှင့် ပြန်ကြားရေးဝန်ကြီး
တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင် ရန် အိမ်မှ ဇနီးသည်ကိုများ တိုင်
ပင်ရသလား၊ ဒါမှမဟုတ် ဗေဒင်ဆရာများကို အားကိုးနေရသလား ဆိုတဲ့ မေး
ခွန်းများထွက်လာပါတယ်။

နောက်ပိုင်းတွင် ၄င်းဗုံးကွဲမူ့ နှင့် ပတ်သက်ပြီး KNU, KNPP, SSA နှင့် ဒေါက်တာ
စိန်ဝင်း ဦးဆောင်သော NCGUB ၏လက်ချက်ဖြစ်ကြောင်း နအဖ မှတရားဝင်
ကြေငြာပြန်တယ်။ အဲဒီအချိန်က လုံခြုံရေး အထူထပ်ဆုံးဖြစ်တဲ့ မြို့တော်ရန်ကုန်
ကို Operation အသေးစားတစ်ခုအနေဖြင့် ဗုံးခွဲတိုက်ခိုက်ရန် နယ်မြေဒေသ ဝေးလံတဲ့ အဖွဲ့ (၄) ဖွဲ့က စုစည်းနိုင်တယ် ဆိုတော့ နအဖ ရဲ့စစ်တက္ကသိုလ် မှာ
သင်ကြားနေတဲ့ စစ်သေင်္နက ဗျုဟာ တွေကို စိတ်ဝင်စားမိပါတယ်။

ဗုံးပေါက်ကွဲပြီး နအဖ ၏ ထုတ်ပြန်ချက် မထွက်လာခင် ကျောင်းသားတစ်ဦး ၏
ပြောလိုက်ပုံမှာ “ဟားဟား... KNU ၏လက်ချက်လို့ ပြောတော့မယ်..” အံသြမိ
သည်မှာ ထိုကျောင်းသားသည် တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲ (၉) တန်း
ကျောင်းသားဖြစ်နေခြင်းဘဲ။

၎င်းဗုံးကွဲမူ့နှင့် ပတ်သက်ပြီး သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း နှင့် ရဲ
ချုပ်ခင်ရီ တို့၏ ဇတ်ဆရာအလိုကျ ကြိုးစားချက်တွေ ကို အနည်းငယ် တင်ပြချင်
ပါတယ်။

၂၀၀၅ မေလဗုံးခွဲတိုက်ခိုက်မူ့နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ
၎င်းတို့အပိုင်မြေ လေးအိမ်စု နား ရှိ တကူဆိပ်ရွာမှ အမျိုးသမီးအပါအ၀င် ကရင်
တိုင်းသား (၂၀) ကျော် ကို တိုင်းစစ်ကြောရေစခန်းသို့ခေါ်ယူစစ်ဆေးပါတယ်။
စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့သူ တစ်ချို့၏ ပြန်လည်ပြောပြချက်မှာ-
“ အချုပ်ခန်းထဲရောက်ပြီး (၃) ရက်ဆက်တိုက်အတွင်း ဘာမှအမေးအမြန်း မရှိ
ဘဲ လူကိုဘဲ ဆက်တိုက်ရိုက်နေတယ်။ အစားအသောက်မပေးဘူး၊ အိပ်ခွင့် လည်းမပေးဘူး။ ဘာကြောင့်ရိုက်ရတာလည်းမပြောဘူး။”

(၃) ရက်မြောက်တဲ့နေ့မှာ သောက်ရေတစ်ခွက်ယူလာပြီး ရန်ကုန်မြို့မှာ ဗုံးခွဲ
တာ မင်းမဟုတ်လားမေးတော့ မဟုတ်ကြောင်းဖြေတဲ့အခါ သောက်ရေခွက် ကိုသွန်လိုက်ပြီး ဆက်တိုက်ရိုက်တော့တာဘဲ။ ဒါနဲ့ဘဲ (၄) ရက်မြှောက်နေ့မှာ
ဆက်မရိုက်ဖို့ပြောတော့ သူတို့ပြောခိုင်းတာပြောရမယ်လို့ အကျပ်ကိုင်ပါတယ်။

ထိုကဲ့သို့ ညဉ်းပန်းနှိပ်ဆက်နေတဲ့ အတောအတွင်း ကျောင်းဆရာ Saw Standford သည် ဒဏ်ရာများနှင့်သေဆုံးသွားပါသည်။ ညဉ်းပန်းနှိပ်ဆက်သည့်
နည်းမျိုးစုံမှ တစ်နည်းမှာ အမျိုးသမီးကို င်္အကျီအ၀တ်အစား များချွတ်ပစ်ပြီး အ
မျိုးသမီးအင်္ဂါကို လျှပ်စစ်ဓါတ်ဖြင့်တို့ခဲ့သဖြင့် အနှိပ်စက်ခံရသူများမှာနအဖ လက်
ပါးစေ၏ စေခိုင်းချက်တိုင်း ပြောဖို့ သဘောတူခဲ့ရပါသည်။

ထို့နောက်စစ်ကြောရေးစခန်းမှ ဗုံးခွဲသူများ၊ စည်းရုံးရေး တာဝန်ခံ၊ ရံပုံငွေ ရှာဖွေ ရေးတာဝန်ခံ၊ ပစ္စည်း ပို့ဆောင်ရေးတာဝန်ခံ အစရှိသဖြင့် တာဝန်ခွဲဝေချပေးပြီး
ဇတ်တိုက်ပါတော့တယ်။ စိတ်ကြိုက်ဇတ်တိုက်ပြီးသကာလ ဧရာဝတီတိုင်းမူးမှ အ
နာဂတ်အကျိုးကိုမျှော်လျှက် အထက်သို့ သတင်းပို့လိုက်ပါတယ်။ စစ်ကြောရေး
စခန်းတွင်ရှိစဉ် တိုင်းရင်းသား ဓါးစားခံများမှာ ဗုံးခွဲသူများ မှာမိမိတို့ဖြစ်ကြောင်း
ဝန်ခံပြီး မေးခွန်းနှင့်အဖြေ ကိုက်ညီစေရန် တစ်ပတ်ကျော် လေ့ကျင့်ခဲ့ပါသည်။

၎င်းနောက် မြန်မာနိုင်ငံရဲချုပ် ဗိုလ်မူးချုပ်ခင်ရီ မှ ပြည်တွင်းပြည်ပ သတင်းစာ
ဆရာများရှေ့တွင် ဟန်ပါပါဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့သည်မှာ-
“ ရန်ကုန်မြို့မေလ ဗုံးခွဲသည့် တရားခံများကို မိထားပြီ ဖြစ်ကြောင်း၊ မကြာခင်
အချိန်တွင်း အများပြည်သူ များရှေ့တွင် ထုတ်ဖေါ်ပြသပြီး တရားဥပဒေ အတိုင်း
ဆက်လက်ဆောင်ရွက်သွား မည်ဖြစါကြောင်း ” လူသိရှင်ကြား ကျေငြာခဲ့ပါ သည်။

အစီစဉ်တိုင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ ဓါးစားခံများကိ မြန်မာနိုင်ငံရဲတပ်ဖွဲ့
သို့အပ်နှံပြီး ရန်ကုန်မြို့ဗုံးခွဲ ခဲ့သည့် နေရာများတွင် ပြန်လည် သရုပ်ဆောင် စစ်
ချက်ယူရန်ဖြစ်သည်။

ရဲအုပ်= နင့်နာမည်ဘယ်လိုခေါ်လဲ
ရွာသူ = ကျမနာမည် နော် xxxxx ပါ။
ရဲအုပ် = နေရပ်
ရွာသူ = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။
ရဲအုပ် = နင်ဘာလုပ်ခဲ့လဲ
ရွာသူ = ရန်ကုန်မှာ ဗုံးခွဲဖို့ ရံပုံငွေ လိုက်ကောက်ပါတယ်။
ရဲအုပ် = ဘယ်သူ့ဆီက ကောက်ခဲ့လဲ
ရွာသူ = ရန်ကုန်မြို့အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် က နော်xxxxx
ဆီမှ ငွေကျပ် ငါးသိန်း သွားယူခဲ့ပါတယ်။
ထို့နောက် ရဲအရာရှိများ သက်သေများ ခေါ်လျှက် အဆိုပါအိမ်သို့ တရားခံ နှင့်
အတူ သွားကြပါသည်။ အိမ်ပေါ်သို့တက်ပြီးသောအခါ-
ရဲအုပ် = ကဲ.. နင်ပြောတဲ့ နော်xxxx ရဲ့ အိမ် ဘယ်မှာလဲ
အဆိုပါအိမ်သို့တစ်ခါမှ မရောက်ဘူးသော ရွာသူသည် တောင်ကြည့်မြှောက်
ကြည့်ပြီး မျက်စောင်းထိုးမှာရှိသော အိမ်ကို လက်ညိုးထိုးလျှက်-
ရြာသူ = အဲဒီအိမ္ဘဲ။
အမှန်မှာ အဆိုပါ နော် xxxx အိမ်ပေါ်သို့ရောက်နေသော်လည်း အလွတ်ကျက်
ခဲ့သည့်အတိုင်း အပြင်မှာမရောက်ဘူးသဖြင့် တွေ့ရာဖြေလိုက်ခြင်းဖြစ်ပါသည်။

ရဲစခန်းသို့ပြန်ပြီး အမျိုးသမီး(၇) ဦးခန့် ကို တန်းစီခိုင်းပြီး ရဲလုပ်ငန်းစဉ်အတိုင်း
လူကို လက်ညိုးထိုဖေါ်ပြခိုင်းပါသည်။ အလွတ်လေ့ကျင့်ခဲ့ပြီး အပြင်မှာ မတွေ့
ခဲ့ဘူးသဖြင့် ၄င်းရွာသူမှာ မဖြေနိုင်ဘဲ ချွေးပြန်လာပါသည်။ ထို့နောက် င်္အကျီ
သားနားစွာဝတ်ထားပြီးရွှေဆွဲကြိုး ဆင်မြန်းထားသော အမျိုးသမီးကို လက်ညိုး
ထိုးလျက်-
ရွာသူ = ကျမကို ငွေပေးတာသူဘဲ ။ ဟဲ့ကောင်မ ပြောလိုက်လေ၊ နင်ငါ့ကို ငွေ
ငါးသိန်းပေးတဲ့ကိစ္စ။
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျှက် အားလုံးတိတ်ဆိတ်နေပါသည်။
ရွာသူ ညွန်ပြလိုက်သူမှာ စခန်းမှုး၏ ဇနီးဖြစ်နေပါသည်။

စောxxxx ကိုဆက်လက်စစ်ဆေးပါသည်။

ရဲအုပ်= မင်းနာမည်ဘယ်လိုခေါ်လဲ
ရွာသား = ကျနော်နာမည် စော xxxxx ပါ။
ရဲအုပ် = နေရပ်
ရွာသား = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။
ရဲအုပ် = မင်းဘာလုပ်ခဲ့လဲ
ဓါးစားခံ = ကျနော် ဒဂုံရှော့ပင်းစင်တာ ကို ဗုံးခွဲခဲ့ပါတယ်။
ရဲအုပ် (အသံမာမာဖြင့်)= အမှန်တိုင်းပြောစမ်း၊ မပြောရင်မင်းနာမယ်။
ရွာသား = ဟုတ်ကဲ့ မလုပ်ပါနဲ့ခင်ဗျား၊ ကျနော်အမှန်တိုင်းပြောနေပါတယ်။
ဒဂုံရှော့ပင်းစင်တာ ကို ဗုံးခွဲခဲ့တာ ကျနော်ပါ။
ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ။
ရွာသား = လိုင်းကားနဲ့လာပါတယ်။
ရဲအုပ် = ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ
ရန်ကုန်မြို့သို့တစ်ခါမှမရောက်ဖူးသော ရွာသား သည်မမျှော်လင့်ထားသော မေး
ခွန်းကြောင့် ချက်ခြင်းမဖြေနိုင်ဘဲ စဉ်းစားကာ-
ရွာသားံ = အဝေးပြေးကားဂိတ်ကနေ ဒဂုံရှော့ပင်းစင်တာကို လမ်းရှောက်သွား
ပါတယ်။
ရဲအုပ် = မှန်မှန်ပြောစမ်း။ ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ။
ရွာသား = ဟုတ်ကဲ့ ကျနော်လမ်းလျှောက်သွားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်လို သယ်လာလဲ
ဓါးစားခံ = ဆာလာအိတ်ထဲထည့်ပြီးထမ်းလာပါတယ်။
ရဲအုပ် = ဗုံးကိုဘယ်မှာသွားထားလဲ
ရွာသား = အမှိုက်ပုံးဘေးက တိုင်နားမှာသွားချထားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်လို ခွဲလိုက်လဲ။
ဗုံးလုပ်နည်း နှင့်ခွဲနည်းကို မသိသော ၄င်းရွာသားသည် ချက်ချင်းမဖြေနိုင်ဘဲ တစ်ချက်စဉ်းစားပြီး ပြာပြာသလဲ နှင့် ဖြေလိုက်သည်မှာ-
ရွာသား = တံမျက်စည်းနဲ့ ရိုက်ခွဲလိုက်ပါတယ်။
ရဲအုပ် = အမှန်တိုင်းပြောစမ်း။ ဗုံးကို ဘယ်လိုခွဲ လိုက်လည်း
ရွာသား = ဒဂုံရှော့ပင်းစင်တာ မှာ ဗုံးကို ကျနော်ကိုယ်တိုင် တံမျက်စည်း နဲ့ ရိုက်
ခွဲခဲ့ပါတယ်။ အဲဒါအမှန်ဘဲခင်ဗျ။
ရဲအုပ် = ဒါဆို မင်းဘာဖြစ်သွားလဲ
ရွာသား = ကျနော် ဘာမှမဖြစ်ဘူးခင်ဗျ။

ထို့နောက် တရားခံ ကို အဝေးပြေးကားဂိတ်သို့ခေါ်ပြီး ဒဂုံရှော့ပင်းစင်တာသို့ ဆက်သွားပါသည်။ ရွာသားတရားခံ၏ စိတ်ထဲတွင်မူ...
“ ဟိုက်.....မှားသွားပြီ။ အဝေးပြေးဂိတ် နဲ့ ဒဂုံရှော့ပင်းစင်တာ ဒီလောက်ဝေးတာ
ဘယ်လိုလမ်းလျှောက်လို့ရောက်မလဲ..”
ရောက်ခါနီးတွင်-
ရဲအုပ် = ဗုံးကိုဘယ်မှာထားပြီးခွဲသလဲ
ရွားသား = အမှိုက်ပုံးဘေးနားမှာ ထားပြီး ခွဲခဲ့ပါတယ်။

ဒဂုံရှော့ပင်းစင်တာ သို့ ၀င်ပြီး အပျက်အဆီးများ ကို ပြပြီး ဗုံးထောင်ခဲ့သည့်
နေရာကိုမေးသောအခါ၊ ရွာသားမှာ ဘာမှမဖြေနိုင်ဘဲ-
ရွာသား = ဟိုက်....မှားပြန်ပြီ၊ တကယ်ဆို အဲဒီဗုံးကွဲ တဲ့အချိန်မှာ ငါလည်း တစ်
ခါတည်း သေရမှာပေါ့။

နောက်ထပ် ၈ မိုင်ရှော့ပင်းစင်တာ ကို ဗုံးခွဲသည့် ကရင်အမျိုးသမီးအားဆက် လက်စစ်ဆေးပါသည်။
ရဲအုပ် = ဘာအပြစ်ရှိလဲ
ရွာသူ = ၈ မိုင်ရှော့ပင်းစင်တာမှာ ဗုံးခွဲခဲ့ပါတယ်။
ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ
ရွာသူ = လိုင်းကား နဲ့လာပါတယ်။
ရဲအုပ် = ကားဂိတ်ကနေ ၈ မိုင် ရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ
ရွာသူ = ကက ဌားပြီးသွားပါတယ်။
ရဲအုပ် = ဗုံးကို ဘယ်မှာသွားထားလဲ
ရွာသူ = ပစ္စည်းအပ်တဲ့နေရာ မှာသွားထားပါတယ်။
ရဲအုပ် = အမှန်အတိုင်းပြောစမ်း၊ လိမ်ရင် နာသွားမယ်။
ရွာသူ = ဟုတ်ကဲ့ သူတို့ ပြောခိုင်းတဲ့ အတိုင်း ကျမပြောနေပါတယ်။ အဲဒါ
တွေဟာ သူတို့ပြောခိုင်းတဲ့အမှန်တွေဘဲ။
ရဲအုပ် = သူတို့ဆိုတာ ဘယ်သူတွေလဲ
ရွာသူ = သူတို့ကို ပြောလို့မရဘူး။ပြောရင်သေသွားနိုင်တယ်။
ရဲအုပ် = နင်လိမ်ဖို့ မကြိုးစားနဲ့။ လိမ်ရင်နာမယ်။အမှန်တိုင်းပြောရင်ဘာမှမဖြစ်
ဘူး။
ရွာသူ = တကယ်လား၊ အမှန်တိုင်းပြောရင် ရိုက်မလား။
ရဲအုပ် = အမှန်တိုင်းပြောရင် ဘာမှမလုပ်ဘူး။ လိမ်ရင်ဒီထက်နာမယ်။
ရွာသူ = ဒါဆိုရင် အမှန်ကဒီလို xxxxxxxx

ဤသို့ဖြင့် ရွာသူမှပြောသည်မှာ ၄င်းဗုံးပေါက်ကွဲမူ့ကို မသိကြောင်း၊ စစ်တပ်မှ
ညဉ်းပန်းနှိပ်စက်ပြီး ၀န်ခံခိုင်းကြောင်း၊ စစ်ကြောရေးစခန်းတွင် ဇတ်တိုက်ခဲ့ပုံ
များရှင်းပြပြီုး အသေးစိတ်ဖွင့်ချပါတော့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမူ့တည်ဆောက် ၍မရတော့ဘဲ နှိပ်စက်ထား သော ရွာသားများကိုပြန်လွှတ်လိုက်ရပါတော့သည်။

ဤကိစ္စသည် နအဖ ၏သရုပ်မှန်ကို ဖေါ်ပြနေသော ခိုင်မာသည့် သာဓကဖြစ်ပါ
သည်။ ၄င်းပြင် ပြန်ကြားရေးဝန်ကြီးကျော်ဆန်း၊ ရဲချုပ် ဗိုလ်မူးချုပ်ခင်ရီ နှင့် ဧရာ
ဝတီ တိုင်းမှုး အားလုံး၏ အရည်အချင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါတယ်။
ယခုလည်း ရန်ကုန်သင်္ကြန် ဗုံးခွဲမူ့ ကို စတင်စွတ်ဆွဲထားသည့်အဖွဲ့က တစ်ခြား
ဖမ်းဆီးထားသည့်အဖွဲ့က တစ်ခြား နှင့် စကတည်းက တစ်လွဲဖြစ်နေပါပြီ။
အပြစ်မရှိသော ဓါးစားခံများတွက် ၀မ်းနည်းမိပါသည်။

မည်သို့ပင် ဇတ်ဆရာအလိုကျ ဇတ်တိုက်နေပါစေ သမိုင်းသက်သေ အမှန်တရား များသည် အနှေး နှင့်အမြန် ပေါ်လာမည်မှာ ဧကန်မလွဲပေ။

မှတ်ချက်။ တကူဆိပ်ရွာအရေးအခင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ၊ တာဝန်မဲ့
သူများကြောင်းကို ရွေးကောက်ပွဲကျင်းပ ခါနီးမှ ဖေါ်ပြသွားပါမည်။



ဖူးဒို
မေလ (၈)၊ ၂၀၁၀။

ဆက်လက်ဖတ်ရှုမယ်...

Friday, May 7, 2010

ကျနော်နှင့်(ယွားဟေလူ) သို့မဟုတ် ပွိုင့်(၄၉၁)


Me and Ywa Hay Lu

ဆက်လက်ဖတ်ရှုမယ်...

ဏဲဖိုင်သာ တ်ာအုခေါဟ်...

တင်ဆ်ုမာဆာၟ ကူလီက်ုလုံ့ဆ်ုမာဏှ် ထံင်ကဲထင်း ဟ်ုစဃွှာလ်ုဆင့် ဏဲဖိုင်သာ တ်ာအုခေါဟ်ကဲထင်းဝေ့ဍး
အ်ုလင်ၟအှ်ဆေ၀်ၟလှ်။ မွဲာ္ဘေ့ဏှ်သိုဝ်ဏဲဖိုင်သာ တ်ာအုခေါဟ်သီးယိုဝ်္ဘေ့သှေ်သိုဝ်လ္ဘဲးအင်းစာယောဝ်္ဘးဝေ့ဆေ၀်ၟလှ်။ ဆိက်ဖေါဟ်ဆာၟလ်ုဟှာဏှ် အာဏာအှ်္ဘေ့ ဟြစ်တ်ုလာဋ္ဋလ်ုဟှာသိုဝ် ဆိက်ဖေါဟ်ဆာၟသီးအ်ုဟှင်ၟမွဲာဝေ့ ဏဲဖိုင်သာ
တ်ာအုခေါဟ် ဟ်ုလ၀်မ်ုသှေ် ဝေ့ဟှး ……ကူၟဗႝိက်ခါန်ၟခါ်(ကုန်သည်) ဆာၟလ်ုဟှာဏှ်္ဘေ့နာန်ၟယေန်ၟ၀ံင် ႃႃခ်ာခ်ီ႗႗သုိ၀္ကူၟဗႝိက ္ခါန္ၟခါဆာၟလု္ဟွာ တ်ာအုခေါဟ် ဏဲဖိုင်သာ ဟ်ုလ၀်မ်ုသှေ်ဟှး….


အ်ုသီးလ်ုစံင်းဏှ် အှ်ဝေ့ဍးအ်ုလင်ၟဍေအ်ုဆုက်ဆုက်ဏှ်တာၟ ဏဲဖိုင်သာ တ်ာအုခေါဟ်လာၟဏင့်သီးကိုဝ်ဟှာဍေ
လုက်ခႜာအ်ုဟှင်ၟ မ်ုကဲထင်းဝေ့ဍး ဏဲဖိုင်သာတ်ာအုခေါဟ်ဏှ် မွဲာအေးလှ်။ ဏဲဖိုင်သာတ်ာအုခေါဟ် ဟ်ုလ၀်ဆ်ုဏှ်
မွဲာဝေ့ ဟ်ုကုလုံ့ဍေဟု စှ်ဆံင်းမံင်းလ်ုမာဝေ့ဏှ်သိုဝ် အု္ဏင့္ဆာၟဟွင္ၟေဍဖႜဳံဃွာၟဃွံင္ဟွင္ၟဏီ့မိင္ဏွ္ ဖႜဳံဃွာၟဃွံင္ဟွင္ၟ
ဏှ်လ၀့် တေၞင့်လင် လာဟ်ုသာ ဖံင်းဖ်ါကုက်မာဖှေ်ဝေ့ဍး ကဲ ဟ်ုလ၀်ဝေ့ဍးဏှ်သိုဝ်လှ်။

ဏဲဖိုင်သာတ်ာအုခေါဟ်ဆာၟလ်ုဟှာ အ်ုကွာအှ်ဍောဟ်ထုက်္ဘးအှ်ထဏှ် လ်ုဏီယိုဝ် မ်ုမာလင်က်ုလုံ့ဆ်ုမာဖါဍောဟ်
တုင်ၟပါင်လင်သာဟှံင် လ်ုဏီယိုဝ် ပ္တၜမာလင်မွဲာဝေ့္ဘိုဝ်လှ်။ လ်ုဏီယိုဝ် မု္ဘးပ္တၜမာလင် က်ုလုံ့ဆ်ုမာဏှ်
ကေဟှဝ်ခိုဝ်းမ မ်ုမာထာင်ဟ်ုမႝီဟ်္ဘေ့ဏှ်သိုဝ်ဏှ်အိုဝ် မ်ုကဲထင်းဝေ့ဍးတ်ာအုခေါဟ်ဏဲဖိုင်သာဏှ်မွဲာအေး၊
ကဲထင်းထာင်လင်ၟခါင့်ဏဲဖိုင်သာဆေ၀်ၟလှ်။

ဏင်ၟဏီဍ၀်မ မ်ုမာလင်ဋ္ဋဋ္ဋ လ၀်္ဘေ့ဏှ်သိုဝ်လ်ုဃှေဝ်၊ လြုဏီယိုဝ်မ်ုမာ ဋ္ဋဋ္ဋလ၀်အ်ုဏှ်ုသိုဝ်လှ်။ တ်ာအုခေါဟ်
ဏဲဖိုင်သာဟ်ုမႝီဟ်လ်ုဟှာဏှ်္ဘးဍံင်ဝေ့ဍေ ဟ်ုထင်းလာင့်ခေါဟ်ဏှ်လှ်။ ထင်းလာင့်ဆာၟဟ်ုမႝီဟ်လ်ုဟှာဏှ်
လ်ုခႜုဂ်ထင်းဍာ်္ဘးလာင့်ခါ့ လာင့်အ်ုဍင်ဍီးဏှ် ယောဝ်ၟယှဝ်ထင်းဝေ့ဟှံင် လာင့်ယိုဝ်အ်ုထ၀့် မ်ုအှ်ဃှုဦ္ဘေ့သှေ်လ္ဘဲးထ်ုယာယောဝ်ၟစိုဝ် ဍွာထ်ုယာယောဝ်ၟဝေ့ဆေ၀်ၟလှ်။အ်ုဍံင်အှ်္ဘေ့လာင့်ဏှ်သိုဝ်ဆေ၀်ၟလှ်၊ တ်ာအုခေါဟ်ဏဲဖိုင်သာ
ဟ်ုမႝီဟ်လ်ုဟှာဏှ် မု္ဘးမာလင်က်ုလုံ့လ်ုမိင်စာ်္ဘိုဝ်ဍူ က်ုလုံ့အ်ုထောဟ်အု်ဆင့်ဏှ်္ဘးယောဝ်ၟဝေ့လှ်။

မ်ုဖံင်းဖ်ါမာလင်က်ုလုံ့ဆ်ုမာအ်ုဖႜံင်သီးဏ္ဘးဍွာယောဝ်ၟဝေ့ဆေ၀်ၟလှ်။ က်ုလုံ့ဆ်ုမာလ်ုမိင်မိင်ဏှ်္ဘးကဲထင်းဝေ့ တ်ာအုခေါဟ်
ဏဲဖိုင်သာဆာၟဆေ၀်ၟလှ်။ အေမွဲာဆိက်ဆာၟဏှ် ဆိက်ဆာၟလ်ုအုဟှေဝ်ထုက် လ်ုဟှာ္ဘေ့မ်ုကဲထင်းသိုဝ်
္ဘးကေႜစိုဒ်ဝေ့လှ်။ အေမွဲာ အင်းလာလိင်(လခစား)ဆာၟဏှ် လ်ုအုဟှေဝ်ထုက်လ်ုဟှ္ဘားကေႜစိုဒ်ဝေ့လှ်။
အေမွဲာဝေ့ ထႜိက်ခင်းခါဆာၟလ်ုဟှာဏှ်သီးဍ၀် အ်ုဟှေဝ်ထုက်ဆ်ုထႜိက်ဆ်ုဆာၟလ်ုဟှာ္ဘေ့မ်ုကဲထင်းသိုဝ်
္ဘးကေႜစိုဒ်ဝေ့လှ်။
စ၀်ဆိုဒ်ယောတ်

ဆက်လက်ဖတ်ရှုမယ်...

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) “ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ” - အပိုင်း(၅)


ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

ဘာသာရေးတန်းတူမှု

ဘယ်လူ့အဖွဲ့အစည်းဘဲဖြစ်ဖြစ် (တန်းတူညီမျှမှု) (Equality) သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။ တန်းတူမှုရှိလျှင် ဘယ်အိမ်ထောင်၊ ဘယ်မိသားစု၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှ စစ်မက်ဖြစ်ပွားလာနိုင်ဘွယ် မရှိ၊ ပကတိ ငြိမ်းချမ်းမည် ဖြစ်ပါသည်။ ထို (Theory, Philosophy) ကို ဘာဘဲလုပ်လုပ် မိမိကိုင်စွဲထားပါသည်။ မိမိစစ်ကြောင်းတွင် ဘာသာစုံရှိကြ သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလမ်နှင့် (မိရိုးဖလာ) ဟူ၍ ရှိသည်။ ဘာသာရေးကို အသေးအဖွဲပြဿနာလို့ ယူဆ၍မရ၊ မိမိဘာသာကို ထိခိုက်လာပါက အသက်ပေး ခုခံကာကွယ်ကြမည် ဖြစ်သည်။ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့ ရောက်ခဲ့ဖူး သည့်သူ ရှိ မရှိကိုမူ မသိ။ သို့သော် ကရင့်တော်လှန်ရေး၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၌ (လူတိုင်း မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် လုပ်ဆောင်ခွင့်ရှိသည်၊ ဘာသာတိုင်း တန်းတူသည်၊ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်မထုတ်ရ) ဟု ဖေါ်ပြထားသည့်အတိုင်း မိမိ စစ်ကြောင်းတွင် ဘာသာရေး တန်းတူမှုကို စတင် သုံးလိုက်သည်။


တစ်နေ့ မိမိစစ်ကြောင်းမှ ကျောင်းသားတပ်မတော်များ ရှိရာသို့ လိုအပ်ချက်များ စစ်ဆေးရန် ရောက်ရှိသွားသည်၊ ရန်သူ့ လေတပ်မှ စက်သေနတ်၊ (Rocket) (ဒုံး) များ၊ ဗုံးများ၊ ပစ်ခတ်ကြဲချခံရလို့ ထင်သည်။ ဆက်သွယ်ရေးမြောင်းတလျှောက် ၄င်းတို့ပစ်ကျင်း၌ (Fox hole) မြေခွေးကျင်းများပင် တူးထားကြရသည်။ ဘဝက ပေးသည့် အသိဖြစ်သည်။ စစ်ပွဲ ကြာရှည်မှု မှာလည်း “နှစ်” ၊ “လ” အတွင်းပင် ဝင်လာသည်။ တနေရာအရောက်တွင် မျက်နှာမရွှင်ပြ စိတ်မကောင်း စိတ်ပျက်နေဟန် ရှိသော ရဲဘော်များကို တွေ့ရသည်။

မွတ်စလင်နှင့်တူသော ရဲဘော်လေးအား “ဟေး မင်းနေကောင်းရဲ့လား” ဟု ပြောပြော ဆိုဆို ၄င်း၏နဖူးကို ကိုင်ကြည့်သည်။ ကိုယ်လည်း မပူပါလား။ နေကောင်းသားဘဲ၊ ဘာဖြစ်နေလဲ။

“သြ…သိပြီ၊ မွတ်စလင်များ၏ (ဥပုဒ်) လ၊ (အစ်) နေ့ နီးနေပြီဘဲ၊ (ဥပုဒ်) စောင့်ချင်ကြမှာဘဲ”၊ ပြောပြောဆိုဆို ရဲဘော် ညိုမင်းထွန်း (တပ်စိတ်မှူး) ကို -

“မင်းတို့ မွတ်စလင်ရဲဘော် ဘယ်နှစ်ယောက်ရှိလဲ” ဟုမေးရာ

“ကိုးယောက်” တဲ့။

ကျောင်းသားတပ်မတော် တပ်ရင်းမှူးကို “ကိုတင်စိုး ဒီရဲဘော် (ကိုး) ယောက်ကို (ဥပုဒ်) စောင့်ခွင့်ပေးလိုက်ပါ။ ခရီးသွား လက်မှတ် စစ်ကြောင်းရုံးမှာလာယူ” ဟု ညွန်ကြားခဲ့သည်။ ကိုတင်စိုး မျက်နှာအမူအရာ၌ ရဲဘော် (၉) ယောက်အား စစ်ပူချိန် ၌ ခွင့်ပေးလိုက်သဖြင့် မကြည်မသာ ဖြစ်နေသည်ကို သိသဖြင့် “ကိစ္စမရှိပါဘူး၊ ကျနော်ကြည့်လုပ်မယ်” ဟု ပြောပြီး အရံကုန်း တစ်ကုန်းတွင် တပ်ချထားသော အထူးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ထုတ်နုတ်ပြီး ထိုနေရာကို မိုင်းခင်းလိုက်ရန် လစ်လပ်သွားသော နေရာသို့ ထိုရဲဘော်များနှင့် ဖြည့်လိုက်ရန် ဗိုလ်မှူးထီးမူးကို ညွန်ကြားလိုက်သည်။

အစ္စလမ်ရဲဘော် (၉) ယောက်လည်း ခွင့်ရရှိသဖြင့် (ဥပုဒ်) စောင့်ရန် စက်လှေပေါ် တက်ရောက် ထွက်ခွာသွားကြပြီဖြစ် သည်၊ ၄င်းတို့ မျက်နှာပေါ်၌ တန်းတူမှု၊ ဒီမိုကရေစီ အပြည့်အဝရှိမှုတို့ကို ခံစားရသဖြင့် ကြည်နူးနေသည့်အသွင် ဆောင်နေ သဖြင့် မိမိလည်း ကြည်နူးမိသည်။ (ဥပုဒ်) နေ့၌ ၄င်းတို့၏ (ဗလီ) ဝတ်ကျောင်း၌ (အလာအပ်ကဗာ) (The Lord is Great) ဟူသော ၄င်းတို့၏ (ကိုရမ်) ကျမ်း ရွတ်ဖတ်သံသည် ကမ္ဘာမြေကြီး ငြိမ်းချမ်းစေကြောင်း၊ လူသားများအတွင်း အပြန်အလှန် ချစ်ကြည်မှု ရှိကြစေကြောင်း ဖေါ်ဆောင်နေသလို ရှိနေပါတော့သည်။

တဆက်တည်း ဘာသာရေးတန်းတူမှုကို (Apply) လုပ်ရန် ဗိုလ်မှူး (ထီးမူး) ကို “ခင်ဗျားတို့ဆီမှာ ခရစ်ယာန် ဘာသာဝင်တွေ ရှိလား” ဟု မေးရာ၊ “ရှိပါကြောင်း၊ အပျော်တမ်း ဝန်ထမ်းများအတွင်း တရားဟောဆရာတစ်ယောက် ပါဝင်ကြောင်း” သတင်းပို့ရာ၊ “ဒါဆို ဝန်ထမ်း တရားဟောဆရာကို ဒီအပါတ် (ဥပုဒ်) နေ့ (တနင်္ဂနွေ) နေ့ (Sunday) မှာ တရားဦးဆောင်” ရန် အကြောင်းကြားလိုက်သည်။ သည့်နောက်တွင်တော့ “Onward Christain Soldiers” “ရှေ့သို့ချီ ခရစ်ယာန်စစ်သည်” သီချင်းသံသည် မိမိရှေ့တန်း စစ်ကြောင်းနှင့် စစ်မြေပြင် တစ်ခုလုံးကို လွမ်းခြုံသွားလေတော့သည်။

တပေါင်းလပြည့်ရက် နီးကပ်လာပါပြီ၊ ရန်သူထိုးစစ်လည်း မရပ်သေး။ ရှိသမျှ လက်နက်ကြီးများဖြင့် အပြတ်တိုက်နေသည်။ ဗမာ့လေတပ်မှ ခေတ်အမှီဆုံး လေယာဉ်များနှင့် လာရောက် ဗုံးကြဲနေသည်။ ရန်သူ့လေယာဉ် လာရောက်ဗုံးကြဲသော နေ့များဖြစ်ပါက ရဲဘော်များ ဝမ်းသာကြသည်။ ဘယ့်အတွက်ကြောင့်ဆိုသော် ဟင်းစား ရသောကြောင့် ဖြစ်သည်။ ခေတ်မှီ လေယာဉ်ကြီးများမှ ကြဲချသမျှ ဗုံးများမှာ ရဲဘော်များကို မထိ။ ရွာသားများ၏ ကျွဲများကို ထိသဖြင့် ရွာသားများမှ ရဲဘော်များ ကို ကျွေးသောကြောင့် ဖြစ်ပါသည်။

နေ့စဉ်လိုလို မိမိစစ်ကြောင်း အခြေပြုကုန်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အနည်းဆုံး အလုံး (၂ဝ) မှ (၁ဝဝ) အထိ ရှိသောကြောင့် နံမည်အပေး ကောင်းသော ကျောင်းသားရဲဘော်များမှ ကျွန်တော်တို့ကို (ခံကြီးမောင်) တဲ့။ အမြဲတမ်းလက်နက်ကြီး မှန်ပြီး မီးလောင်နေသော (ကဆောဝါးလေး) (ဆင်ဖြူတောင်) ကို (လောင်ကြီးမောင်) တဲ့။

တစ်နေ့ ကျောင်းသားရဲဘော်တပ်မှူးများကို ခေါ်၍ “တပေါင်းလပြည့်နေ့မှာ ခင်ဗျားတို့ (ဥပုဒ်) စောင့်၊ သီလယူချင်သလား” ဟု မေးရာ “(ဥပုဒ်) စောင်၊့ သီလယူလိုကြောင်း” ဖြေသဖြင့် “ကျောင်းသားတပ်မတော်က ကျောင်းထိုင်ဆရာတော်ကို ပင့်ဗျာ၊ နောက်ပြီး အာရုံဆွမ်း၊ နေ့ဆွမ်းနဲ့ ကန်တော့ပွဲအတွက် ဝယ်ဖို့ ကျနော်စီစဉ်မယ်” ဟု ပြောကြားလိုက် ပါသည်။ စစ်ကြောင်းအားလုံးရှိ ဗုဒ္ဓဘာသာဝင် ရဲဘော်အားလုံး တရားနာနိုင်ဖို့ လပြည့်နေ့ မွန်းတည့် (၁၂) နာရီ တိတိမှာ စကားပြောစက် လေလိုင်း (၅ဝဝ) ကို တက်လာကြရန် လည်း အကြောင်းကြားလိုက်သည်။ မိမိလည်း လပြည့်နေ့အတွက် ဝယ်စရာ ငွေလိုသဖြင့် (ကပေါလူ) ရှိ ချစ်ဇနီးထံ ပြန်ခဲ့ပါသည်။

ချစ်ဇနီးအား “မြရေ၊ ကိုယ် ငွေလိုတယ်၊ တပေါင်းလပြည့် ကိုယ့်ရဲဘော်တွေ (ဥပုဒ်) စောင့်၊ သီလယူကြမယ်၊ ကျောင်းသားတပ်မတော်က ကျောင်းထိုင်ဆရာတော်ကို ပင့်မယ်၊ ကန်တော့ပွဲ၊ အာရုံဆွမ်း၊ နေ့ဆွမ်း၊ ကပ်လှူဖို့ ဝယ်စရာတွေ ရှိတယ်။ မင်းမှာ ငွေမရှိဘူးဆိုတာ သိပါတယ်၊ တစ်ခုတော့ရှိတယ်။ မင်းလက်ကောက်ကလေး ကိုယ့်ကို ခေတ္တချေး ပါလား” ဟု ပြောရာ၊ ပါရမီဖြည့်ဘက် ချစ်ဇနီးမှ အလွယ်တကူ ချွတ်ပေးသဖြင့် (သော်လဲထာ) ၌ ကျောင်းသားရဲဘော်များ ထုခွဲ၍ ဝယ်စရာရှိသည်များကို ဝယ်ခြမ်းလိုက်ကြသည်။

ဆက်လက်ဖတ်ရှုမယ်...

နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့များသို့



နအဖစစ်အုပ်စုနှင့် ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက်ကြီးစွာနဲ့ ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးစွာလို့ ရေးသားရခြင်းမှာ အောက်ပါမျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးနဲ့ဖြစ်တယ်လို့ မိန့်ကြားခဲ့ တယ်။ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပါဘူး။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့အနေနဲ့ ပိုစတာ(၄)ချက်ကိုင်စွဲပြီး ပြည်လုံးကျွှတ်အသံ တိတ်ဆန္ဒပြတယ်။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။



(၁) ကရင်ပြည်ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေးအဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ်အလိုမရှိလို့ ပိုစတာ(၄)ချက်က ဖော်ပြတယ်။

ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက် တပြည်လုံး ဆန္ဒပြကြတယ်၊ ကရင်အမျိုးသားလွတ်လပ်ရေး လိုချင်ကြောင်း၊ တန်းတူရေး လိုချင်ကြောင်း၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး လိုချင်ကြောင်း၊ ငြိမ်းချမ်းရေး လိုချင်ကြောင်း တခဲနက်ဖော်ပြကြတယ်။

ကျနော်တို့ လိုလားချက်တွေကို အေးအေးချမ်းချမ်းမပေးခဲ့ကြဘူး။ ကရင်ဗိုလ်ချုပ်ကြီး(စမစ်ဒွန်း)ကို ဖြုတ်ထုတ်ပြီး ကရင်ကို အစိတ်သားကောင်တောင် မထားနဲ့၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် မျိုးဖြုတ်ပစ်ဆိုတဲ့ စိတ်ထားရှိတဲ့ တက်သစ်စ စစ်ဦးစီးချုပ် (ဗိုလ်နေ၀င်း)ဟာ၊ စစ်ရေးစွမ်းရည်တွေ ပြလာပါတော့တယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့မှာ အလုံကရင်ရပ်ကွက်ကို စတင်တိုက်ခိုက်ကြတယ်။ တဆက်ထဲ (ခ၀ဲခြံ)ကရင်ရပ်ကွက်ကို ဆက်တိုက်တယ်။ ဇန်န၀ါရီ(၃၁)ရက်နေ့မှာ အင်းစိန်ရှိ ကရင်အမျိုးသားများကို ဆက်လက်တိုက်ခိုက်လာတော့တယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်လူမျိုးတည်တံ့ရေးတို့အတွက် ကရင်တမျိုးသားလုံးမှာ တာဝန်ရှိလာတဲ့အတွက် မြတ်တရားတဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွဲကြရတယ်ဆိုတာ ရဲဘော်တို့ သိထားပြီး ဖြစ်ပါတယ်။

၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ပြည့်ပါတော့မယ်။ ဒီခုခံတော်လှန်စစ် နှစ်ပေါင်း (၆၀)အတွင်း ကျနော်တို့သွေးသားတွေ၊ မျိုးချစ်တွေ၊ သူရဲကောင်းတွေ အထောင်အသောင်း ကျဆုံးကုန်တယ်။ ဒုက္ခိတတွေ ဖြစ်ကုန်တယ်။ ဒီလိုကျဆုံးကြတဲ့ ကရင့်သူရဲကောင်းတွေကို ရဲဘော်တို့ သတိရအုံးမှာပါ။ ဟိုးတောင်ငူ(သောသီခို)က ဘိတ်၊ထားဝယ်ရှိ မြင့်မိုလက်ခတောင်တလျှောက်၊ ဒို့အမျိုးသားရန်သူတွေကို တက်ညီလက်ညီတိုက်ခဲ့ကြတာ ရဲဘော်တို့ မေ့ကြမယ်မထင်ဘူး။ မိုးကာတခုအောက်မှာ အတူအိပ်ခဲ့ကြတာတွေ ထမင်းတပန်းကန်ထဲစားခဲ့ကြတာတွေကို ခုအထိ မြင်နေမိတယ်။

(ငါးခူဟာငါးခူပဲ၊ ငါးရံ. မဖြစ်လာနိုင်သလို)ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲဖြစ်ဖြစ် (ကရင်ဟာ ကရင်ပဲ ဖြစ်ပါတယ်) တခြားလူမျိုးကရင်ကို ချစ်တယ်ဆိုတာ ကရင်အချင်းချင်းမုန်းသလောက်ပဲ ရှိပါတယ်။ ကျနော်တို့ ကရင်ညီအစ်ကိုတွေ တယောက်နဲ့ တယောက်ခွင့်လွတ်ကြပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲလမ်းမကြီးပေါ် လျှောက်လှမ်းဖို့ မျှော်လင့်တကြီးနဲ့ စောင့်နေမယ်။
ပြန်လာကြနော်။

နအဖစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ၎ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ ဒီ(၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြလိုက်ပါတယ်။
(၁)ကရင်တွေ လက်နက်ချစကား မပြောရ။
(၂)ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃)ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄)ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်တို့ နအဖစစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ (၁၅)နှစ် ရှိသွားပြီး ဖြစ်ပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ချပေးခဲ့တဲ့ မူ(၄)ချက်ထဲက တခုခုရရှိခဲ့သလားဆိုတာ မေးချင်ပါတယ်။ ကရင်အမျိုးသားများရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကရင်ပြည်ရရှိခဲ့ပြီးလား။ ကရင်အမျိုးသားများရဲ့ ကံကြမ္မာ ကရင်တွေ ဖန်တီးခွင့် ရှိကြပြီးလား။

ဒီ(၁၅)နှစ်အတွင်း ခေါင်းဆောင်ပိုင်းတွေ ကျိကျိတက် ချမ်းသာလာကြတယ်။ ကိုယ့်ကရင်တွေ ချမ်းသာလာလို့ ၀မ်းသာကြည်နူးရပါတယ်။ ကိုယ့်ကြမာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ကရင်ပြည်သာရမယ်ဆိုရင် ဘယ်လောက်ဝမ်းသာကြည်နူးဖို့ ကောင်းလိုက်မလဲနော်။

၂၀၁၀နောက်ပိုင်း ဒီကေဘီအေဆိုတဲ့ အမည်တွေ၊ အလံတွေ ပျောက်ပြီး နယ်ခြားစောင့်အဆင့်နဲ့ အခိုင်းခံဘ၀ရောက်ရတော့မယ်၊ ကိုယ့်ကြမာကိုယ်ဖန်တီးခွင့်ပျောက်ပြီး သူ့ကြမ္မာသူဖန်တီးယူတော့မှာဖြစ်တယ် ရဲဘော်တို့။ (ကရင့်သိက္ခာ၊ ကရင့်တန်ဘိုး)ငွေသာရှိပြီး (သိက္ခာမရှိနဲ့တန်ဘိုး) မဲ့နေရင် အသက်ရှင်လျှက် လေဖြတ်ပြီး ကိုယ်တခြမ်းသေနေတာနဲ့ တူနေပါပြီး။

ကရင့်သိက္ခာနဲ့ ကရင်တန်ဘိုးဆိုတာ ကိုယ့်ပြည်ကိုယ့်အစိုးရနဲ့ နေနိုင်မှ၊ သူ့ကျွှန်ဘ၀က လွတ်မြောက်မှ လူ့သိက္ခာ၊ လူ့တန်ဘိုးရှိတာ ဖြစ်တယ်။ တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွှန်ဖြစ်တယ်။လို့ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကို ရဲဘော်တို့ မမေ့သေးဘူးလို့ ယူဆပါတယ်။

၂၀၁၀နောက်ပိုင်း ရဲဘော်တို့ နအဖစစ်အစိုးရရဲ့ စစ်ကျွှန်ဘ၀လုံးလုံးရောက်သွားကြတော့မယ်။ အခုလောက်လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့် ရပါ့အုံးမလား။ ကိုယ့်ကရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိပါ့ဦးမလား။ ကရင်နှစ်သစ်ကူးနေ့ကို ယခင်ကလို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရပါ့ဦးမလား။

နအဖစစ်အုပ်စုရဲ့ (၄)လပတ်အစည်းအဝေးတခုမှာ နအဖစစ်အုပ်စုရဲ့ နံပါတ်(၁)ရန်သူဟာ (ကရင်)ဖြစ်တယ်။ ပြည်ပနံပါတ်(၁)ရန်သူဟာ ထိုင်းဖြစ်တယ်ဆိုတာ သိရတယ်။ ကရင့်တော်လှန်ရေးကို ဖြိုခွဲရာမှာ ရဲဘော်တို့ကို ဆက်လက်အသုံးချနေဦးမှာဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။ ကရင်အချင်းချင်းပြန်သတ်ခိုင်းအုံးမှာ ဖြစ်တယ်။ ရဲဘော်တို့ကို ရှေ့က တက်ခိုင်းပြီး သူတို့က ကျည်လွတ်မြောက်ရာကနေ လက်နက်ကြီးနဲ့ ကူသတ်ပေးလာမယ်ဆိုတာ မြင်ထားတယ်။

နောက်တခေါက်မှ ဆက်ရေးပါအုံးမယ်။ ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဟန်တာသာမွေး၊ စောဝေသော၊ စောဝေရီကျော်၊ ဗိုလ်ချုပ်အုံးဖေ၊ ဗိုလ်မှူးချုပ်လင်းထင်တို့လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ကရင့်လွတ်လပ်ရေးအတွက် တတပ်တအားထမ်းဆောင်နိုင်ပါစေလို့ မျှော်လင်ချက်------
ကရင့်အလံတော်အောက် လာရောက်စုရုံးနိုင်ပါစေ။
ကရင်နှစ်သစ်ကူးပွဲတော်တွေ စုပေါင်းကျင်းပနိုင်ကြပါစေ။
ကရင့်လွတ်လပ်ရေး အတူရယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

တချိန်က သင်တို့နဲ့အတူ စစ်မြေပြင်မှာ ရန်သူကို ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ သင်တို့ရဲ့ရဲဘော်
ဖူးကီးဒို(မန်းရောဘတ်ဇန်)
ပေးစာကို ပေးပို့ပေးတဲ့ ဖူးကီးဒို(မန်းရောဘတ်ဇန်)အား အထူးကျေးဇူးတင်ရှိလျှက်

အဲခေါင်သောင့် ဘလော့ဂ်မှထပ်ဆင့်ကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုမယ်...

Thursday, May 6, 2010

နှစ်သစ်သမိုင်းရဲ့ စည်းလုံးခြင်း


ကရင်လူမျိုးတို့ ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကောက်သစ်စားပွဲကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် ကျင်းပကြသည်မှာ လွန်ခဲ့ သောနှစ်ပေါင်းများစွာကပင် ဖြစ်သည်။ ထိုစဉ်က ဒေသအလိုက်၊ မျိုးနွယ်စုအလိုက် တကွဲတပြားစီ ကျင်းပခဲ့ကြ ရာမှ အင်္ဂလိပ်ကိုလိုနီခေတ်သို့ ရောက်သောအခါ ဒေသစွဲ၊ မျိုးနွယ်စွဲများကို ပယ်ဖျက် တစ်မျိုးသားလုံးစည်းလုံးညီ ညွတ်မှုကို ဖော်ဆောင်သည့်အနေဖြင့် ပြာသိုလဆန်းတစ်ရက်နေ့ ကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် ညီညွတ် စွာ စုပေါင်းကျင်းပခဲ့ကြသည်။ ထိုနေ့ ကို အင်္ဂလိပ်အစိုးရမှ နိုင်ငံတော်အစိုးရ၏ အထွေထေံရုံးပိတ်ရက်အဖြစ် တရားဝင် အတည်ပြု ပြန်ဌာန်းပေးခဲ့သည်။

ထိုကြောင့် ၁၉၃၈ ခုနှစ် ပြာသိုလဆန်း တစ်ရက်နေ့ တွင် တစ်မျိုးသားလုံးအတိုင်းအတာနှင့် ပထမဆုံးအကြိမ် စုပေါင်း ကျင်းပခဲ့ကြသည်။ ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားသီချင်းကိုလည်း တရားဝင်အတည်ပြု သီဆိုခဲ့ကြ နှစ် သစ်ကူးစိတ်ဓါတ်ဖြစ်သော တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှု အမျိုးသားရေးဝိသေသလကဏကာများကို စတင် ဖော် ဆောင်ခဲ့ကြသည်။ ဒေသပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ကရင်မျိုးနွယ်စုအားလုံး၏ စည်းလုံးညီညွတ်သော အမျိုးသားရေး စိတ်ဓါတ်ကို စတင်အုတ်မြစ်ချပေးခြင်းပင် ဖြစ်သည်။

၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သည် ယခုဆိုလျှင် (၆၇)နှစ်ကြိမ်မြောက် ကြရောက် လာခဲ့ပြီး ဖြစ်သည်။ ထို့ (၆၇)နှစ်အတွင်း ကရင်တို့  ၏အမျိုးသားရေးအသိစိတ်ဓါတ်တိုးတက်မှုနှင့်ဆုတ်ယုတ်မှုများကို စာရေးသူနေနှင့် သမိုင်းရှု့ ထောက်မှ နှိုင်းယဉ်တင်ပြလိုပါသည်။

ကိုလိုနီခေတ်နှင့် ဖက်ဆစ်ဂျပန်ခေတ်

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို ဖော်ဆောင်ပေးခဲ့ကြသော ကရင့်အမျိုးသားခေါင်းဆောင် လွတ်တော်အမတ် (၁၅) ဦးမှ ကရင်တို့ ၏စည်းလုံးမှုနှင့် နိုင်ငံရေးနိုးကြားမှုတို့ ကို မျိုးစေ့ချပေးခဲ့သည်။ ဖက်ဆစ်ဂျပန်ခေတ်သို့  ရောက်သော အခါ ဘီအိုင်အေမှ ကရင်တို့ အား အင်္ဂလိပ်အလိုတော်ရိများအဖြစ် စွပ်စွဲလျက် ကရင်-ဗမာ လူမျိုးရေးအဓိကရုဏ်းကို စတင်ဖန်တီးခဲ့ကြသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကို အဓိကဦးဆောင် အတည်ပြုပေးခဲ့သော ၀န်ကြီးစောပေ သာ မိသားတစ်စုလုံး သတ်ဖြတ်ခံခဲ့ရသည်။ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မှ အမျိုးသားရေးစိတ်ဓါတ်မြင့်မားခဲ့သော ကရင်ပြည်သူတို့ သည်လည်း ကရင်-ဗမာ အကြမ်းဖက်မှုများကို အပြနအလှန် ပြုလုပ်ကြသည်မှာ ခြောက်လကြာမြင့်ခဲ့ သည်။ မြန်မာပြည်၏ နှစ်ဆယ်ရာစု ခေတ်သမိုင်းတွင် အကြီးမားဆုံးလူမျိုးအဓိကရုဏ်းကြီးဖြစ်သည်။ ထို့ ပြနာ များကို ရင်ဆိုင်ခဲ့ရသော ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်ပြည်သူများသည် အနာဂါတ်အတွက် စိုးရိမ်စိတ် များ ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့ ကြောင့် သီးခြားလွတ်လပ်သော ကရင်ပြည်ထူထောင်ရေးကို နိုင်ငံရေးနည်းလမ်းအရ ကြိုးပမ်းလာခဲ့ကြသည်။ ထို့ သို့ ကြိုးပမ်းကြရာတွင် ကရင်ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်မတူညီမှုတို့ မှတစ်ဆင့် စိတ်ဝမ်းကွဲခဲ့ကြသည်။ ဖဆပလအစိုးရတွင် ရာထူးနေရာများရယူ ကရင်ပြည်တောင်းဆိုထူထောင်လိုသော ကရင် ခေါင်းဆောင်တစ်ချို့ ၏အမျှော်အမြင်နည်းပါးမှုကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးအမြင်များ ယုတ်လျှော့ခဲ့ရ သည်မှာ ယနေ့ ကာလအထိပင် ဖြစ်သည်။

ဖဆပလခေတ် (သို့ မဟုတ်) ပါတီစုံဒီမိုကရေစီ အာဏာရှင်စနစ်

ဖဆပလခေတ်တွင် ဦးနုအစိုးရသည် ကို သစာခံသောကရင်များကို အသုံးချ ကရင်ပြည်သူတို့ အား သွေးခွဲအုပ် ချုပ်ခဲ့သည်။ နိုင်ငံရေးအရ နိုးကြားတက်ကြွမှုနှင့် စည်းလုံးညီညွတ်မှုအရှိဆုံးကာလတွင် ကရင်မျိုးချစ်ခေါင်းဆောင်များ က သီးခြားကရင်ပြည်ကို ဥပဒေနည်းအရ တောင်းဆိုတော့သဖြင့် စောဘဦးကြီးမှ ကရင့်တော်လှန်ရေးကို ခေါင်း ဆောင်မှုပေးကာ ကရင်ပြည်သူများ၏ အနာဂတ်ကို လမ်းခင်းပေးခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ဖဆပလ ဦးနု၏ တစ်နှစ်အ တွင်း ငြိမ်းချမ်းရေး ရစေရမည်ဟုသော ကြွေးကြော်မှုသည် နိုင်ငံရေးပြနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမဟုတ်ပဲ လက်နက်အားကိုးဖြင့် အနိုင်ယူချေမှုန်းမှုကြောင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ ကရင် ပြည်သူတို့ ၏ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရသည်။

မဆလခေတ် (သို့ မဟုတ်)တပါတီအာဏာရှင်စနစ်ခေတ်

ဖဆပလခေတ်တွင် ကရင်တော်လှန်ရေးကို အပြင်းအထန်နှိပ်ကွပ်သကဲ့သို့  ဦးနေ၀င်း၏ မဆလခေတ်တွင်လည်း ရက် စက်ကြမ်းကြုတ်စွာ ဖိနှိပ်ပြန်လေသည်။ ကရင်အသင်းအဖွဲ့ များကို ဖျက်သိမ်းခြင်းနှင့် ကရင်တို့ ပိုင်ဆိုင်သော အမျိုး သားရေးဆိုင်ရာ အဆောက်အဦးမှန်သမျှကို ပြည်သူပိုင်သိမ်းပိုက်လိုက်လေသည်။ ကရင်များ နိုင်ငံရေးနှင့် ကင်းကွာစေ ရန်၊ တော်လှန်ရေးနှင့်အဆက်အသွယ် ပြတ်စေရန် ဖြတ်လေးဖြတ်စနစ် ကျင့်သုံး ကရင်ပြည်သူတရပ်လုံးကို ဒုကပေး ခဲ့ကြသည်။ မဆလခေတ်တွင်လည်း ဖဆပလဦးနုကဲ့သို့ ပင် ဦးနေ၀င်သည် ကရင်ပုဆိန်ရိုးဒေါင့်တိုင်များအား ရာထူးနေ ရာများပေး ကရင်အမျိုးသားရေးလှုပ်ရှားမှုကို ဆန့် ကျင်စေခဲ့သည်။ မဆလ၏အုပ်ချုပ်မှုအောက်တွင်ရှိသော ကရင်လူ ထုအနေဖြင့် ထို ပုဆိန်ရိုးများကို မိမိတို့ ၏ခေါင်းဆောင်များအဖြစ် ထင်မှတ်လာကြရာမှ ခေတ်အဆက်ဆက် အုပ်စိုးသူ များကို အထင်ကြီးလာကာ “ကျွန်”စိတ်ဓါတ်များ နက်ရှိုင်းစွာ ပေါ်ပေါက်လာခဲ့ကြသည်။

န၀တ (သို့ မဟုတ်)စစ်အာဏာရှင်စနစ်

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အဏာသိမ်းယူခဲ့သော န၀တစစ်အစိုးရသည် တိုင်းရင်းသားများ အချင်း ချင်းကို သွေးခွဲအုပ်ချုပ်ခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း ကိုးကွယ်ယုံကြည်မှုများ မတူညီသည်ကို အခွင့်ကောင်းယူ ကရင်အမျိုးသားထုတရပ်လုံးကို ဘာသာရေးအရ သွေးကွဲအောင် စနစ်တကျ သတ်သျှိုသွေးခွဲခဲ့ကြသည်။ စစ်အစိုး ရအနေဖြင့် ကရင်အမျိုးသားတော်လှန်ရေးကို ချေမှုန်းရာတွင် ကျေးလက်ကရင်ပြည်သူများကို မြေလှန်မီးရှို့ စနစ်ဖြင့် မျိုးဖြုတ်စစ်ပွဲကို ဆင်နွဲခဲ့သည်။ ယခုကာလသည် ကရင်အမျိုးသားတို့ ၏ ကျွန်ဘသတစ်လျှောက်လုံးတွင် အဆိုးဆုံး ကာလ ဖြစ်ပါသည်၊၊ စစ်အစိုးရထံ အညံ့ခံခဲ့  သော ကရင်အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် စစ်အစိုးရ၏ လက်ဝေခံ ကရင်ပုဆိန်ရိုးများသည် အင်အားကြီးမားစွာဖြင့် အနာဂတ်ကရင်လူငယ်များအား ညီညွတ်မှုမရှိသော “ကျွန်” စိတ်ဓါတ်ကို အမွေပေးလျက်ရှိကြသည်။

အထက်ပါကရင်လူ့ အဖွဲ့ အစည်း ဖြတ်သန်းခဲ့ သော ခေတ်များကို ပြန်လည်သုံးသပ်ပါက တိုင်းရင်းသားများကို အလွန်ချစ်ပါသည်ဟု အမြဲတမ်းကြွေးကြော်ခဲ့ ကြသော“အုပ်စိုးသူ တို့ သည် တိုင်းရင်းသားတို့ ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကိုတိုးတက်မြင့်မားလာအောင် အားပေးကူ ညီခဲ့  သော သမိုင်းသာဓကများ မရှိခဲ့သည်ကို တွေ့ ရှိရပါ သည်။” စစ်အစိုးရများ၏ တိုင်းရင်းသားများ ဖွံ့  ဖြိုးရေးအစီအစဉ်များဖြစ်သော ကျောင်းဆောက်၊ လမ်းဖောက်သည့်လုပ် ရပ်များသည် အပေါ်ယံအားဖြင့် အကျိုးပြုလုပ်ငန်းများဟု ထင်မှတ်ရသော်လည်း တကယ့်ဖြစ်ရပ်မှန်မှာ လူမျိုးကြီးတို့ ၏ ကျွန်ပညာရေးနှင့်စာပေ၊ ယဉ်ကျေးမှုများကို အလျင်အမြန် သယ်ဆောင်လာကြခြင်းဖြစ်သည်။ ကရင်နယ်မြေရှိ ပြည် သူတို့ ၏လယ်ယာ ခြံမြေများကို သိမ်းပိုက်ခြင်းနှင့် သဘာဝသယံဇာတများကို ပြန်လည်ထုတ်ယူသွားခဲ့ကြသည်၊၊ ထို့  ကြောင့် တိုင်းရင်းသားများ၏လူနေမှုဘ၀ဆင်းရဲမွဲပြာကျခဲ့ အမျိုးသားနိုးကြားမှုများ မှေးမှိန်သွားခဲ့ရသည်။ ခေတ်အ ဆက်ဆက်အုပ်စိုးသူ အစိုးရများနှင့် ပူးပေါင်းခဲ့သော ကရင်ခေါင်းဆောင်အမည်ခံ ပုဂိုလ်များသည်လည်း ဖိနှိပ်ခံရမှု ကြောင့် တော်လှန်ပုန်ကန် မှုပေါ်ပေါက်လာရသည်ကို သိလျက်နှင့် မသိကျိုးကျွန်ပြု ကရင်ပုန်ကန်တော်လှန်မှုရှိနေ ခြင်း ကြောင့် ကရင်လူထုအနှိမ်ခံရသည်ဟု အုပ်စိုးသူအကြိုက် ၀ါဒဖြန့်  ပေးခဲ့ကြသည်၊၊ အမှန်စစ်စစ် ထိုသူများသည် ပုန်ကန်မှုမရှိသော မြို့ ပြဒေသနှင့် စစ်အစိုးရထိန်းချုပ်ထားသောနယ်မြေဒေသရှိ ကရင်ပြည်သူများ၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းမှုများအတွက် မဆောင်ရွက်နိုင်ခဲ့ကြသည်ကို တွေ့ ရှိရပါသည်။ မတရားဖိနှိပ်ခံရလျက်ရှိသော ကရင်ပြည်သူ များကိုလည်း ဥပဒေနည်းလမ်းအရ မည်သို့ မျှ အကာအကွယ်မပေး နိုင်ခဲ့ကြပေ။ ထိုသို့ ဖြစ်ရခြင်းမှာ တို့ ကိုယ်တိုင် တစ်ကွဲတစ်ပြားစီ ညီညွတ်မှုမရှိခြင်းနှင့် ပုဂလိက ကိုယ်ကျိုးကောင်းစားရေးကိုသာဦးစားပေးနေကြသောကြောင့်ဖြစ် သည်။ တို့ သာ သားစဉ်မြေးဆက် ကြီးပွားချမ်းသာ အခွင့်ထူးများခံစားနေကြသည်မှာ ယနေ့ အထိပင် ဖြစ်သည်။

ကရင့်အမျိုးသားနှစ်သစ်ကူးမှ စတင်ခဲ့သော အမျိုးသားစည်းလုံးညီညွတ်မှုသည် (၆၇)နှစ်အတွင်း တစ်ဖြေးဖြေး ကျဆင်းခဲ့သော်လည်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး လမ်းခင်းပေးခဲ့သော တော်လှန်ရေးခရီးသည် တစ် ဗိုလ်ဆင်းတစ်ဗိုလ်တက်စနစ်ဖြင့် တမျိုးသားလုံးကို ဦးဆောင်မှုပေးလျက်ရှိသည်။ ယခုကာလသည် ကရင်မျိုးချစ်ခေါင်း ဆောင်များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည့် တော်လှန်ခြင်းနှင့် အညံ့ခံခြင်း၊ ပေးဆပ်ခြင်းနှင့် ရယူခြင်း ဟူ သော ရွေးချယ်စရာလမ်းများကို ကရင်တစ်မျိုးသားလုံးလည်း မလွဲမသွေ ရင်ဆိုင်နေကြရသော ကာလဖြစ်သည်။

ထို့ သို့ သောလမ်းများကို ရွေးချယ်ရာတွင် အနာဂတ်မျိုးဆက်သစ် ကရင်လူငယ်များအတွက် အတိတ်မှ ကရင် ပြည်သူတို့ ရင်ဆိုင်ခဲ့ရသော သမိုင်းအမွေဆိုး(ကျွန်စိတ်ဓါတ်)များကို ပြန်လည်မရွေးချယ်မိစေရန် လွန်စွာအရေးကြီး လှပေသည်။ ယနေ့ ကရင့်လူ့ အဖွဲ့ အစည်းများသည် စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ် ကျေးမှုများ ယိုယွင်းလျက်ရှိသဖြင့် ကျွန်ုပ်တို့ လူငယ်များ၏တာဝန် အသိစိတ်ဓါတ်နှင့် တိုးတက်မြင့်မားလာအောင် များ စွာကြိုးစားကြရမည်ဖြစ်သည်။

ထို့ ကြောင့် နှစ်သစ်ကူးနေ့ ၏ အမျိုးသားစည်းလုံးညီညွတ်မှုသမိုင်းအမွေကို ဆက်လက်ထိန်းသိမ်းလျက် တစ်ခု တည်းသောကရင်အမျိုးသားအလံတော်ကို လွင့်ထူကာ ကရင်အမျိုးသားလွတ်မြောက်ရေးပန်းတိုင်သို့  အတူတကွ ချီ တက်ကြရန် အဓိဌာန်ပြုအပ်ပါသည်။

စောထရူးမင်း ရေး OKRSO အဖွဲ့ ထုတ်ဝေဖြန့် ချိသော ၂၇၄၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အထူး ထုတ် မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြသည်။

ဖားစည်သံမှတစ်ဆင့် ကူးယူဖော်ပြသည်

ဆက်လက်ဖတ်ရှုမယ်...

About Me

ကျွှန်တော့်ကိုသူငယ်ချင်းတစ်ချို့က ဖထီး တစ်ချို့ကျပြန်တော့လည်း ကရင်လေးတဲ့..... အမည်ရင်းကတော့လူသိနည်းပါတယ်။ သူတို့တွေဘယ်လိုပဲခေါ်ခေါ် ကျောင်းသားဘဝတုန်းကတော့ ကရင်ပုဆိုးနဲ့ ကောင်ကလေးဆိုရင် သိသူများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ အားလုံးပဲကျွှန်တော့်ကို အညတရလို့ပဲ မှတ်ပါ။